မိန်းမလှလေး တစ်ဦးလို ဝတ်စားပြီး Streaming ပြုလုပ်ခဲ့တဲ့ နာမည်ကျော် Dota2 ပရို Maybe

မိန်းမလှလေး တစ်ဦးလို ဝတ်စားပြီး Streaming ပြုလုပ်ခဲ့တဲ့ နာမည်ကျော် Dota2 ပရို Maybe

Dota2 ကစားသမားတွေ အနေနဲ့ ရှေးယခင် အချိန်ကတည်းက လက်ရှိအချိန်ထိ မကြာခဏ ဆိုသလို မိန်းကလေးတွေလို ဝတ်စားဆင်ယင်ပြီး Streaming ပြုလုပ်လေ့ ရှိကြပါတယ်။ လက်ရှိအချိန်မှာ ပရိုကစားသမား ဘဝကနေ အနားယူသွားကြပြီဖြစ်တဲ့ Burning, Ferrair_430, ChauN တို့ ပါဝင်တဲ့ Invictus Gaming Dota2 အသင်း အနေနဲ့ ၂၀၁၅ ခုနှစ်မှာ ကျင်းပသွားခဲ့တဲ့ The Summit 3 ပြိုင်ပွဲကာလမှာ ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့် အမျိုးသမီး အိမ်အကူလေးများ အသွင် ဝတ်စားပြခဲ့ပါတယ်။

IG Dota2

ဒါ့အပြင် Secret Dota2 အသင်းရဲ့ နာမည်ကျော် Dota2 ကစားသမား တစ်ဦးဖြစ်တဲ့ Matubaman, Streamer တစ်ဦး အဖြစ် လက်ရှိအချိန်မှာ ရပ်တည်လျက်ရှိတဲ့ ပရိုကစားသမားဟောင်း Febby တို့ အနေနဲ့လည်း မိန်းမပျိုလေးတွေ အသွင် ဝတ်စားပြီး ယခင်အချိန်တွေတုန်းက Streaming ပြုလုပ်ခဲ့ကြပါတယ်။

Matubaman

ယခုအခါမှာတော့ ESL One Birmingham 2020: China ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ အပြင် ESL One Birmingham ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ စွတ်ခူးနိုင်ခဲ့တဲ့ PSG.LGD Dota2 အသင်းရဲ့ Mid Lane ကစားသမား Maybe အနေနဲ့ ပရိသတ်တွေရဲ့ တောင်းဆိုချက်အရ မိန်းမလှလေး တစ်ဦးလို ဝတ်စားပြီး Streaming ပြုလုပ်ခဲ့ပါတယ်။

Maybe ရဲ့ ပရိသတ်တွေ အနေနဲ့ QoP Arcana ပုံစံ Cosplay ပြုလုပ်ဖို့ မူလ ပထမက တောင်းဆိုခဲ့ပေမယ့် Maybe ကတော့ QoP ပုံစံ ဝတ်စားခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့်လည်း ပရိသတ်တွေ တောင်းဆိုထားတဲ့ အတိုင်း အမျိုးသမီး တစ်ဦး ဝတ်စားပြီး Streaming ပြုလုပ်ခဲ့ပါတယ်။ Maybe အနေနဲ့ မိန်းကလေး တစ်ဦးလို ဝတ်စားပြခဲ့တဲ့ အပြင် အဆိုပါ Streaming Session မှာပဲ ပရိသတ်တွေရဲ့ တောင်းဆိုချက်အရ Dota1 ကစားပြခဲ့သလို တရုတ်နိုင်ငံ အခြေစိုက် အမျိုးသမီး Caster တွေနဲ့ အပြိုင် Sexy Dance တွေလည်း ကပြလို့ သွားခဲ့ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle