Fy, Maybe, Paparazi တို့ ပါဝင်တဲ့ Dota2 အသင်းသစ်ကို မြင်တွေ့သွားရဖွယ်ရှိ

တရုတ် Dota2 လောကမှာတော့ အပြောင်းအရွေ့တွေ ခြေချင်းလိမ်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ထွက်ပေါ်လာတဲ့ သတင်းအချက်အလက်များအရ PSG.LGD Dota2 အသင်းရဲ့ Legend ကစားသမားတွေဖြစ်တဲ့ Xu “fy” Linsen နဲ့ Lu “Somnus/ Maybe” Yao တို့ အနေနဲ့ အသင်းကနေ ထွက်ခွာသွားခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

VPEsports မှ ဖော်ပြချက်များအရ တရုတ် PUBG အဖွဲ့အစည်း 4 Angry Men (4AM) အနေနဲ့ Dota2 လောကမှာပါ အခြေချဖို့ အတွက် ပြင်ဆင်မှုတွေ ပြုလုပ်လျက် ရှိတယ်လို့ သိရပြီး 4AM Dota2 အသင်းမှာ fy နဲ့ Maybe တို့ ဝင်ရောက် ကစားဖြစ်ဖို့ သေချာသလောက် ရှိနေခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း PSG.LGD Dota2 အသင်း၊ fy နဲ့ Maybe တို့ဘက်ကတော့ ယခု ကောလာဟလတွေနဲ့ ပတ်သက်ပြီး ငြင်းပယ်ခဲ့ခြင်း မရှိသလို အတည်ပြုပေးခြင်းလည်း မရှိသေးပါဘူး။

4AM Esports အဖွဲ့အစည်းကို LGD LoL အသင်းရဲ့ Mid Lane ကစားသမားဟောင်း Wei “GodV” Zhen က တည်ထောင်ခဲ့တာဖြစ်ပြီး GodV အနေနဲ့ LoL ကစားသမား ဘဝကနေ အနားယူပြီး PUBG ပရို ကစားသမား ဘဝကို ခံယူခဲ့ရာမှာလည်း အောင်မြင်မှုတွေကို ပိုင်ဆိုင်ခဲ့ပါတယ်။
4AM Dota2 အသင်းမှာ fy နဲ့ Maybe တို့အပြင် Vici Gaming Dota2 အသင်းရဲ့ Carry ကစားသမားဖြစ်သူ Zhang “Eurus/ Paparazi” Chengjun လည်း ဝင်ရောက် ကစားသွားဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လျက် ရှိပါတယ်။ ဒါ့အပြင် 4AM အဖွဲ့အစည်းရဲ့ တည်ထောင်သူဖြစ်သူ GodV အနေနဲ့ Paparazi နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဩဂုတ်လ (၆) ရက်နေ့၊ Vici Gaming ရဲ့ တွစ်တာအကောင့်မှာ Vici Gaming Dota2 အသင်းရဲ့ ကစားသမားတွေနဲ့ နည်းပြဖြစ်သူ rOtK တို့ရဲ့ ဓာတ်ပုံ တစ်ပုံကို တင်ခဲ့ပေမယ့် Paparazi တစ်ယောက် အဆိုပါ ဓာတ်ပုံမှာ ပါဝင်လာခြင်း မရှိတာကြောင့် 4AM Dota2 အသင်းကို Paparazi ပြောင်းရွေ့သွားခဲ့ပြီ ဖြစ်တယ်လို့ ကောလာဟလတွေ တစ်ဟုန်ထိုး ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
Slippers Doto, Best Doto! pic.twitter.com/6DhHtPvHHU
— VICI Gaming (@VICI) August 6, 2020
4AM Dota2 အသင်းရဲ့ ဖြစ်နိုင်ဖွယ် ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- Zhang “Eurus” Chengjun – Pos 1
- Lu “Somnus M” Yao – Pos 2
- Xu “fy” Linsen – Pos 4