ချစ်သူစုံတွဲလေးတွေတိုင်း အချစ်သစ်တစ်ဖန်မွေးဖွားဖို့ရာ

ချစ်သူစုံတွဲလေးတွေတိုင်း အချစ်သစ်တစ်ဖန်မွေးဖွားဖို့ရာ

လူတိုင်း ဘဝမှာတော့ အချစ်နဲ့ ကင်းနိုင်တယ်လို့ကို မရှိပါဘူး။ တစ်ခုမဟုတ် တစ်ခုကို အမြဲတမ်းချစ်နေရတာချည်းပါပဲ။ မိဘတွေကိုပဲဖြစ်ဖြစ်၊ သားသမီးတွေကိုပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် သူငယ်ချင်းတွေကိုပဲ ဖြစ်ဖြစ်ပေါ့။ တစ်ခါတလေ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေကို ချစ်ရတာ လွယ်ကူသလိုရှိပေမယ့်လည်း ၁၅၀၀ မေတ္တာနဲ့ ချစ်ရတဲ့ချစ်သူကိုတော့ တစ်ခါတလေ ချစ်ရတာ ခက်ခဲတတ်ပါတယ်။ အချစ်တွေ လျော့သွားမှာကြောက်ရ၊ ကိုယ့်ရဲ့ ချစ်သူက ပျင်းရိသွားမှာကြောက်ရနဲ့ ချစ်ရတာ စိတ်မောလိုက်တာ။ ဒါကြောင့် စိတ်မောနေတဲ့သူတွေအတွက် ချစ်သူနှစ်ဦးကြား အချိန်တွေကြာလာတာနဲ့အမျှ အချစ်သစ်တစ်ဖန်ပြန်မွေးဖွားနိုင်ဖို့အတွက် ပြောင်းလဲကြိုးစားပြီး လုပ်ကြည့်သင့်တဲ့အရာတွေရှိပါတယ်။


နေရာသစ်မှာပြောင်းလဲစားသောက်ကြည့်ပါ

ညနေရုံးဆင်းလို့ တစ်ခုခုသွားစားတိုင်းမှာ ရောက်နေကျ၊ ထိုင်နေကျဆိုင်မှာပဲ မက်မက်မောမောထိုင်လာတာ တစ်နှစ်လောက်ရှိနေပြီလား။ အဲဒါ ကောင်းတဲ့အရာတော့မဟုတ်ပါဘူး။ ဒီအစားအသောက်တွေ၊ ဒီရှုခင်းတွေနဲ့ ဒီနေရာထိုင်ခင်းတွေနဲ့ အသားကျသွားတာဟာ တဖြည်းဖြည်းပျင်းရိလာစေပါတယ်။ ဒီတော့ နှစ်လတစ်ခါလောက် နေရာသစ်မှာ ပြောင်းလဲစားသောက်ကြည့်ပါ။ လမ်းဘေးဆိုင်လေးတွေကနေစလို့ Fine Dining အထိ နေရာစုံမှာ ပြောင်းလဲပြီး Date ကြည့်သင့်ပါတယ်။


မြို့အပြင်ကို ထွက်ပြေးပါ

ထွက်ပြေးပါဆိုလို့ မလန့်သွားပါနဲ့။ ဒါပေမယ့် တကယ်ထွက်ပြေးသင့်တာပါ။ ဒီမနက်၊ ဒီညနေတွေချည်းမှာပဲ တစ်နေ့တစ်နေ့ ဖြတ်သန်းနေတာဟာ ကြာလာတော့ ငြီးငွေ့စရာကောင်းလာပါတယ်။ တစ်ခါတလေ ငြီးငွေ့လာတာက အသားကျနေတဲ့ နေ့စဉ်ဘဝကိုပါ။ ဒါကို အချစ်အပေါ် ငြီးငွေ့လာတယ်လို့ အထင်မှားတတ်လာကြပါတယ်။ ဒီတော့ မြို့ပြင်ကို ထွက်ပြေးပါ။ မမြင်ဖူး၊ မတွေ့ဖူးတဲ့ လူတွေ၊ နေရာဒေသတွေနဲ့ အသစ်အသစ်သောအရာတွေကို အတူတူ မြည်းစမ်းကြည့်ပါ။


ပျော်စရာအချိန်တွေ ဖန်တီးပါ

အိမ်ပြန်ရောက်တာနဲ့ ထမင်းဟင်းချက်၊ လုပ်စရာရှိတာလုပ်ပြီး ညဘက်အနားယူတဲ့ ပုံမှန်အချိန်ဇယားတွေထဲမှာ တစ်ခါတလေ Happy Hour ထည့်ဖို့ မမေ့ပါနဲ့။ ရုံးကနေ စောစောခိုးပြန်လာပြီး ရုံးရှေ့မှာသွားကြို၊ စားစရာဝယ်ကျွေးတာမျိုး။ အိမ်မှာ သူ့အတွက် Surprise ညစာလေးစီစဉ်ပေးပြီး သူ့ကိုပြန်လာစေတာမျိုးလေးတွေပေါ့။


လိုအပ်တဲ့လက်ဆောင်ပေးပါ

လက်ဆောင်ပေးတယ်ဆိုတာ မွေးနေ့မှ၊ နှစ်ပတ်လည်နေ့မှ မဟုတ်ပါဘူး။ သူ့ရဲ့ ခြေအိတ်လေးတွေ ပေါက်ပြဲနေတာတွေ့ရင် သူမသိအောင် ခြေအိတ်လေးတွေဝယ်ထားပြီး လက်ဆောင်ပေးတာမျိုး၊ သူလိုချင်လို့ ခဏခဏကြည့်နေတဲ့ဖိနပ်လေးကို ခိုးဝယ်ပြီး ဖိနပ်စင်မှာ တင်ထားပေးတာမျိုးစတဲ့ ဈေးမကြီးတာကနေစပြီး ဈေးကြီးတာတွေအထိ သူကြိုက်တယ်ဆို ကိုယ်တတ်နိုင်သလောက် လိုအပ်တဲ့လက်ဆောင်လေးတွေ စီစဉ်ပေးပါ။

Staycation သွားပါ

တချို့စုံတွဲတွေဟာ မိဘတွေနဲ့ အတူတူနေတဲ့အခါမျိုး၊ သားသမီးတွေရလာတဲ့အခါမျိုးမှာ မလွတ်လပ်တဲ့ပတ်ဝန်းကျင်အခြေအနေကြောင့် တစ်ယောက်အပေါ်တစ်ယောက် ချစ်ခင်ယုယဖို့၊ ချစ်တင်းနှောဖို့ မေ့နေတတ်ပါတယ်။ ဒါကြောင့် Staycation ထွက်ပြီး တစ်ယောက်နဲ့တစ်ယောက် ပြန်ဂရုစိုက်ပေးပါ။ ပြန်လည်ကြင်နာနွေးထွေးပေးပါ။ အချစ်တွေကို ပြန်လည်နွေးကြပါနော်။


Love Note လေးတွေမျှဝေပါ

တစ်ခါတလေ ကိုယ်က ချစ်ပေမယ့် ကိုယ်ချစ်တာကို ထုတ်ဖော်မပြသတတ်တာက အားနည်းချက်ဖြစ်နေတတ်ပါတယ်။ ဘယ်လိုလဲဆိုတော့ မနက်တိုင်း သွားတိုက်ဆေးကတော့ ထည့်ပေးနေတာပဲ။ ဒါပေမယ့် ထည့်ပေးနေတာချင်းအတူတူ “အချစ်အတွက် သွားတိုက်ဖို့” ဆိုတဲ့ စာသားလေးကို ရေးပြီးကပ်ထားပေးလိုက်မယ်ဆိုရင် သူ ပိုရင်ခုန်ပျော်ရွှင်သွားမှာလေ။ ဟုတ်တယ်ဟုတ်။ ချစ်တာကို ပြတတ်ဖို့၊ လုပ်ပေးသမျှ အရာပိုရောက်အောင် Love Note လေးတွေ တစ်ယောက်နဲ့ တစ်ယောက် ရေးပေးကြည့်ပါ။


အချိန်ပေးပြီး စကားပြောပါ

ဘယ်လောက်အလုပ်များတဲ့လူပဲဖြစ်ဖြစ် နည်းနည်းလေးတော့ အချိန်ပေးနိုင်ပါတယ်။ မညာပါနဲ့။ မရှိရှိတဲ့အချိန်လေးထဲက မနက်စောစောထပြီး ချစ်ရသူနဲ့ ကားအတူတူလိုက်စီးပေးရင်း စကားပြောပါ။ သူ ပြောချင်နေတာတွေရှိလား၊ ဒါမှမဟုတ် သူနားထောင်ချင်နေတာတွေရှိလား။ ဒါတွေကို ကြိုးစားပြီး ပြောပြပါ။ နားထောင်ပါ။


အချစ်တွေကို ပြန်နွှေးရတယ်ဆိုတာ အေးစက်သွားလို့ပါ။ အစောကြီးကတည်းက အေးစက်သွားအောင် မနေခဲ့ဘူးဆိုရင် ပြန်ေွှနးစရာတောင် လိုမယ် မထင်ပါဘူး။ ဒီတော့ အချစ်တွေကို အေးစက်မသွားအောင် ကြိုးစားပါ။ အေးစက်သွားပြီဆိုလည်း ပြန်လည်နွေးထွေးအောင် ကြိုးစားပါ။ ချစ်တဲ့သူတိုင်း စိတ်ချမ်းသာပျော်ရွှင်ကြပါစေ။

(Photo Credit)

Moethaesay (Akhayar)

www.akhayarmedia.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle