Singularity CSGO အသင်းရဲ့ အရံကစားသမား ဘဝကို သက်ဆင်းပေးရတဲ့ Mertz

B-Tier CSGO အသင်း တစ်သင်းဖြစ်တဲ့ Singularity ရဲ့ ကစားသမား တစ်ဦးဖြစ်သူ Daniel “mertz” Mertz ကတော့ အရံကစားသမား ဘဝကို သက်ဆင်း ပေးခဲ့ရပြီ ဖြစ်ပါတယ်။ Mertz အနေနဲ့ ဩဂုတ်လ (၁) ရက်နေ့က စတင်ကာ အသင်းသစ် ရှာဖွေနိုင်မှာဖြစ်ပြီး အဆင်ပြေတဲ့ အသင်း တွေ့ရှိခဲ့ရင် ပြောင်းရွေ့နိုင်မှာ ဖြစ်တယ်လို့ Team Singularity Esports အဖွဲ့အစည်းရဲ့ Founder နဲ့ CEO ဖြစ်သူ Atle S.Stehouwer ကတော့ အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

“Daniel အနေနဲ့ အတူ အလုပ် အတူ တွဲလုပ်ခွင့် ရရှိခဲ့တဲ့ အတွက်လည်း တကယ်ကို ဝမ်းမြောက်မိပါတယ်။ Team Singularity ကို ရောက်ရှိပြီး နောက်ပိုင်းမှာ Daniel ရဲ့ စွမ်းဆောင်ရည် တစ်ဟုန်ထိုး တိုးတက်ခဲ့တာကြောင့် အသင်းသစ်မှာလည်း အောင်မြင်မှုတွေကို စွတ်ခူးသွားနိုင်မယ်လို့ ယုံကြည်မိပါတယ်။” လို့ Stehouwer ကတော့ ပြောကြား သွားခဲ့ပါတယ်။
အသက် (၂၁) နှစ် အရွယ်သာ ရှိသေးတဲ့ Mertz အနေနဲ့ North, Heroic စတဲ့ နာမည်ကျော် CSGO အသင်းတွေ ကျင်လည် ကျက်စားခဲ့ဖူးပြီး Team Singularity ကို ၂၀၂၀ ခုနှစ်၊ ဇန်ဝါရီလမှာ စတင် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ Team Singularity ကို ရောက်ရှိခဲ့စဥ် အချိန်က စတင်ပြီး လက်ရှိအချိန်ထိ Mertz တစ်ယောက် ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Team Singularity ကနေ ထွက်ခွာသွားတော့မှာနဲ့ ပတ်သက်ပြီး Mertz ဘက်ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။
Today @mertzCS has been moved to the bench from the active CS:GO roster.
— Team Singularity (@SNG_Esports) July 6, 2020
Read: https://t.co/mRoMIzp8hB#SNGARMY pic.twitter.com/YyD8t0P0iv
“Team Singularity ကနေ ထွက်ခွာရတော့မှာ ဖြစ်တာကြောင့် ဝမ်းနည်းဝမ်းသာ ဖြစ်မိပါတယ်။ Team Singularity အဖွဲ့သားတွေ အနေနဲ့ ကျွန်တော့် ကစားသမား ဘဝ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေးပေါင်း များစွာကို ဖန်တီးပေးခဲ့ပါတယ်။ အသင်းမှာ တည်ရှိနေတဲ့ ကာလအတွင်း အနိမ့်၊ အမြင့်၊ အတက်၊ အကျပေါင်း များစွာနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ကျွန်တော့်ကို ယုံကြည်စွာနဲ့ အခွင့်အရေးပေးခဲ့တဲ့ အတွက် တကယ်ကို ကျေးဇူးတင်မိပါတယ်။
အသင်းသစ်ကို အလျင်စလို ရှာဖွေသွားမှာ မဟုတ်ဘဲ ခေတ္တအနားယူပြီးမှသာ ကျွန်တော့်အတွက် အကောင်းဆုံးဖြစ်မယ့် အသင်းကို ရှာဖွေပြီး အောင်မြင်မှုတွေ စွတ်ခူးနိုင်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ Singularity အဖွဲ့သားတွေ၊ ပရိသတ်တွေ အားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ရှိကြောင်း ဒီနေရာကနေ တစ်ဆင့် ပြောကြားလိုပါတယ်။”

Singularity CSGO အသင်းဘက်တော့ Mertz နေရာမှာ အစားထိုးသွားမယ့် ကစားသမားကို ကြေညာခြင်း မရှိသေးပေမယ့် မကြာခင် အချိန်အတွင်းမှာ ကြေညာသွားမယ်လို့ မျှော်လင့်ရပါတယ်။ Singularity CSGO အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- Tobias “TOBIZ” Theo
- Casper “Celrate” Andersen
- Jakob “Jabbi” Nygaard
- Emil “Remoy” Schlichter
- Peter “casle” Sorensen (Coach)
REF: VpEsports