အိမ်ထောင်ရှင်တွေကြားမှာသူစိမ်းတွေပါလာရင်

အိမ်ထောင်ရှင်တွေကြားမှာသူစိမ်းတွေပါလာရင်

လင်မယားကြားမှာ သူစိမ်းဝင်လာရင်ပျက်စီးတတ်လာတယ်ဆိုတာတကယ်လား? မိတ်ဆွေအပေါင်းအသင်းကြားမှာ ဖြစ်စေ၊လင်မယားတွေကြားမှာဖြစ်စေ လင်မယားကြားမှာဖြစ်စေ သူးစိမ်းတွေဝင်လာရင် ခိုင်မြဲနေတဲ့ Relationship တွေကမတော်တဆရန်ဖြစ်ခဲ့ရင်တောင် သူစိမ်းတွေဝင်လာရင်ပျက်စီးတတ်ပါတယ်နော်။


သွေးကွဲစကားတွေမယောင်ပါနဲ့
သွေးကွဲစကားဆိုရင် နားမယောင်ဖို့ဆိုတာကလည်း ကိုယ့်ရဲ့စိတ်ပေါ်မှာမူတည်ပါတယ်နော်။ကိုယ့်စိတ်တွေသာခိုင်မာနေရင် ဘေးစကားတွေသွေးဖယ်တဲ့စကားတွေက နှစ်ယောက်ကြားမှာဘယ်လောက်တိုက်ခိုက်တိုက်ခိုက်နားယောင်စရာမလိုပါဘူးနော်။


ဂရုစိုက်ပါ

အဲ့လိုမျိုဘေးစကားတွေဝင်လာပြီဆိုရင် အချင်းချင်းဂရုစိုက်မှုတွေလျော့သွားလို့မဖြစ်ပါဘူးနော်။ဂရုစိုက်မှုတွေလျော့လာရင်ဘေးစကားတွေကိုတစ်ယောက်မဟုတ်တစ်ယောက်ကတော့နားယောင်မိလာပါလိမ့်မယ်။သေးသေးလေးလေးတွေကအစတစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ဂရုစိုက်ပေးရင်အဆင်ပြေပါတယ်နော်။


အတင်းကျပ်မပြောပါနဲ့
သွေးထိုးစကားတွေနားယောင်မိလာခဲ့ရင်တောင် ကိုယ်ကသူ့ကိုဝန်ခံလာအောင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ အတင်းကျပ်မေးပေး၊မဖြေချင်လည်းဖြေချင်အောင်အတင်းမေးနေမယ်ဆိုရင်သူရောကိုယ်ရောနှစ်ယောက်လုံးစိတ်ပင်ပန်းရတာပဲ့ဖြစ်လာမှာပါ။

Photo Credit - Pinterest

Kelly -Akhayar Lifestyle