HIV ကုသပျောက်ကင်းနိုင်ဖွယ်ရှိတဲ့ ဒုတိယမြောက် ရောဂါဝေဒနာရှင်

HIV ကုသပျောက်ကင်းနိုင်ဖွယ်ရှိတဲ့ ဒုတိယမြောက် ရောဂါဝေဒနာရှင်

ဘာလင်မြို့က HIV ပျောက်ကင်းပြီလို့ ယူဆရတဲ့ ပထမဆုံး လူနာအပြီးမှာ HIV-1 ရဲ့ ရောဂါလက္ခဏာတွေ ပျောက်ကွယ်နေတဲ့ အခြေအနေကို ကြုံတွေ့နေရတဲ့ ဒုတိယမြောက်လူနာပေါ်ထွက်လာပါပြီ။ တချို့ သိပ္ပံပညာရှင်တွေကတော့ လန်ဒန်မြို့က လူနာဟာ HIV ကူးစက်ခံရမှုကနေ ကုသနိုင်ပြီလို့ ယုံကြည်နေကြပါတယ်။

“Berlin Patient” လို့ လူသိများတဲ့ Case အပြီး နောက် ၁၀ နှစ်အကြာမှာ ပေါ်ထွက်လာတဲ့ Case Report တွေအရ လူနာနှစ်ယောက်လုံးဟာ Stem Cell Transplants လုပ်တဲ့နည်းနဲ့ ကုသခဲ့တာ ဖြစ်ပါတယ်။ Stem Cell တွေကို CCR5-delta 32 လို့ ခေါ်တဲ့ ရှားပါးတဲ့ Genetic Mutation ကို သယ်ဆောင်ထားတဲ့ အလှူရှင်တွေက ရရှိပြီး အဲဒါတွေက HIV ကို ခုခံနိုင်စွမ်းရှိစေပါတယ်။

လန်ဒန်က ဝေဒနာရှင်ဟာ ART ဆေးသောက်တာ ရပ်ပြီးတည်းက Remission အခြေအနေမှာ ရှိနေတာ ၁၈ လကြာရှိနေပြီ ဖြစ်ပါတယ်။Remission ဆိုတာ ရောဂါတစ်ခုရဲ့ ရောဂါလက္ခဏာတွေ ပျောက်ကွယ်လာတဲ့ အနေအထားဖြစ်ပြီး Remission ဟာ ယာယီအခြေအနေလည်း ဖြစ်နိုင်သလို အမြဲတမ်းလည်း ဖြစ်သွားနိုင်ပါတယ်။

University College London’s Division of Infection and Immunity က Professor တစ်ယောက်လည်း ဖြစ်၊ ဦးဆောင်လေ့လာသူတစ်ယောက်လည်း ဖြစ်တဲ့ Ravindra Gupta ကတော့ “ဒုတိယမြောက် လူနာဟာလည်း တူညီတဲ့ ချဉ်းကပ်ကုသမှုကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Gupta က “ဒီနည်းလမ်းဟာ ဝေဒနာရှင်အားလုံးအတွက်တော့ သင့်တော်မှာ မဟုတ်ပေမယ့် Gene Therapies အပါအဝင် ကုသမှုအသစ်မှုတွေအတွက် မျှော်လင့်ချက်ရှိလာပါတယ်” လို့ ဖြည့်စွက်ပြောခဲ့ပါတယ်။ သူနဲ့ သူ့ရဲ့ လုပ်ဖော်ကိ်ုင်ဘက်တွေဟာ လူနာရဲ့ အခြေအနေကို ဆက်ပြီး စောင့်ကြည့်ရဦးမှာ ဖြစ်ပြီး HIV ကုသနိုင်ပြီလို့ ယတိပြတ်ပြောဖို့ အရမ်းကို စောပါသေးတယ်။

နှစ်တိုင်း လူပေါင်း ၁ သန်းနီးပါးဟာ HIV နဲ့ ဆက်စပ်တဲ့ ရောဂါတွေနဲ့ သေဆုံးနေကြရပါတယ်။ လက်ရှိ HIV ကုသမှုတွေဟာ Virus ကို ထိန်းထားနိုင်တဲ့ ART  ကုသမှုကို ယူရပြီး တစ်သက်လုံး ART ဆေးတွေကို သောက်နေရမှာ ဖြစ်ပါတယ်။

လန်ဒန်မြို့က Gupta ရဲ့ လူနာဟာ ၂၀၀၃ ခုနှစ်မှာ HIV ပိုးတွေ့ရှိရပြီး  ၂၀၁၂ မှာ ART ကုထုံးယူခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Hodgkin’s lymphoma ရောဂါတွေ့ရှိခဲ့ရပြီး Chemotherapy ခံယူခဲ့ရပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ Stem Cell Transplant ခံယူခဲ့တာ ဖြစ်ပါတယ်။

Berlin Patient လို့ သိကြတဲ့ Timothy Ray Brown ဟာ HIV ရှိခဲ့ဖူးသူဖြစ်ပြီး Myeloid Leukemia ရောဂါရှိတယ်လို့ ဖော်ထုတ်တွေ့ရှိရချိန်မှာ ART  ယူနေရသူဖြစ်ပါတယ်။ ရိုးတွင်းခြင်ဆီသစ်အစားထိုးကုသမှု နှစ်ခုလုပ်အပြီးမှာ Brown ဟာ HIV-1 Infection ကနေ ကုသနိုင်ပြီလို့ ယူဆခဲ့ကြပါတယ်။

နောက်ပိုင်းမှာ သိပ္ပံပညာရှင်တွေဟာ ဒီနည်းလမ်းကို အသုံးပြုပြီး ထပ်ကြိုးစားကြပေမယ့် Brown နဲ့ ဒီလန်ဒန်က အမည်ဖော်ပြမထားတဲ့လူနာ နှစ်ဦးပဲ အောင်မြင်ပါသေးတယ်။

University of California က ဆေးပညာသိပ္ပံပိုင်းဆိုင်ရာ တွဲဖက် Professor တစ်ယောက်ဖြစ်တဲ့ Dr. Timothy Henrich ကတော့ “ ကျွန်တော်ဟာ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်သလို အကောင်းမြင်ဝါဒီတစ်ဦးလည်း ဖြစ်ပါတယ်။ ကျွန်တော့်မှာ မျှော်လင့်ချက်ရှိပါတယ်။ HIV ရှိနေတဲ့ လူသားတွေကို ကုသနိုင်မယ့် ကုထုံးတစ်ခု ပေါ်လာနိုင်တယ်လို့ ယူဆပြီး ဒီလိုပေါ်လာဖို့ လုပ်စရာတွေတော့ အများကြီးကျန်ပါသေးတယ်” လို့ ကောက်ချက်ချခဲ့ပါတယ်။

Yoe Lu (Akhayar)
Source : CNN.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle