RNG LoL အသင်းရဲ့ နည်းပြချုပ်ရာထူးကို ခံယူလိုက်ပြီဖြစ်တဲ့ ပရိုဖက်ရှင်နယ် LoL ကစားသမားဟောင်း Mata

RNG LoL အသင်းရဲ့ နည်းပြချုပ်ရာထူးကို ခံယူလိုက်ပြီဖြစ်တဲ့ ပရိုဖက်ရှင်နယ် LoL ကစားသမားဟောင်း Mata

SK Telecom T1 အသင်းနဲ့အတူ အောင်မြင်မှုပေါင်းများစွာကို စွတ်ခူးနိုင်ခဲ့တဲ့ Support ကစားသမား Cho “Mata” Se Hyeon အနေနဲ့ ပြီးခဲ့တဲ့ သုံးရက်ခန့်က ပရိုဖက်ရှင်နယ် LoL ကစားသမား ဘဝကနေ အနားယူလိုက်ပြီ ဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့ပါတယ်။ အခုလို ကစားသမား ဘဝကနေ အနားယူပြီး ရက်ပိုင်းခန့် အကြာမှာတော့ RNG LoL အသင်းရဲ့ နည်းပြချုပ်ရာထူးနဲ့အတူ ပရိုဖက်ရှင်နယ် LoL လောကကို ပြန်လည် ဝင်ရောက်လို့ လာခဲ့ပါတယ်။

အကြိမ်ကြိမ် တွေ့ဆုံမှုတွေ အပြီးမှာ Mata ကို အသင်းရဲ့ နည်းပြချုပ်အဖြစ် တာဝန်ယူစေရန် အတွက် ညှိနှိုင်းဆွေးနွေးမှုတွေ အောင်မြင်စွာ ပြီးဆုံးသွားပြီဖြစ်ကြောင်း Royal Never Giveup LoL အသင်း အနေနဲ့ ကိုယ်ပိုင် Weibo စာမျက်နှာကနေ တစ်ဆင့် တရားဝန် ထုတ်ပြန် ကြေငြာသွားခဲ့ပါတယ်။

Mata

ဒ့ါအပြင် ကစားသမား ဘဝမှာ အောင်မြင်မှုပေါင်း များစွာကို သိမ်းပိုက်နိုင်ခဲ့သလို နည်းပြချုပ် အဖြစ်နဲ့လည်း Mata တစ်ယောက် RNG အသင်းကို အောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း RNG LoL အသင်း အနေနဲ့ တစ်ခါတည်း ပြောကြားသွားခဲ့ပါတယ်။

RNG LoL အသင်း အနေနဲ့ 2020 LoL ရာသီမှာ ဝင်ရောက် ယှဥ်ပြိုင်ရန်အတွက် လူစာရင်း အပြောင်းအလဲ အနည်းငယ်သာ ပြုလုပ်ခဲ့သလို အသင်းရဲ့ နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ Uzi, Xiaohu, Ming တို့ကိုလည်း စာချုပ်သက်တမ်း တိုးမြှင့်ခဲ့ပါတယ်။

RNG LoL အသင်း အနေနဲ့ ကောင်းမွန်တဲ့ လူစာရင်းကို ပိုင်ဆိုင်ထားသလို LPL ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် 2018 LoL World Championship ပြိုင်ပွဲမှာ Top 8 အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသလို 2019 LoL World Championship ပြိုင်ပွဲမှာလည်း အုပ်စုအဆင့်ဖြင့်နဲ့သာ ကျေနပ်ခဲ့ရတာကြောင့် အခုလို အတွေ့အကြုံရင့် ကစားသမားဖြစ်သူ Mata ကို နည်းပြချုပ် အဖြစ် ခေါ်ယူခဲ့ရတာပဲ ဖြစ်ပါတယ်။

Betty

လက်ရှိအချိန်မှာ RNG အနေနဲ့ လစ်လပ်သွားတဲ့ Jungle ကစားသမား Karsa နေရာအတွက် Flash Wolves အသင်းရဲ့ နာမည်ကျော် ကစားသမား တစ်ဦးဖြစ်သူ Betty ကို ခေါ်ယူနိုင်ရန် ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ တကယ်လို့သာ RNG အနေနဲ့ Betty ကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် တောင့်တင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်နိုင်တော့မှာ ဖြစ်တာကြောင့် နည်းပြချုပ် Mata ရဲ့ ဦးဆောင်မှုနဲ့အတူ 2020 LoL ရာသီမှာ ဘယ်လို အောင်မြင်မှုတွေကို သိမ်းပိုက်သွားမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့် ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle