ဘဝမှာကိုယ်ဖြစ်ချင်တာတွေ ဖြစ်မလာတာအခါ ဒီအချက်တွေလုပ်ကြည့်ပါ

ဘဝမှာကိုယ်ဖြစ်ချင်တာတွေ ဖြစ်မလာတာအခါ ဒီအချက်တွေလုပ်ကြည့်ပါ

ကိုယ်ဖြစ်ချင်တာတွေမဖြစ်လာတဲ့အခါ  စိတ်တိုင်းကျဖြစ်မလာတဲ့ အခါ၊ စိတ်တွေ ကျဆင်းတာမျိုးတွေဖြစ်တတ်ပါတယ်။ကိုယ်လုပ်နေတဲ့ အလုပ်တွေကိုရပ်ပစ်လိုက်ချင်တာမျိုးတွေရှိပါတယ်။ဒီလိုမျိုးဆိုရင် ကိုယ့်ကိုကိုယ်မကျဆုံးအောင်ဘယ်လိုပြန်အားယူမလဲ ?
အနားယူလိုက်ပါ
အနားယူတယ်ဆိုတာက စိတ်ကိုလုံးဝအနားပေးတာမျိုးကိုပြောတာပါ။စိတ်ကို အနားပေးခြင်းက ကိုယ့်ရဲ့ ဘဝကိုအသစ်ကနေပြန်ပြီးတော့ စပြီးလုပ်သလိုမျိုးခံစားရမှာအမှန်ပါ။စိတ်ကိုအနားပေးတဲ့ လေ့ကျင့်ခန်းတွေအများကြီးရှိပါတယ်။ တရားထိုင်တာမျိုးတွေ၊ Yoga လုပ်တာမျိုးတွေလုပ်ပေးခြင်းကလည်း ကိုယ့်ရဲ့ စိတ်ကိုအနားပေးသလိုမျိုးလည်းဖြစ်စေပါတယ်။


မနက်စောစောထလမ်းလျှောက်ပါ
လမ်းလျှောက်ခြင်းက အကောင်းဆုံးလေ့ကျင့်ခန်းပါ။ မနက်စောစောလမ်းလျှောက်ခြင်းက နေ့သစ်တစ်နေ့တာကိုစဖို့ အင်အားတွေဖြစ်တဲ့အပြင် မနက်ပိုင်းရဲ့ သဘာဝရဲ့အေးချမ်းတဲ့ အရသာကိုခံစားမိစေမှာပါနော်။ စိတ်ကိုလည်းလျော့ချရာရောက်မှာပါ။


အစားအသောက်မှန်မှန်စားပါ
အစားအသောက်ကို အချိန်မှန်မှန်မစားခြင်းကလည်း ကိုယ့်ရဲ့ ကျန်းမာရေးကိုထိခိုက်လာနိုင်သလို၊ တစ်ဖက်မှာလည်း ကိုယ်လုပ်နေတဲ့ အလုပ်တွေကိုအားစိုက်ထုပ်ဖို့ အင်အားတွေလျော့ကျလာနိုင်ပါတယ်။ ကိုယ့်အလုပ်မှာဘယ်လောက်ပဲအဆင်ပြေမပြေ အစားကိုတော့ အချိန်မှန်မှန်စားပြီး လုပ်စရာရှိတာကိုတော့ လုပ်နေဖို့လိုပါတယ်။

Kelly - Akhayar Lifestyle

Photo Credit -Health tour