StarLadder ImbaTV Minor ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲနိုင်ခြေရှိတဲ့ အသင်းကို ခန့်မှန်းလိုက်တဲ့ Mag

Mag ဆိုတာကတော့ ယခင်အချိန်တွေတုန်းက Vega Squadron Dota 2 အသင်းနဲ့ အတူ အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်ခဲ့ ပရိုဖက်ရှင်နယ် Dota 2 ကစားသမားဟောင်း တစ်ဦးပဲ ဖြစ်ပါတယ်။ Mag အနေနဲ့ လက်ရှိအချိန်မှာ Na’Vi Dota 2 အသင်းရဲ့ နည်းပြရာထူးကို တာဝန်ယူထားလျက်ရှိပြီး Na’Vi Dota 2 အသင်းကို တတိယမြောက် Major ပြိုင်ပွဲဖြစ်တဲ့ ESL One LA Major ကို တက်လှမ်းနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် Mag အနေနဲ့ ပြီးခဲ့တဲ့ ရက်အနည်းငယ်ခန့်က ကိုယ်ပိုင် VK စာမျက်နှာကနေ တစ်ဆင့် StarLadder Imba TV Minor ပြိုင်ပွဲမှာ အနိုင်ရနိုင်ခြေရှိတဲ့ အသင်းကို ပြောကြားသွားခဲ့ပါတယ်။ Mag အနေနဲ့ EU အခြေစိုက် Dota 2 အသင်း Alliance ဒါမှမဟုတ် CIS အခြေစိုက် နာမည်ကျော် Dota 2 အသင်း Gambit Esports အနေနဲ့ StarLadder Imba TV Minor ပြိုင်ပွဲမှာ ချန်ပီယံဆုကို သိမ်းပိုက်သွားဖွယ် ရှိတယ်လို့ ပြောကြားသွားခဲ့ပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံ ဒေသတွင်း လက်ရည်စစ်ပွဲကနေ တက်လှမ်းလာခဲ့တဲ့ Team Aster အနေနဲ့ StarLadder Imba TV Minor ပြိုင်ပွဲမှာ ကောင်းမွန်တဲ့ ရလဒ်ကို ဖော်ဆော်နိုင်မှာ မဟုတ်ဘူးလို့ ခန့်မှန်းသွားခဲ့ပါတယ်။ ဆက်လက်ပြီး Mag အနေနဲ့ Major/ Minor ပြိုင်ပွဲတွေ အတွက် Valve ရဲ့ Slot ခွဲဝေ ပေးအပ်မှုကို နားမလည်နိုင်တော့ကြောင်း ဝေဖန်သွားခဲ့ပါတယ်။

အချို့သော ဒေသတွေမှာ အသင်းကောင်းဆိုလို့ တစ်သင်းလောက်သာ ရှိပေမယ့် Slot နှစ်ခု ရရှိခဲ့ကြောင်း၊ အခုလို အသင်းကောင်း နည်းပါးတဲ့ ဒေသတွေကို Slot တွေ ခွဲဝေ ပေးအပ်လိုက်ခြင်းကြောင့် ဥရောပဒေသမှ စွမ်းဆောင်ရည် ကောင်းမွန်တဲ့ Dota 2 အသင်းတွေဖြစ်တဲ့ Nigma, Team Liquid တို့ အနေနဲ့ Major/ Minor ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့်ကို လက်လွှတ် ဆုံးရှုံးခဲ့ရကြောင်း ထောက်ပြသွားခဲ့ပါတယ်။
ဒါ့အပြင် Mag အနေနဲ့ 2019-2020 DPC ရာသီ မစတင်ခင်မှာ ကစားသမား ဘဝကို ပြန်လည် ခံယူဖို့ ကြိုးစားခဲ့ကြောင်း ဒါပေမယ့်လည်း The International 2019 ပြိုင်ပွဲ ပြီးဆုံးချိန်မှာ Na’Vi Dota 2 အသင်းမှာ ကစားသမား အပြောင်းအလဲတွေ ပြုလုပ်ခဲ့သလို ယခု အပြောင်းအလဲကို နှစ်သက်မိတာကြောင့် Na’Vi Dota 2 အသင်းမှာ နည်းပြအဖြစ် ဆက်လက် လုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

Natus Vincere Dota 2 အသင်း အနေနဲ့ မတ်လ ၁၅ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ကျင်းပသွားမယ့် ESL One Los Angeles Major ပြိုင်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်သွားမှာ ဖြစ်တာကြောင့် Mag ဦးဆောင်တဲ့ Na’Vi Dota 2 အသင်း အနေနဲ့ အဆိုပါ ပြိုင်ပွဲမှာ အောင်မြင်မှုတွေကို ဖော်ဆောင်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
REF: VpEsports