အချစ်ကြီးတဲ့သူကဘာလို့ပိုခံစားရတာလဲ
လူတိုင်းလူတိုင်းမှာကိုယ်အရမ်းချစ်၊မြတ်နိုးထားရတဲ့သူတွေကရှိစမြဲပါနော်။အဲ့ဒီအထဲမှာအရမ်းချစ်ပြီး အရမ်းအနစ်နာခံတတ်ရင်လည်းတစ်ပါးသူကကိုယ့်ကို တန်းဖို့ထားတတ်မှာမဟုတ်တော့ဘူးနော်။ဘာလို့လဲဆိုတော့ သူကကိုယ့်အပေါ်မှာအရမ်းချစ်ပြီး အနစ်နာခံနိုင်တယ်ဆိုတာသူကသိနေလို့ပါ။အဲ့ဒါကပေးဆပ်ခြင်းလို့ပြောလို့ရပေမဲ့ ပေးဆပ်နေရတဲ့သူကအမြဲတမ်းဆိုရင် စိတ်ပျက်လာမိမှာအမှန်ပါနော်။ငါကအချစ်ကြီးလို့တစ်ယူသန်နေတာထက်ဆိုရင် နားလည်ခွင့်လွှတ်ပြီး ပုံမံအတိုင်းသံယောဇဉ်ထားနိုင်ရင်တော့အကောင်းဆုံးပေါ့နော်။အရမ်းချစ်ရင် အရမ်းခံစားရတယ်ဆိုတာတကယ်လက်ခံလို့ရပါနော်။
Relationship တစ်ခုမှာတစ်ဖက်သပ်အရမ်းဖိအားပေးများနေရင်လည်းမကောင်းပြန်ဘူး၊အချစ်ကြီးခြင်းရဲ့နောက်ကွယ်မှာ ဘာတွေဆက်ဖြစ်လာနိုင်လဲ ? အရမ်းချစ်တဲ့သူကပိုပေးဆပ်ရတော့ ကိုယ်ချစ်ရတဲ့သူကတစ်ခြားသူတစ်ယောက်နဲ့ ရောရောနှောနှောနေတာမျိုးတို့၊ကိုယ်မသိပဲနဲ့တစ်ခုခု လုပ်လိုက်တာမျိုးတို့၊ကိုယ့်မသိပဲနဲ့ တစ်နေရာခိုးသွားတာမျိုးဆိုရင် တစ်ပါးသူဘက်ကလည်းစိတ်ရှပ်သလို ပိုချစ်တဲ့သူကလည်းအမြဲပူလောင်နေရတတ်ပါတယ်နော်။အဲ့တော့တစ်ယောက်နဲ့တစ်ယောက်လိုတာထက်ပိုပြီးချည်နှောင်တာမျိုးမဟုတ်ပဲနဲ့ ပေါ့ပေါ့ပါးပါးနဲ့ချစ်နိုင်ကြပါစေနေုာ်။
Kelly -Akhayar Lifestyle
Photo Credit - Unsplash