TNC Dota2 အသင်းနဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ March

TNC Dota 2 အသင်းနဲ့အတူ 2019-2021 DPC ရာသီရဲ့ ပထမဆုံး မေဂျာပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ ကပ္ပတိန်ကြီး March ကတော့ အသင်းကနေ နှုတ်ဆက် ထွက်ခွာ သွားရပြီ ဖြစ်ပါတယ်။ March အနေနဲ့ 2019-2020 DPC ရာသီ မစတင်ခင် အချိန်မှာ TNC Dota2 အသင်းကို ရောက်ရှိခဲ့တာဖြစ်ပြီး တစ်နှစ်ခန့် အကြာမှာတော့ အခုလို အသင်းကနေ ပြန်လည် ထွက်ခွာလို့ သွားခဲ့တာ ဖြစ်ပါတယ်။

TNC Predator Dota2 အသင်းဘက်တော့ March နဲ့ လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်းကို အခုလိုပဲ ကြေညာသွားခဲ့ပါတယ်။
“March တစ်ယောက် ကျွန်တော်တို့ TNC Dota2 အသင်းကို အောင်မြင်ရေး လမ်းကြောင်း အပေါ် တင်ဆောင်ပေးခဲ့တဲ့ အတွက် အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တို့ TNC Dota2 အသင်းဟာ အနိမ့်အမြင့် အတက်အကျပေါင်း များစွာနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ကပ္ပတိန်ကြီး March ဟာ အသင်း အနိုင်ရရှိရေး အတွက် အစွမ်းကုန် ကြိုးစားပေးခဲ့သလို DPC ရာသီရဲ့ ပထမဆုံး Major ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲဖို့ အတွက်လည်း အဓိက နေရာကနေ စွမ်းဆောင်ပေးခဲ့ပါတယ်။
We would like to thank Park Tae-won @MarchDota for his efforts in bringing the team closer to the apex of Dota 2's competitive scene and with this, we are announcing his release from our official team roster.
— TNC Predator 🇵🇭 (@TNCPredator) September 28, 2020
(1/5) pic.twitter.com/yJkaet7d0o
ဒါပေမယ့်လည်း March နဲ့ ကျွန်တော်တို့ အသင်း အကြားမှာ အမြင်မတူတာလေးတွေ ရှိလာခဲ့တာကြောင့် အခုလို လမ်းခွဲဖို့ အတွက် ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။ March တစ်ယောက် အသင်းကနေ ထွက်ခွာသွားပြီ ဖြစ်ပေမယ့်လည်း အမြဲတမ်း TNC Dota2 အဖွဲ့သားတွေရဲ့ နှလုံးသားထဲမှာ ကပ္ပတိန် အဖြစ် ဆက်လက် တည်ရှိနေမှာ ဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း အောင်မြင်စေဖို့ ဆုတောင်းပေးလိုက်ပါတယ်။”
March အနေနဲ့ TNC Dota2 အသင်းကို ရောက်ရှိခဲ့စဉ် အချိန်က စတင်ပြီး မထွက်ခွာခင် အချိန်ထိ MDL Chengdu Major, ESL One Hamburg 2019 စတဲ့ ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့သလို ပြိုင်ပွဲအများစုမှာလည်း ထိပ်ပိုင်းနေရာမှာ ရပ်တည်နိုင်ဖို့ အတွက် ကူညီပေးနိုင်ခဲ့ပါတယ်။

အသင်းကနေ ထွက်ခွာခဲ့ပြီ ဖြစ်ပေမယ့်လည်း March အနေနဲ့ TNC Dota2 အသင်းနဲ့ ဖိလစ်ပိုင် Dota2 ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ရှိကြောင်း အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။
“အရာအားလုံးမှာ အဆုံးသတ်ဆိုတာ ရှိစမြဲပါပဲ။ TNC Dota2 အသင်းမှာ ရှိနေခဲ့တဲ့ အချိန်အတွင်း အသင်းဖော်ကောင်းတွေ၊ မိတ်ဆွေကောင်းတွေကို ပိုင်ဆိုင်ခွင့် ရရှိခဲ့ပါတယ်။ TNC Dota2 အသင်းမှာ ရှိနေခဲ့တဲ့ အချိန်တွေမှာ ကျွန်တော့်ရဲ့ Dota2 ကစားသမား ဘဝ တစ်လျှောက် ပျော်စရာ အကောင်းဆုံး အချိန်တွေလို့ ပြောလို့ရပါတယ်။ TNC Dota2 အသင်းကိုလည်း ရှေ့လျှောက် အောင်မြင်စေဖို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖိလစ်ပိုင် Dota2 ချစ်ပရိသတ်တွေ အားလုံးကိုလည်း အမြဲတမ်း သတိရနေမှာပါ။”

TNC Dota2 အသင်း အနေနဲ့ လက်ရှိအချိန်မှာ March နေရာ အစားထိုးသွားမယ့် ကစားသမားကို ကြေညာခြင်း မရှိသေးတာကြောင့် ဘယ်ကစားသမားကို ခေါ်ယူသွားမလည်း ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ TNC Dota2 အသင်းရဲ့ လက်ရှိကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- Gabbi – Pos 1
- Armel – Pos 2
- Kpii – Pos 3
- Tims – Pos 4
REF: AfkGaming