အချစ်တတ်ဆုံးသော နှလုံးသားရှိကြတဲ့ ရာသီခွင်များ

အချစ်တတ်ဆုံးသော နှလုံးသားရှိကြတဲ့ ရာသီခွင်များ

အခုဖော်ပြပေးမဲ့ ရာသီခွင်တွေက အရမ်းချစ်တတ်ကြတဲ့ နှလုံးသားပိုင်ရှင်တွေဖြစ်ကြပြီး သူတို့ချစ်ရတဲ့သူတွေအပေါ်မှာလည်း အစွဲအလမ်းကြီးကြတဲ့သူတွေပါ။ ဒီလိုမျိုး အချစ်ကြီးတဲ့ သူတွေဖြစ်တဲ့အလျှောက် ခံစားလွယ်ကြပါတယ်၊ ကိုယ်ချစ်တဲ့သူတွေဆီက မျှော်လင့်မထားတဲ့တုန့်ပြန်မှုတွေရလာမှာကိုလည်းကြောက်တတ်ကြပါတယ်။ ဘယ်လိုရာသီခွင်တွေလဲဆိုတော့ ...

  1. Gemini (May 21st - June 20th)

ရာသီခွင်တွေအားလုံးထဲမှာ ခြွင်းချက်မရှိ အချစ်ကြီးတဲ့ နှလုံးသားပိုင်ရှင်တွေပဲဖြစ်ပြီး လူတစ်ယောက်အ ပေါ်ချစ်ရမှာ၊ ခင်ရမှာ ဝန်မလေးတဲ့ သူတွေဖြစ်ပါတယ်။ Gemini တွေက ကိုယ်ချစ်ရတဲ့ မိသားစု၊ သူငယ်ချင်းနဲ့ ချစ်သူရည်းစား ရဲ့ အခက်အခဲတွေအတွက်လည်း အမြဲကူညီဖြေရှင်းဖို့အသင့်ရှိနေတတ်ပြီး လိုအပ်သမျှဖြည့်ဆည်းပေးချင်တဲ့စိတ် အမြဲတမ်းရှိတဲ့သူတွေပါ။သူတို့ရဲ့ အချိန်တွေကို သူတို့ဘဝအတွက် အရေးကြီးတဲ့သူတွေကိုပေးဖို့ဝန်မလေးပါဘူး။  Romatic ဆန်တဲ့သူတွေဖြစ်ပြီး စိတ်ကူးစိတ်သန်းကောင်းတဲ့သူတွေလည်းဖြစ်ပါတယ်။ ကိုယ့် လက်တွဲဖော်အတွက် အမြဲတမ်းအကောင်းဆုံးကို စဉ်းစားပေးတတ်ပြီး တစ်ဘဝလုံးပျော်အောင်ထားမဲ့သူတွေပါ။

2.  Cancer (June 21st - July 22nd)

Cancer Zodiac ကတော့ အချစ်ကြီးကြတယ်ဆိုပေမဲ့ ဦးနှောက်နဲ့ချစ်ကြတဲ့သူတွေပါ။ Caner တွေကအချစ်ကြီးကြတဲ့သူတွေဖြစ်တဲ့အလျှောက်ဆုံးရှုံးရမှာကြောက်တဲ့အတွက် ဘဝထဲကို လူအများကြီးလက်ခံလေ့မရှိပါဘူး။ သူတို့ဘဝထဲကို ဝင်ရောက်ခွင့်ရတဲ့သူတွေက သူတို့ဘ၀ အတွက် အရေးပါတဲ့သူတွေလို့သတ်မှတ်ခံရသူတွေဖြစ်ပြီး အကြွင်းမဲ့ တန်ဖိုးထားခံရမဲ့သူများပဲဖြစ်ပါတယ်။ ဘယ်လိုတောင်အချစ်ကြီးလဲဆို Caner တွေက ထားခဲ့ခံရတဲ့ အခြေအနေကိုသာရွေးချယ်တတ်ကြပါတယ်။ ဆုံးရှုံးရမှာကြောက်တဲ့သူတွေဖြစ်လို့ သူတို့အချစ်တွေကို ထုတ်မပြတတ်ကြပါဘူး။ သူတို့ရဲ့ချစ်ခြင်းကို တန်ဖိုးထားခြင်းနဲ့သာဖော်ပြတတ်ကြပါတယ်။

3.  Libra (September 23rd - October 22nd)

စန်းအလွန်ကောင်းတဲ့ သူတွေပဲဖြစ်ပါတယ်။ ပျော်ပျော်နေတတ်ကြပြီး ပွင့်ပွင့်လင်းလင်းရှိကြတဲ့အတွက် လူချစ်လူခင်လည်းပေါပါတယ်။ Libra တွေချစ်ကြတဲ့အခါမှာလည်း ဟန်ဆောင်မှုကင်းတဲ့ အချစ်နဲ့ပဲ relationship ကိုတည်ဆောက်ကြပါတယ်။ Libra တွေက ဆွဲဆောင်မှုရှိတဲ့ သူတွေဖြစ်ကြတဲ့ အတွက် သူတို့ အကြောင်းကို စိတ်ဝင်စားပြီးရင်းနှီးချင်တဲ့သူတွေလည်းများပါတယ်။ ဒီတော့Libra Zodiac ပိုင်ရှင်တွေနဲ့ တွေ့ရင် သတိထားပေတော့။ ကိုယ်မသိလိုက်တဲ့အချိန်အတွင်းမှာတင် ကိုယ့်ရဲ့မသိစိတ်က စိတ်ဝင်စားသွားတတ်ပါတယ်နော်။

4.  Virgo (August 23rd - September 22nd)
စတုတ္ထ Zodiac က caretaker ဖြစ်တဲ့ Virgo တွေပဲဖြစ်ပါတယ်။ ပေးဆပ်ခြင်းနဲ့ ချစ်တဲ့ နှလုံးသားပိုင်ရှင်တွေပဲဖြစ်ပါတယ်။ Virgo တွေက သူတို့ရဲ့ အချစ်တွေကို အသေးအဖွဲလေးက အစ ဂရုစိုက်ခြင်းဖြင့်ဖော်ပြတတ်ကြပါတယ်။ တစ်ခါတစ်ရံမှာ အရမ်းပေးဆပ်ပြီး ဂရုစိုက်တတ်တာကြောင့် ချုပ်ချယ်သလိုဖြစ်နေတတ်ပါတယ်။ လေးနက်တဲ့ အချစ်နဲ့ ချစ်တတ်ကြပြီး သူတို့အတွက်အရေးပါတဲ့သူတွေအားလုံးကိုရှေ့တန်းတင်ထားကြတဲ့သူတွေပါ။ သင်ကVirgo born ချစ်သူတစ်ယောက်ကိုပိုင်ဆိုင်ထားရပြီဆိုရင် သူတို့ဂရုစိုက်သလို ပြန်ဂရုစိုက်ပေးဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အချစ်ခံ၊ဂရုစိုက်ခံရတာကို ကြိုက်ပေမဲ့ ထုတ်ပြောလေ့မရှိတဲ့သူတွေဖြစ်နေလို့ပါပဲ။

Mavvy

Ref: www.revivezone.com

Photos Crd : pixabay

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle