ပရိုဖက်ရှင်နယ် LoL ကစားသမား ဘဝကနေ အနားယူသွားပြီဖြစ်တဲ့ Mata

ပရိုဖက်ရှင်နယ် LoL ကစားသမား ဘဝကနေ အနားယူသွားပြီဖြစ်တဲ့ Mata

Cho “Mata” Se-Hyeong ဆိုတာကတော့ Support ကစားသမား တစ်ဦးဖြစ်ပြီး League of Legends လောကမှာ မသိသူ မရှိသလောက်ကို အောင်မြင်မှု များစွာကို စွတ်ခူးနိုင်ခဲ့တဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။ ယခုအခါမှာတော့ Mata အနေနဲ့ ပရိုဖက်ရှင်နယ် League of Legends ကစားသမား ဘဝက‌နေ အနားယူသွားပြီ ဖြစ်ကြောင်းကို ကိုယ်ပိုင် Facebook စာမျက်နှာကနေ တစ်ဆင့် ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။

Mata အနေနဲ့ ပရိုဖက်ရှင်နယ် LoL လောကကို ၂၀၁၂ အောက်တိုဘာလမှာ BBT အသင်းနဲ့အတူ ဝင်ရောက်ခဲ့တာဖြစ်ပြီး ၂၀၁၃ ဖေဖော်ဝါရီလမှာတော့ MVP Ozone အသင်းကို ပြောင်းရွေ့သွားခဲ့ပါတယ်။ MVP Ozone အသင်းနဲ့အတူ အောင်မြင်မှု အချို့ကို စွတ်ခူးနိုင်ခဲ့ပြီး နောက်ပိုင်းမှာ Mata အနေနဲ့ Samsung White အသင်းကို ပြောင်းရွေ့လို့ သွားခဲ့ပါတယ်။

Samsung White LoL အသင်းနဲ့အတူ Mata အနေနဲ့ ၂၀၁၄ LoL ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲကြီးမှာ ပထမဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 2014 LoL World Championship ပြိုင်ပွဲကြီးမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ပြီး တစ်လအတွင်းမှာပဲ တရုတ်နိုင်ငံ အခြေစိုက် LoL အသင်းတစ်သင်းဖြစ်တဲ့ Vici Gaming ကို ထပ်မံ ပြောင်းရွေ့လို့ သွားခဲ့ပါတယ်။

Vici Gaming မှာ တစ်နှစ်ကျော် ကစားအပြီးမှာတော့ Mata တစ်ယောက် Royal Never Giveup, KT Rolster စတဲ့ ပရိုဖက်ရှင်နယ် LoL အသင်းတွေမှာ ထပ်မံ ပြောင်းရွေ့ကစားခဲ့သလို အောင်မြင်မှုပေါင်း များစွာကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ RNG, KT Rolster အသင်းတွေနဲ့အတူ အောင်မြင်မှုတွေကို စွတ်ခူးနိုင်ခဲ့တာကြောင့် LoL လောကအပြင် Esports လောကမှာပါ မသိသူ မရှိသလောက် နာမည်ကျော်ကြားတဲ့ ပရိုဖက်ရှင်နယ် LoL အသင်း SK Telecom T1 အသင်းရဲ့ တော်ကောက်ခြင်းကို Mata အနေနဲ့ ခံယူနိုင်ခဲ့ပါတယ်။

SK Telecom T1 အသင်းကို စတင် ရောက်ရှိခဲ့တဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလက စတင်ကာ အောင်မြင်မှုပေါင်း များစွာကို စွတ်ခူးနိုင်ခဲ့တာကြောင့် 2019 LoL World Championship ပြိုင်ပွဲကြီးမှာလည်း Mata တစ်ယောက် ဒုတိယ အကြိမ်မြောက် LoL ကမ္ဘာ့ချန်ပီယံရှစ် ဆုဖလားကြီးကို ပိုင်ဆိုင်နိုင်မယ့် မျှော်လင့်ချက် ရောင်ခြည်လည်း ပြန်လည် ရှင်သန်လို့ လာခဲ့ပါတယ်။

ဒါပေမယ့်လည်း ကစားသမား ဘဝရဲ့ နောက်ဆုံး ပြိုင်ပွဲဖြစ်လာမယ့် 2019 LoL World Championship ပြိုင်ပွဲကြီးမှာ Mata တစ်ယောက် စွမ်းဆောင်ရည်တွေ ကျဆင်းလို့ နေခဲ့တာကြောင့် SK Telecom T1 အသင်းရဲ့ အခြားသော Support ကစားသမားဖြစ်သူ Effort ရဲ့ အရံကစားသမား အဖြစ်သာ ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရပြီး ပွဲစဉ်အနည်းငယ်မှာသာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။

ဒါ့အပြင် SK Telecom T1 အနေနဲ့ 2019 World Championship အကြိုဗိုလ်လုပွဲစဉ်မှာ G2 Esports ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့် Mata တစ်ယောက် ဒုတိယ အကြိမ်မြောက် LoL ကမ္ဘာ့ချန်ပီယံ ဆုဖလားကို ကိုင်မြှောက်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။ 2019 LoL World Championship ပြိုင်ပွဲကြီး ပြီးဆုံးသွားပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ Mata တစ်ယောက် အသင်းကနေ နှုတ်ထွက်သွားခဲ့ပြီ ဖြစ်ကြောင်း ကြေငြာသွားခဲ့ပါတယ်။

SK Telecom T1 အသင်းကနေ နှုတ်ထွက်ပြီး ၁ လခန့် အကြာမှာတော့ ပရိုဖက်ရှင်နယ် LoL ကစားသမား ဘဝကနေ အနားယူလိုက်ပြီ ဖြစ်ကြောင်းကို တရားဝင် ကြေငြာသွားခဲ့တာ ဖြစ်ပါတယ်။ ပရိုဖက်ရှင်နယ် LoL ကစားသမား ဘဝမှာ (၇) နှစ်တိုင်တိုင် ကျင်လည်ခဲ့တဲ့ Mata အနေနဲ့ ကစားသမား သက်တမ်း တစ်လျှောက် အောင်မြင်မှုပေါင်း များစွာကို စွတ်ခူးနိုင်ခဲ့သလို ပရိုဖက်ရှင်နယ် LoL လောကရဲ့ Legend ကစားသမား အဖြစ်လည်း သတ်မှတ်ခြင်းကို ခံယူနိုင်ခဲ့တာကြောင့် ကစားသမား ဘဝမှာ ဆက်လက် တည်ရှိနေမှာ မဟုတ်တော့ပေမယ့်လည်း LoL ချစ်ပရိသတ်တွေရဲ့ ရင်ထဲမှာတော့ အမြဲတမ်း ဆက်လက် တည်ရှိနေမှာ ဖြစ်ပါတယ်။

REF: DotEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle