ယောကျာ်းလေးတစ်ယောက်အတွက် တစ်ကိုယ်ရည်သုံးသင့်တဲ့ပစ္စည်းတွေ ဘာတွေဖြစ်မလဲ

ယောကျာ်းလေးတစ်ယောက်အတွက် တစ်ကိုယ်ရည်သုံးသင့်တဲ့ပစ္စည်းတွေ ဘာတွေဖြစ်မလဲ

တစ်ကိုယ်ရည်သန့်ရှင်းမှုဆိုတာကလည်း ယောကျာ်း၊မိန်းမမှာမဟုတ်ပါဘူး အကုန်လုံးအတွက်လိုအပ်တဲ့ အရာတစ်ခုဆိုလည်းမမှားပါဘူးနော်။မိန်းကလေးတွေမှာကယောကျာ်းလေးတွေထက် တစ်ကိုယ်ရည်သုံးပစ္စည်းတွေရှိသလို များသလိုယောကျာ်းလေးတွေအနေနဲ့လည်း ကိုယ့်ရဲ့ သန့်ရှင်းမှုတွေမသုံးမဖြစ်သုံးသင့်တဲ့ ပစ္စည်းလေးတွေအကြောင်းမျှဝေပေးချင်ပါတယ်။
Face Cleanser
မျက်နှာသစ်ဆေးက မနက်မိုးလင်းလာတာနဲ့ ကိုယ့်ရဲ့မျက်နှာကိုဆေးကြောသန့်စင်တဲ့အခါမှာ ကိုယ်ခန္ဓာကိုယ်တိုက်တဲ့ဆပ်ပြာတွေနဲ့ ယောကျာ်းလေးတော်တော်များများကအလွယ်တကူသစ်လိုက်လေ့ရှိပါတယ်။တကယ်တမ်းတော့ ဆပ်ပြာတွေ ကိုယ့်မျက်နှာအသားအရေနုနုလေးတွေအတွက်မသုံးပေးသင့်ပါဘူးနော်။ ကိုယ့်အသားအရေနဲ့လိုက်ဖက်တဲ့ မျက်နှာသစ်ဆေးမျိုးကိုဈေးကွက်မှာလိုက်ရှာပြီး သုံးပေးသင့်ပါတယ်။


Shaver
Shaver ကတော့ယောကျာ်းလေးတိုင်းမှာမရှိမဖြစ်ပစ္စည်းတစ်ခုလည်းဖြစ်ပါတယ်။ Shaver ကိုလည်း ဖြစ်နိုင်ရင် တစ်ယောက်တည်းသုံးစေချင်ပါတယ်။တစ်ချို့ ယောကျ်ားလေးတွေကသူငယ်ချင်းတွေနဲ့ စုနေတာမျိုးတို့၊ ကိုယ့်ညီအကိုအချင်းချင်း ဘာမှမဖြစ်ဘူးဆိုပြီးမျှသုံးတတ်ကြပါတယ်။တကယ်တော့ Shaver   တွေကဘက်တီးရီးယားပိုးအများဆုံးကပ်ငြိနိုင်တဲ့အသုံးအဆောင်တစ်ခုပါနော်။


Roll On
ယောကျာ်းလေးတွေကလှုပ်ရှားမှုတွေတိုင်းမှာ အနံ့ထွက်တတ်တဲ့ယောကျာ်းလေးတွေဆိုရင် Roll On ကိုနေ့စဉ်သုံးပေးဖို့လိုအပ်ပါတယ်။ချွေးအနံ့ဆိုးတွေနဲ့ ဘက်တီးရီးယားပိုးတွေကိုကာကွယ်နိုင်ဖို့ရယ်နဲ့ တစ်နေ့တာလုံးလန်းလန်းဆန်းဆန်းဖြစ်နေဖို့အတွက်ဆို Roll On ကို သုံးကိုသုံးပေးသင့်ပါတယ်။

Kelly -Akhayar Lifestyle

Photo Credit - Pinterest