လူတွေလျစ်လျူရှုထားတဲ့ ပလတ်စတစ်ကြောင့် နာကျင်ခံစားနေရတဲ့ ကမ္ဘာမြေကြီး

လူတွေလျစ်လျူရှုထားတဲ့ ပလတ်စတစ်ကြောင့် နာကျင်ခံစားနေရတဲ့ ကမ္ဘာမြေကြီး

ပလတ်စတစ် – အလွယ်တကူသုံးလို့ရတယ် ၊ ပုံစံအရွယ်အစားအမျိုးမျိုးနဲ့လာတယ် ၊ နေရာတော်တော်များများမှာ အသုံးဝင်တယ် ၊ ခိုင်ခံ့တယ် ၊ တာရှည်ခံတယ်။ ပလတ်စတစ်က လူသားတွေအတွက် အသုံးဝင်လွန်းတယ်ဆိုတာ သိပြီးနောက်ပိုင်း ၁၉၅ဝ ခုနှစ်တွေကနေစပြီး လူတွေက ပလတ်စတစ်ကို ပျမ်းမျှ ၈.၃ ဘီလီယံလောက် ထုတ်လုပ်ခဲ့ပြီးပြီဖြစ်တယ်။

သဘာဝတရားမှာ အကောင်းနဲ့အဆိုးဒွန်တွဲနေသလိုပဲ ပလတ်စတစ်မှာလည်း အကောင်းရောအဆိုးရောရှိနေခဲ့တာကို သူ့ရဲ့ဘေးထွက်ဆိုးကျိုးတွေကို စပြီးခံစားလာရတဲ့အခါမှ သိလာကြတယ်။ ဒါပေမယ့် ပလတ်စတစ်ရဲ့ဆိုးကျိုးတွေကို သိလာတဲ့အချိန်က သိပ်ကိုနောက်ကျနေခဲ့ပါပြီ။ ဘာလို့လဲဆိုတော့ ပလတ်စတစ်ရဲ့ဒဏ်ကို ကမ္ဘာကြီးပေါ်မှာ ရှင်သန်နေထိုင်နေတဲ့ သက်ရှိသတ္တဝါတော်တော်များများခံစားနေရနေပြီဖြစ်လို့ပါ။ တစ်နေ့ကြရင် ပလတ်စတစ်ဒဏ်ကို အလူးအလိမ့်ခံရတဲ့မျိုးစိတ်တွေထဲမှာ လူသားတွေလည်း အပါအဝင်ဖြစ်လာမှာပါ။

လွန်ခဲ့တဲ့ နှစ် ၇ဝ လောက်တည်းက ထုတ်လုပ်လာခဲ့တဲ့ ပလတ်စတစ်တွေရဲ့ ၇၉ ရာခိုင်နှုန်းလောက်ကို ပတ်ဝန်းကျင်မှာ ဖြစ်သလိုတွေ စွန့်ပစ်လာခဲ့ပြီး အဲဒီစွန့်ပစ်ထားတဲ့ ၇၉ ရာခိုင်နှုန်းထဲမှာမှ ၉ ရာခိုင်နှုန်းလောက်ကိုပဲ Recycle လုပ်နိုင်ပါသေးတယ်။ ဒီတော့ ကိုယ်တွေနေတဲ့ကမ္ဘာကြီးမှာ ပလတ်စတစ်တွေ ဘယ်လောက်တောင်ရှိနေမလဲ။

ပလတ်စတစ်တွေက ပတ်ဝန်းကျင်ကို ဘယ်လိုထိခိုက်နေလဲ
ကမ္ဘာပေါ်မှာ ပလတ်စတစ်က ဒုက္ခပေးတာအခံရဆုံးကတော့ ပင်လယ်ကြီး ဖြစ်မယ်ထင်တယ်။ လူတွေက ပလတ်စတစ်အညစ်အကြေးတွေကို ပင်လယ်ထဲကိုစွန့်ပစ်တာများတယ်လေ။ နှစ်တိုင်းနှစ်တိုင်း တန်၈ မီလီယံ လောက် ပင်လယ်ထဲကိုစွန့်ပစ်နေတာကြောင့် သိပ္ပံပညာရှင်တွေက ၂ဝ၅ဝ ခုနှစ်လောက်ဆိုရင် ပင်လယ်ထဲမှာ ငါးတွေကူးခတ်နေတာထက် ပလတ်စတစ်တွေဝေ့နေတာကပိုများမယ်လို့ ပြောထားပါတယ်။ အဲဒီအချိန်ကျရင် လူတွေဘာကိုစားပြီး ဘယ်လိုရှင်သန်ကြမလဲ။ အခုဆိုရင် ပင်လယ်ထဲမှာ Microplastic Particles တွေ ၅၁ ထရီလီယံ လောက်ရှိမယ်လို့ ယူဆထားကြတယ်။ အဲဒီပမာဏက Galaxy ထဲမှာရှိတဲ့ ကြယ်တွေရဲ့ပမာဏထက် အဆ ၅ဝဝ များပါတယ်။

ပင်လယ်ထဲကို စွန့်ပစ်တာကြောင့် ဘယ်သူတွေထိခိုက်သလဲ
ပင်လယ်ထဲမှာရောက်နေတဲ့ ပလတ်စတစ်တွေက ရေနေသတ္တဝါတွေအတွက်တော့ သရေစာလိုပါပဲ။ ပင်လယ်လိပ် တွေအတွက် ရေထဲမှာရှိနေတဲ့ ပလတ်စတစ်အိပ်တွေက Jellyfish တွေနဲ့တူပါတယ်။ စင်ရော်ငှက် တွေအတွက် ရေပေါ်မှာပေါလောပေါ်နေတဲ့ ပလတ်စတစ်တွေက စားချင်စရာမုန့်လေးလိုပဲ။ ငါးပြေမလေး (Baby Perch) တွေအတွက်ကတော့ သူတို့စားနေကျ Plankton အကောင်လေးတွေထက် ပလတ်စတစ်တွေက ပိုစားလို့ကောင်းမယ့်ပုံပေါ်နေတယ်။

ပလတ်စတစ်ဆိုတာ အစာခြေဖျက်လို့မရတဲ့ အဆိပ်ဖြစ်စေတဲ့အရာပါ။ နှစ်ပေါင်းများစွာကြာသွားရင်တောင် မဆွေးမြေ့နိုင်တဲ့ ဒီပလတ်စတစ်တွေကို အစားအစာမှတ်ပြီးစားနေတဲ့ ရေနေသတ္တဝါလေးတွေရဲ့ ကျန်းမာရေးကဘယ်လောက်တောင်ထိခိုက်နေမလဲ စဉ်းစားမိကြလား။ လောလောဆယ်အထိတော့ ပင်လယ်သမုဒ္ဒရာထဲကို စွန့်ပစ်တဲ့အညစ်အကြေးတွေက သတ္တဝါမျိုးစိတ် ၆ဝဝ လောက်ကို အန္တရာယ်ပြုပြီးနေပြီဖြစ်ပါတယ်။ နောက်ဆိုရင် ကမ္ဘာကြီးမှာ အသက်ရှင်နေတဲ့မျိုးစိတ်တွေ မျိုးသုဉ်း/တုံးသွားတဲ့အထိ ပလတ်စတစ်ရဲ့အန္တရာယ်က ကြီးမားလွန်းတယ်ဆိုတာကို ဒီအချက်အလက်တွေကနေ သတိထားမိလောက်မှာပါ။

ပင်လယ်မှာရှင်သန်ကျက်စားနေတဲ့သတ္တဝါတွေ သေကြနေတာက လူသားတွေအတွက်လည်း အဆင်မပြေပါဘူး။ ဘာလို့လဲဆိုတော့ လူသားတွေကလည်း ရေနေသတ္တဝါတွေကို စားသောက်ပြီးရှင်သန်နေတာကိုး။ သေးငယ်လွန်းတဲ့ ပလတ်စတစ်အစအနတွေက ငါးတွေနဲ့တခြားတိရိစ္ဆာန်တွေရဲ့ ဝမ်းဗိုက်ကနေတဆင့် သူတို့ရဲ့အရေပြားတွေအသားတွေထိ ဖြတ်ပြီးသွားနေတာမို့လို့ ကိုယ်တွေကိုယ်တိုင်လည်း ပလတ်စတစ်တွေ အနည်းနဲ့အများတော့စားမိနေပါပြီ။ ဒါကြောင့် တခြားတိရိစ္ဆာန်တွေကို ဒုက္ခပေးပြီးနေပြီဖြစ်တဲ့ ပလတ်စတစ်တွေက လူသားတွေရဲ့တစ်ရှူးတွေထဲကို ဘယ်အချိန်မှာဝင်ရောက်လာမယ်ဆိုတာ မသိနိုင်ပါဘူး။

ပင်လယ်ကြီးကို ဒုက္ခပေးပြီးတာနဲ့ ပလတ်စတစ်ကရပ်သွားပြီလို့ထင်လား
ပလတ်စတစ်ကို စွန့်ပစ်တဲ့နေရာက ပင်လယ်တစ်ခုထဲမဟုတ်ဘူးဆိုတာကို အားလုံးသိကြမှာပါ။ တချို့နိုင်ငံတွေမှာ ပလတ်စတစ်ကို မြေတွင်းတူးပြီးမြှုပ်တာတွေ ၊ မီးရှို့ဖျက်ဆီးတာတွေလုပ်ကြတယ်။ ဒါတင်မကသေးဘူး စည်းကမ်းမစောင့်ထိန်းတဲ့သူတွေဆိုရင် ပလတ်စတစ်ကို လမ်းတွေ ၊ ရေမြောင်းတွေမှာ ဖြစ်သလိုစည်းမရှိကမ်းမရှိ ပစ်လိုက်ကြတယ်။ ဒီလိုစွန့်ပစ်လိုက်တဲ့ ပလတ်စတစ်တွေက အချိန်ကြာလို့ဆွေးမြေ့မသွားတာကနေ ပြဿနာကစဖြစ်တာပါ။ ပျက်စီးသွားရမယ့်အစား မြေဆီလွှာထဲကိုစိမ့်ဝင်ပြီးတည်ရှိနေတဲ့ ဒီပလတ်စတစ်တွေက အပင်တွေရှင်သန်ကြီးထွားမယ့် လမ်းတွေကိုပိတ်ဆို့ထားပါတယ်။ မြေဆီလွှာထဲမှာ ပလတ်စတစ်တွေပဲရှိနေရင် သစ်ပင်ရဲ့အမြစ်တွေက ဘယ်လိုဆက်ပြီးကြီးထွားမှာလဲ။

အားလုံးခြုံပြီးပြောရရင် ပလတ်စတစ်ကြောင့် ပင်လယ်ရေညစ်ညမ်းတယ်။ ရေနေသတ္တဝါတွေသေကြေပျက်စီးရတယ်။ ကုန်းမြေမှာလည်း ဘေးထွက်ဆိုးကျိုးတွေဖြစ်တယ်။ Food Chain ထဲမှာရှိနေတဲ့ လူသားတွေအတွက်လည်း အန္တရာယ်ရှိတယ်။ Balance ဖြစ်မှ ကမ္ဘာမြေကြီးလည်း ရှင်သန်နိုင်မှာဖြစ်ပေမယ့် ပလတ်စတစ်ကြောင့် Balance ဖြစ်နေတာတွေ တဖြည်းဖြည်းယိမ်းယိုင်လာနိုင်တယ်။ နောက်ထပ်နှစ်အနည်းငယ်ကြာရင် ပလတ်စတစ်က သဘာဝပတ်ဝန်းကျင်အပါအဝင် ကမ္ဘာမြေကြီးကိုပါ ဘယ်လောက်ပြောင်းလဲပစ်နိုင်မလဲဆိုတာ တွေးတောင်မတွေးဝံ့ဘူး။ ဒါကြောင့် အခုတည်းက ဒီပလတ်စတစ်တွေသုံးစွဲနေတာကို လျော့ချပြီး ဒီပြဿနာကိုဖြေရှင်းဖို့ တစ်ဖက်တစ်လမ်းက ပါဝင်ကူညီပေးစေချင်တယ်။ ကိုယ့်ကိုယ်ကိုယ်ချစ်ရင် ကိုယ်နေတဲ့ကမ္ဘာမြေကြီးနာကျင်နေတာကို လက်ပိုက်ကြည့်မနေကြပါနဲ့လို့ တိုက်တွန်းရင်း ဒီဆောင်းပါးလေးကို ဒီနေရာမှာပဲရပ်လိုက်ပါတယ်။

Photo Credit

Source: Independent, Forbes, National Geographic

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle