ယခင် Team Liquid မှာ ရှိနေခဲ့စဉ် အချိန်က ခံစားချက်များကို ပြောကြားသွားခဲ့တဲ့ MATUMBAMAN

ယခင် Team Liquid မှာ ရှိနေခဲ့စဉ် အချိန်က ခံစားချက်များကို ပြောကြားသွားခဲ့တဲ့ MATUMBAMAN

MATUMBAMAN ဆိုတာကတော့ Dota2 လောကရဲ့ လူချစ်လူခင် အများဆုံး ကစားသမားတွေ အထဲမှာ တစ်ဦး အပါအဝင်ဖြစ်ပြီး လက်ရှိ Team Secret Dota2 အသင်းနဲ့ အတူ အောင်မြင်မှုများစွာကိုလည်း ရရှိထားတဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။

Team Secret Dota2 အသင်းရဲ့ Carry ကစားသမား MATUMBAMAN အနေနဲ့ ESL One Germany 2020 ပြိုင်ပွဲရဲ့ ပွဲစဉ်တစ်ခုဖြစ်တဲ့ Team Liquid နဲ့ ပွဲစဉ် အပြီးမှာ ယခင် Team Liquid မှာ ရှိနေခဲ့စဉ် အချိန်က ခံစားချက် အချို့နဲ့ Team Secret Dota2 အသင်းရဲ့ လက်ရှိအောင်မြင်မှုတွေနဲ့ ပတ်သက်ပြီး ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

“အခုလို ပြိုင်ပွဲတွေနဲ့ ဆက်တိုက် အနိုင်ရရှိနေတာနဲ့ ပတ်သက်ပြီး ဖိအားတွေ ဖြစ်ပေါ်လာခြင်း မရှိပါဘူး။ အမှန်အတိုင်း ပြောရရင် ဒီပြိုင်ပွဲတွေ အားလုံးက အွန်လိုင်းပြိုင်ပွဲတွေလေ။ သိပ်ပြီးတော့ အရေးကြီးတယ်လို့ ခံစားရခြင်း မရှိပါဘူး။

Team Liquid မှာ ရှိနေခဲ့စဉ် အချိန်တုန်းက ကျွန်တော် Dota2 အပေါ် စိတ်အားထက်သန်မှုတွေ ကုန်ဆုံးနေခဲ့တယ်။ တစ်ခုခု အကြားမှာ ပိတ်မိနေသလို ခံစားခဲ့ရတယ်။ Team Secret က ကျွန်တော့် အတွက်တော့ တကယ်ကို ကြီးမားတဲ့ အခွင့်အရေး တစ်ခုကို ယူဆောင်ပေးခဲ့ပါတယ်။

တကယ်လို့ Team Secret ဘက်ကသာ ကမ်းလှမ်းခဲ့ခြင်း မရှိဘူးဆိုရင် The International 2019 ပြိုင်ပွဲက ကျွန်တော့် အတွက် နောက်ဆုံး ပြိုင်ပွဲတောင် ဖြစ်သွားနိုင်ပါတယ်။ အခုလို Team Secret မှာ လာရောက် ကစားဖို့ ကမ်းလှမ်းခဲ့တဲ့ အတွက် အထူးပင် ကျေးဇူးတင်မိပါတယ်။”

နည်းပြဖြစ်သူ Heen နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာလည်း Matu အနေနဲ့ အခုလိုပဲ ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။

“Heen က တကယ်ကို အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ အခုလို Heen ရဲ့ လက်အောက်မှာ ကစားခွင့် ရရှိတဲ့ အတွက်လည်း ဂုဏ်ယူမိပါတယ်။ သူနဲ့ကျွန်တော် အကြားမှာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ပုတ်ခပ် ပြောဆိုတာလေးတွေတော့ ရှိပါတယ်။ ဒါပေမယ့်လည်း အပြစ်တင်လိုတဲ့ စိတ်မျိုးနဲ့ ပြောခဲ့ကြတာတော့ မဟုတ်ပါဘူး။ သူငယ်ချင်း အချင်းချင်း အပျော်သဘော စနောက်ခဲ့ကြတာပါ။”

တကယ်လို့ ESL One Germany 2020 မှာ အနိုင်ရရှိခဲ့ရင် Streaming ပြုလုပ်သွားမလားဆိုပြီး မေးမြန်းခဲ့ရာမှာတော့ Matu အနေနဲ့ လုံးဝ ပြုလုပ်သွားမှာမဟုတ်ကြောင်း ဖြေကြားရင်း အင်တာဗျူး Session ကို အဆုံးသတ် သွားခဲ့ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle