ကိုရိုနာဗိုင်းရပ်စ်ကိုကာကွယ်ရင်းဝိတ်ချမယ်

ကိုရိုနာဗိုင်းရပ်စ်ကိုကာကွယ်ရင်းဝိတ်ချမယ်

အိမ်မှာနေရတဲ့အချိန်တွေမှာ ကိုယ်ခံအားကောင်းအောင် အဟာရပြည့်ပြည့်၀၀ဖြစ်အောင်စားရင်းနဲ့ဝိတ်တွေတက်မှာလည်းစိုးရိမ်နေကြတယ်ဟုတ်။အဲ့တော့စိတ်မပူကြနဲ့တော့ အိမ်ထမင်းအိမ်ဟင်းနဲ့ပေါ့ပေါ့ပါးပါးလည်းဖြစ်မယ် အာဟာရလည်းပြည့်တယ်ဆိုတဲ့ဝိတ်ချနည်းလေးတွေရောမသိချင်ဘူးလား။လူကြီးတွေအတွက်လည်းလိုက်လုပ်ရတာလွယ်ကူပြီး၊ အချက် ၅ ချက်ကိုပဲလုပ်ရမှာမို့တကယ်ကိုထိရောက်လို့အပျင်းတော့မကြီးကြနဲ့နော်။

ရေများများသောက်ပါ
ရေများများသောက်ပေးခြင်းကဝိတ်ကျရုံတင်မဟုတ်ပဲခန္ဓာကိုယ်ရှိမလိုအပ်တဲ့အဆိပ်တောက်တွေကိုပါဖယ်ရှားပေးနိုင်ပါတယ်။ဒါကြောင့်မို့ အိပ်ရာထ မျက်နှာမသစ်မီရေသောက်ပါ။(၄ခွက်)ထိသောက်ပေးသင့်ပါတယ်။အစားမစားမီ ၊ထမင်းမစားမီရေအဝသောက်ပေးပါ။ရေသောက်လိုက်ခြင်းအားဖြင့် အစာစားချင်စိတ်ကိုလျော့နည်းစေပါတယ်။ပိုထိရောက်ချင်ရင်တော့ရိုးရိုးသောက်တဲ့ရေထဲမှာ သခွားသီး၊ပူစီနံလေးထည့်ပြီးသောက်ရင်ပိုကောင်းပါတယ်။

Photo Credit-Azernews

ငှက်ပျောသီးစားပေးပါ
ငှက်ပျော်သီးနဲ့ဝိတ်ချတဲ့နည်းဟာ (၂၀၀၈ခုနှစ်)လောက်ကတည်းကဂျပန်နိုင်ငံကအမျိုးသမီးတစ်ဦးစတင်တွေရှိပြီးအသုံးချခဲ့တဲ့ Diet နည်းလေးတစ်ခုပါ။ထမင်းမစားခင်နဲ့စားပြီးတိုင်း Snack အနေနဲ့ငှက်ပျောသီးစားပေးလို့ရပြီး ည ၈နာရီနောက်ပိုင်းတော့ဘာမှမစားတာအကောင်းဆုံးပေါ့နော်။

Photo Credit-Todayshow

မုန်လာဥနီဖျော်ရည်သောက်ပါ
မုန့်လာဥနီကိုကြိတ်ပြီးဖျော်ရည်လိုသောက်ပေးတာက ဝိတ်ချတဲ့နည်းလမ်းရဲ့ရလဒ်ကိုအထိရောက်ဆုံးဖြစ်စေပါတယ်။ဒီနည်းလမ်းလေးက စစချင်းသောက်ရင်တော့နည်းနည်းလေးအနံ့ပြင်းပေမယ့်၊ကျင့်သားရသွားရင်လည်းဖျောက်ရခက်ပါတယ်။နေ့တိုင်းသောက်ပေးရင်တော့အသားအရေအတွက်လည်းကောင်းပါတယ်။တကယ်လို့ကိုယ်ကတစ်ခါမှမသောက်ဖူးတဲ့သူတစ်ယောက်ဆိုရင် တစ်ပတ်မှာ ၃ရက်လောက်သောက်ပေးသင့်ပါတယ်နော်။

Photo Credit-Chicken Braised

ဓာတ်ပြည့်ဝအောင်စားပါ
ကိုယ့်ရဲ့တစ်နေ့တာစားသုံးတဲ့အစားစာတွေကိုဓာတ်ပြည့်ဝအောင်စားပေးဖို့လိုပါတယ်။ထမင်းပန်းကန်ထဲမှာ အသားတစ်မျိုး၊အရွက်တစ်မျိုး၊စသည်ဖြင့်ပေ့ါနော်အာဟာရပြည့်ဝအောင်လည်းစားပေးသင့်ပါတယ်။ဝိတ်အရမ်းတက်လာလို့လုံးဝမစားတော့တာမျိုးမလုပ်ပါနဲ့။ရေရှည်မှာကျန်းမာရေးအတွက်မကောင်းနိုင်ပါဘူး။

Photo Credit-My nourished home

အိပ်ရေး၀၀အိပ်ပါ
ကောင်းစွာအိပ်စက်ခြင်းကလည်း ဝိတ်ကျစေပါတယ်။တနည်းအားဖြင့်ပြောရရင် စိုးရိမ်ပူပန်မှုတွေမတွေးပဲအိပ်ခြင်းပါ။ကျန်းမာရေးအတွက်ဆိုရင် ညဘက်မှာအိပ်ရေး၀၀အိပ်သင့်ပါတယ်။ညပိုင်း ပျက်သွားတဲ့အိပ်ရေးဟာ နေ့ခင်းအိပ်တာနဲ့ပြန်အစားထိုးလို့မရပါဘူးနော်။ညဘက်အိပ်မပျော်တဲ့အခါမှာဗိုက်ဆာတတ်ပါတယ်။အဲ့ဒီအချိန်မှာလွယ်လွယ်ရတဲ့သရေစာအချိုရည်တွေကြောင့်လဲဝိတ်ပိုတက်စေပါတယ်။ဒါကြောင့်လူလည်းလှကျန်းမာရေးအတွက်လဲအပိုငွေမကုန်အောင်အိပ်ရေး၀၀အိပ်ပေးသင့်တယ်နော်။

Photo Credit-Daily star

Kelly (Akhayar Lifestyle)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ