ကံကောင်းမှုတွေ ယူဆောင်ပေးနိုင်တယ်လို့ ယူဆထားတဲ့ အဆောင်ပစ္စည်းများ

ကံကောင်းမှုတွေ ယူဆောင်ပေးနိုင်တယ်လို့ ယူဆထားတဲ့ အဆောင်ပစ္စည်းများ

ကံဆိုတာ လူကလုပ်တာလို့ ပြောကြတယ်။ တချို့ကျပြန်တော့လည်း ကံဆိုတာ ဘုရားကထိန်းချုပ်တယ်လို့ ထင်ကြတယ်။ ဘယ်လိုနေနေ လူတိုင်းမှာ ကံနဲ့ပတ်သက်ပြီး ယုံကြည်မှုအမျိုးမျိုးရှိကြတယ်။ ကံကိုယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ နေရာတိုင်းမှာ ကံကောင်းစေနိုင်တယ်လို့ ယူဆပြီးလက်ခံထားတဲ့ အဆောင်ပစ္စည်းတွေရှိပါတယ်။ တချို့တွေဆိုရင် ဒီအဆောင်ပစ္စည်းလေးတွေကို ကိုယ်နဲ့မကွာဆောင်ထားတာ ၊ အိမ်မှာထားထားတာတွေ လုပ်လေ့ရှိတယ်။ ကံကောင်းခြင်းတွေကို တကယ်ယူဆောင်ပေးနိုင်တယ် ၊ မပေးနိုင်ဘူးဆိုတာတော့ ယုံကြည်ချက်ပေါ်မှာပဲ ပြောင်းလဲသွားပါလိမ့်မယ်။ ဒီတော့ လူတွေဆောင်ထားတတ်တဲ့ အဆောင်ပစ္စည်းလေးတွေက ဘာတွေဖြစ်မလဲ။

အရွက်လေးရွက်ပါတဲ့ Clover အရွက်

Four-Leaf Clovers အဆောင်ပစ္စည်းလေးတွေက ကံကောင်းစေတယ်ဆိုတဲ့ အယူအဆက ရှေးဟောင်းအိုင်ရစ်လူမျိုးတွေရဲ့ ယုံကြည်ချက်ဖြစ်ပါတယ်။ Celt လို့ခေါ်တဲ့ လူမျိုးစုတွေက ဒီအရွက်လေးရွက်ပါတဲ့ Clover လေးဟာ နတ်သူငယ်လေးတွေကို မြင်နိုင်အောင်လုပ်ပေးနိုင်ပြီး နတ်သူငယ်လေးတွေပြုစားတဲ့ရန်ကနေ ရှောင်နိုင်အောင် ကူညီပေးနိုင်တယ်လို့ ယူဆကြတယ်။ နတ်သူငယ်ပြုစားတယ်ဆိုတာ သူတို့အတွက်တော့ ကံဆိုးခြင်းလို့ သိကြတယ်။ ဒီအရွက်လေးရွက်ပါတဲ့ Clover တွေက ယုံကြည်ခြင်း ၊ မျှော်လင့်ချက် ၊ မေတ္တာနဲ့ ကံကောင်းခြင်းတွေကို ကိုယ်စားပြုတဲ့မှော်စွမ်းအင်တွေရှိတယ်လို့ ယုံကြည်ထားကြတယ်။

အရွက်လေးရွက်ရှိတဲ့ Clover တွေကလည်း အမျိုးအစားအများကြီးရှိပါတယ်။ ဒါပေမယ့် ကံကောင်းခြင်းကို ယူဆောင်ပေးနိုင်တဲ့ Clover အရွက် အဖြူရောင် Clover အပင်ကအရွက်ဖြစ်တယ်။ သူတို့ကို Trifolium Repens လို့လည်းခေါ်ကြတယ်။ ကံကောင်းခြင်းကို ယူဆောင်ပေးနိုင်တဲ့ Clover အရွက်တွေက အင်မတန်ရှားပါးလွန်းတယ်။ တစ်ကမ္ဘာလုံးမှာ အပင် ၁ သောင်းပဲရှိတယ်လို့တောင် ပြောကြတယ်။ တကယ်လို့ သင့်မှာ Clover အရွက်လေးရှိခဲ့မယ်ဆိုရင် သေသေချာချာပြန်ကြည့်ကြည့်ပါ။ ၄ ရွက်ထဲက ၁ ရွက်က ကျန်တဲ့အရွက်တွေထက် နည်းနည်းလေးသေးငယ်မှုရှိမနေဘဲ အရွက်အားလုံးက အရွယ်အစားအတူတူဖြစ်နေမယ်ဆိုရင် ကံကောင်းစေနိုင်တဲ့ Clover ရွက်အစစ်မဟုတ်ပါဘူး။

ကံကောင်းစေတဲ့မြင်းသံခွာ

မြင်းသံခွာတွေက ကံကောင်းစေတဲ့အဆောင်ပစ္စည်းလို့ ယူဆကြတဲ့ အယူသည်းမှုတွေထဲမှာ နာမည်အကြီးဆုံးထဲက တစ်ခုဖြစ်ပါတယ်။ သူတို့ကိုကံကောင်းစေတယ်လို့ လက်ခံတဲ့ဒဏ္ဍာရီတွေကလည်း အများကြီးပါပဲ။ ဒီဒဏ္ဍာရီတွေထဲကတစ်ခုက ဘာလဲဆိုတော့ သူတို့တွေကိုသံနဲ့လုပ်တာမို့လို့ ဖြစ်တယ်တဲ့။ ကောက်ကျစ်တတ်တဲ့နတ်သူငယ်တွေက သံနဲ့ထိတာကိုမခံစားနိုင်ပါဘူး။ ဒါကြောင့်မြင်းသံခွာရှိတဲ့ အိမ်တွေကိုဆိုရင် ဒီနတ်သူငယ်တွေက ရှောင်ကွင်းပြီးတော့ သွားကြတယ်။

နောက်ထပ်ဒဏ္ဍာရီတစ်ခုကတော့ အေဒီ ၉၈၈မှာ သေဆုံးသွားခဲ့တဲ့ သမိုင်းထဲကအထင်ကရပုဂ္ဂိုလ် စိန့်ဒန်စတန်နဲ့ပတ်သက်တဲ့ ဒဏ္ဍာရီပါ။ ဒဏ္ဍာရီရဲ့အဆိုအရတော့ ပန်းပဲသမားတစ်ယောက်ဖြစ်တဲ့ စိန့်ဒန်စတန်ကို မကောင်းဆိုးဝါးက သူ့မြင်းအတွက် သံခွာတပ်ပေးဖို့ အမိန့်ပေးခဲ့တယ်။ ဒါပေမယ့် ဒန်စတန်မကောင်းဆိုးဝါးရဲ့မြင်းမှာ သံခွာမရိုက်ဘဲနဲ့ မကောင်းဆိုးဝါးရဲ့ခြေထောက်မှာ မြင်းသံခွာကိုတပ်ပေးလိုက်တယ်။ မကောင်းဆိုးဝါးကြီး နာကျင်မှုဒဏ်ခံစားနေရတာကိုမရပ်ပေးဘဲ သံခွာကိုတပ်မြဲတပ်ထားခဲ့တယ်။ ဒီမြင်းသံခွာကို မကောင်းဆိုးဝါးခြေထောက်ကနေချွတ်ပေးလိုက်တဲ့အချိန်က တံခါးမှာမြင်းသံခွာတပ်ထားတဲ့ဘယ်အိမ်ကိုမဆိုမဝင်ပါဘူးလို့ မကောင်းဆိုးဝါးက ကတိပေးလိုက်တဲ့အချိန်မှဖြစ်တယ်။

Ladybug လို့ခေါ်တဲ့ ပိုးတောင်မာလေးတွေ

Ladybug တွေက ကံကောင်းစေတယ်လို့ ရိုးရာတော်တော်များများက ယူဆကြပါတယ်။ သူတို့ကို “Lucky Bug” လို့တောင်ခေါ်ကြတယ်။ ဒါပေမယ့် စဉ်းစားစရာပဲနော်။ ပိုးတောင်မာတစ်ကောင်က ကံကောင်းခြင်းကို ဘယ်လိုယူဆောင်လာပေးနိုင်မှာလဲလို့။ တချို့ရိုးရာအပြောအရဆိုရင် Ladybug တစ်ကောင် ကိုယ့်ပေါ်လာနားရင် မခါချရဘူးတဲ့။ ဒါမှကိုယ့်ရဲ့ကံမြင့်မယ်လို့ပြောကြတယ်။ တချို့ကျပြန်တော့လည်း Ladybug တစ်ကောင်ကို ကောင်မလေးတစ်ယောက်နဲ့ ကောင်လေးတစ်ယောက် တပြိုင်တည်းမြင်ရင် ချစ်မိသွားကြတယ်တဲ့။ နွေဦးမှာ Ladybug တွေအများကြီးတွေ့ရင် လယ်ယာတွေဖြစ်ထွန်းတယ်လို့ ပြောကြသေးတယ်။ ဒါတောင် Ladybug တွေမှာ ကံကောင်းခြင်းကို ယူဆောင်ပေးနိုင်တဲ့အဆင့်တွေရှိသေးတယ်နော်။ အနီရောင်ပိုရင့်ပြီးအပြောက်တွေပိုများလေ ကံကောင်းခြင်းကို ပိုပြီးယူဆောင်ပေးနိုင်လေပဲတဲ့။

ကံကောင်းစေတဲ့ ယုန်ခြေထောက်

ယုန်ခြေထောက်က ကံကောင်းစေတယ်ဆိုတာကို ရုပ်ရှင်ကားတွေမှာလည်း ပုံဖော်ပြကြတယ်။ ယုန်ခြေထောက် Keychain လေးတွေကိုဆို ကံကောင်းစေတဲ့အဆောင်အဖြစ် ဆောင်တတ်ကြတယ်လေ။ ဒါပေမယ့် သူ့ရဲ့ရိုးရာက Hoodoo Magic ကနေလာတယ်ဆိုတာသိလား။ မူရင်းရာဇဝင်ကတော့ သုသာန်မှာညဘက်ဖမ်းမိတဲ့ ယုန်ရဲ့ဘယ်ဘက်နောက်ခြေထောက်က မကောင်းတဲ့မှော်အတတ်တွေကနေ ကာကွယ်ပေးတယ်တဲ့။

ကံကောင်းစေတဲ့အဆောင်အဖြစ် ယူဆခံရတဲ့တိရစ္ဆာန်က ယုန်တစ်ကောင်ထဲမဟုတ်ဘူးနော်။ ရွှေငါးတွေဆိုရင် ကံကောင်းခြင်းနဲ့ ကြွယ်ဝခြင်းကို ယူဆောင်ပေးနိုင်တယ်လို့ ယူဆခံရတယ်။ ဒါ့အပြင် နဂါးတွေနဲ့မြင်းတွေကလည်း ကံကောင်းစေတယ်လို့ ပြောတယ်။ ဂျာမနီမှာဆိုရင် Lucky Pig တွေဆိုပြီးရှိတယ်။ လိပ်တွေကလည်း အသက်ရှင်တာကြောင့် ကံကောင်းတယ်လို့ ယူဆခံရတယ်။ ရှေးဟောင်းအီဂျစ်လူမျိုးတွေက မံမီကားတွေမှာပါတတ်တဲ့ Scarab Beetle တွေကို ကံကောင်းစေတဲ့အကောင်တွေလို့ သတ်မှတ်ကြတယ်။

ကံကောင်းစေတယ်လို့ ယူဆတဲ့အဆောင်ပစ္စည်းတွေ သတ္တဝါတွေက ပြောရင်ရိုးရာယဉ်ကျေးမှုပေါ်လိုက်ပြီး အများကြီးရှိပါတယ်။ ဒီထဲမှာ စာဖတ်ပရိသတ်တွေယုံကြည်လက်ခံထားတဲ့ ကံကောင်းစေတဲ့အဆောင်တွေပါလား မပါလို့ရှိရင် တခြားဘာတွေရှိသေးလဲသိလား။

Photo Credit

Source: The Balance Everyday

Piki (Akhayar)

www.akhayarmedia.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ