MIBR CSGO အသင်းနဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ နည်းပြဖြစ်သူ Zews

MIBR CSGO အသင်းနဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ နည်းပြဖြစ်သူ Zews

MIBR CSGO အသင်းမှာ နည်းပြအဖြစ် (၁၅) လခန့် တာဝန် ထမ်းဆောင်ခဲ့ပြီး၊ အောင်မြင်မှုပေါင်း များစွာကို သိမ်းပိုက်နိုင်ပြီး နောက်မှာတော့ နာမည်ကျော် နည်းပြကြီး Wilton “Zews” Prado အနေနဲ့ အသင်းနဲ့ လမ်းခွဲသွားခဲ့ပြီ ဖြစ်ပါတယ်။

Zews အနေနဲ့ MIBR CSGO အသင်းကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၁ ရက်နေ့မှာ စတင်ရောက်ရှိခဲ့တာဖြစ်ပြီး အသင်း အောင်မြင်ဖို့ အတွက် များစွာသော အထောက်အကူတွေကို ပေးစွမ်းခဲ့ပါတယ်။ ဒါပေမယ့်လည်း MIBR CSGO အသင်း အနေနဲ့ နောက်ပိုင်းကာလတွေမှာ အောင်မြင်မှုတွေနဲ့ ဝေးကွာခဲ့ရပြီး အရှုံးရလဒ်တွေနဲ့သာ အမြဲတမ်း ဆိုသလို ရင်ဆိုင်ခဲ့ရပါတယ်။

လူစာရင်း အပြောင်းအလဲတွေ မကြာခဏ ပြုလုပ်ခဲ့ပေမယ့်လည်း ရလဒ်ပိုင်းမှာ တိုးတက်လာခြင်း မရှိခဲ့သလို CS_Summit 5 ပြိုင်ပွဲမှာ နောက်ဆုံး၊ DreamHack Open Anaheim, BLAST Premier Spring Sereis စတဲ့ ပြိုင်ပွဲတွေမှာလည်း အုပ်စု အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။ ဒါ့အပြင် လက်ရှိအချိန်မှာ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိတဲ့ FLASH POINT Season 1 အွန်လိုင်း ပြိုင်ပွဲမှာလည်း အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ဖို့ အတွက် ရုန်းကန်ခဲ့ရတာကြောင့် Zeus အနေနဲ့ အခုလို နှုတ်ထွက်ဖို့ အတွက် ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

Zeus ရဲ့ ပြောကြားချက်များအရ MIBR အသင်းရဲ့ ကျရှုံးမှုများနဲ့ ပတ်သတ်ပြီး မိမိ တာဝန်မကင်းသလို ခံစားရတာကြောင့် အခုလို အသင်းနဲ့ လမ်းခွဲဖို့ အတွက် ဆုံးဖြတ်ခဲ့ရတာဖြစ်ကြောင်း၊ MIBR CSGO အသင်း အတွင်းမှာ ပြဿနာပေါင်း များစွာ တည်ရှိနေကြောင်း၊ အဆိုပါ ပြဿနာများကို ဖြေရှင်းဖို့ အတွက်လည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရကြောင်း သိရပါတယ်။

ဒါ့အပြင် Zeus အနေနဲ့ MIBR CSGO အသင်းနဲ့ လမ်းခွဲခဲ့ပေမယ့် CSGO လောကအတွင်းမှာ ဆက်လက် တည်ရှိနေဦးမှာ ဖြစ်ကြောင်းကို အောက်ပါအတိုင်း ပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော့်ရှေ့ရေးနဲ့ ပတ်သတ်ပြီး လက်ရှိအချိန်ထိ အတိအကျ ဆုံးဖြတ်ရခြင်း မရှိသေးပါဘူး။ ဒါပေမယ့်လည်း ကျွန်တော် ချစ်မြတ်နိုးတဲ့ CSGO လောကအတွင်းမှာ ဆက်လက် နေထိုင်သွားလိုပြီး အနိုင်ရလိုစိတ် ပြင်းထန်တဲ့ CSGO အသင်းတွေကို ကူညီပေးသွားဖို့ အတွက် ဆန္ဒရှိနေတုန်းပါပဲ။ တကယ်လို့ ခင်ဗျားတို့ အဖွဲ့အစည်း အနေနဲ့ နိုင်လိုစိတ် ပြင်းထန်ပြီး၊ ကျွန်တော့် ခံယူချက်ကို သဘောကျတယ် ဆိုရင်တော့ အမြန်ဆုံး ကျွန်တော့်ကို ဆက်သွယ်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။”

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle