Microsoft တည်ထောင်တဲ့ ၄၄ နှစ်ပြည့်မှာ ကုမ္ပဏီသမိုင်းကြောင်းကို ပြန်ကောက်ကြည့်ရအောင်

Microsoft တည်ထောင်တဲ့ ၄၄ နှစ်ပြည့်မှာ ကုမ္ပဏီသမိုင်းကြောင်းကို ပြန်ကောက်ကြည့်ရအောင်

၁၉၇၅ ခုနှစ်ရဲ့ ဧပြီလ ၄ ရက်နေ့မှာ ငယ်သူငယ်ချင်းတွေ ဖြစ်တဲ့ Bill Gates နဲ့ Paul Allen တို့ဟာ Microsoft ကုမ္ပဏီကို အမေရိကန်နိုင်ငံ New Mexico ပြည်နယ်၊ Albuquerque မြို့မှာ စတင်တည်ထောင်ခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းက အမေရိကန်အများစုဟာ လက်နှိပ်စက်တွေကိုပဲ အများစု သုံးနေကြတုန်းပေါ့။ အဲဒီအချိန်မှာ Microsoft ဟာ Computer Software တွေ ထုတ်လုပ်ရောင်းချဖို့ ရည်ရွယ်ပြီး တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

New Mexico ပြည်နယ်က အခြေတည်လာတဲ့ Microsoft ဟာ ၄ နှစ်အကြာမှာ ဝါရှင်တန်ပြည်နယ်ကို ပြောင်းရွှေ့လာခဲ့ပြီး Multinational Technology Corporation ကြီးအဖြစ် တဖြည်းဖြည်းကြီးထွားလာခဲ့ပါတယ်။ ဘယ်လောက်တောင် အောင်မြင်ခဲ့လဲဆိုရင် ၁၉၈၆ ခုနှစ်၊ ကုမ္ပဏီကို Public လုပ်ပြီး ရှယ်ယာတွေ စရောင်းတဲ့အချိန်မှာ အသက် ၃၁နှစ်ရှိပြီ ဖြစ်တဲ့ Bill Gates ဟာ ကမ္ဘာ့အသက်အငယ်ဆုံး ဘီလျံနာ ဖြစ်လာခဲ့တဲ့အထိပါပဲ။

Bill Gates နဲ့ Paul Allen တို့ဟာ အစပထမက ကုမ္ပဏီကို Micro-soft လို့ ခေါ်ခဲ့တာ ဖြစ်ပြီး Microprocessors တွေနဲ့ Software ကို ရည်ညွှန်းပါတယ်။ ဒီလိုတည်ထောင်နိုင်ဖို့လည်း Allen ဟာ ဘော်စတွန်မှာရှိတဲ့ သူ့ရဲ့ Programmer အလုပ်က ထွက်ခဲ့ပြီး Bill Gates ကတော့ Harvard University ကနေ ထွက်ခဲ့ကြတာ ဖြစ်ပါတယ်။

Paul Allen
Bill Gates

Albuquerque မြို့မှာ ကုမ္ပဏီအခြေစိုက်ဖြစ်ခဲ့တာက Albuquerque ဟာ Microcomputer ဖြစ်တဲ့ Altair 8800 ကို တည်ဆောက်တဲ့ MITS ကုမ္ပဏီအခြေစိုက်နေရာ ဖြစ်လို့ပဲ ဖြစ်ပါတယ်။

၁၉၈၁ ခုနှစ်မှာ Microsoft ဟာ IBM ရဲ့ ပထမဆုံး Personal Computer မှာ သုံးတဲ့ MS-Dos Operating System ကို ထုတ်ပေးခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်မှာ ပူးတွဲတည်ထောင်သူ Allen ဟာ သူ့မှာ Hodgkin’s lymphoma ရောဂါကို စစ်ဆေးတွေ့ရှိပြီးနောက်မှာ Microsoft ကနေ ထွက်ခွာခဲ့ပြီး ရောဂါကုသမှုခံယူခဲ့တာ အောင်မြင်ပါတယ်။

၁၉၈၅ ခုနှစ်မှာတော့ Microsoft ဟာ Operating System အသစ်ဖြစ်တဲ့ Windows ကို ထုတ်ခဲ့ပြီး Drop-down Menus ၊ Scroll Bars နဲ့ တခြား Features တွေ ပါဝင်တဲ့ Graphical User Interface (GUI) ပါတဲ့ Operating System ကို မိတ်ဆက်ခဲ့ပါတယ်။

အဲဒီနှစ်မှာပဲ ကုမ္ပဏီကို ဝါရှင်တန်ကို ပြောင်းရွှေ့ခဲ့သလို ရှယ်ယာတစ်ခုကို ၂၁ ဒေါ်လာနဲ့ အများပြည်သူကို ရောင်းချပြီး ဒေါ်လာ ၆၁ သန်းထိ ထိုးတက်ခဲ့ပါတယ်။ ၁၉၈၀ ခုနှစ်နောက်ပိုင်းမှာတော့ Microsoft ဟာ ကမ္ဘာ့အကြီးဆုံး PC Software ကုမ္ပဏီဖြစ်လာခဲ့ပါတယ်။

၁၉၉၅ ခုနှစ်မှာတော့ အင်တာနက်အသုံးပြုလာမှုနဲ့အတူ Microsoft ဟာ Web Browser ဖြစ်တဲ့ Internet Explorer ကို မိတ်ဆက်ပေးခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှာဆိုရင် Xbox Console ကို မိတ်ဆက်ပေးခဲ့ပြီး ဂိမ်းလောကကိုပါ ဝင်လာခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ Mobile-Phone ဈေးကွက်က Apple နဲ့ Search-Engine Market က Google လို ကုမ္ပဏီကြီးတွေနောက်မှာ ကျန်ခဲ့တာ ဖြစ်ပါတယ်။

ဘာတွေပဲဖြစ်ဖြစ် ကျွန်တော်တို့ မျိုးဆက်တွေဟာ Microsoft က ထုတ်တဲ့ ထုတ်ကုန်တွေနဲ့ မကင်းခဲ့ကြပါဘူး။ ဒါကြောင့်ပဲ Microsoft ၄၄နှစ်ပြည့်မှာ အမှတ်တရအနေနဲ့ ကုမ္ပဏီရဲ့ သမိုင်းကြောင်းကို အကျဉ်းချုံး ဖော်ပြပေးလိုက်ပါတယ်။

Yoe Lu (Akhayar)


Source : Wikipedia

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle