Streaming Platform Mixer ကို ဖျက်သိမ်းပြီး Facebook Gaming နဲ့ ပူးပေါင်းလိုက်တဲ့ Microsoft

နည်းပညာ ကုမ္ပဏီကြီး Microsoft အနေနဲ့ Streaming Platform ဖြစ်တဲ့ Mixer ကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့မှာ တရားဝင် လွှင့်တင်ခဲ့ပါတယ်။ Mixer ကို တည်ထောင်ခဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ နာမည်ကျော် Streaming Platform ဖြစ်တဲ့ Twitch နဲ့ ယှဉ်ပြိုင်ဖို့ ဖြစ်ပါတယ်။

Twitch နဲ့ ရင်ဘောင်တန်း ရပ်တည်နိုင်ဖို့ အတွက် ရည်ရွယ်ပြီး Microsoft အနေနဲ့ နာမည်ကျော် Streamer တွေဖြစ်တဲ့ Shroud, Ninja, TheGrefg တို့ကို Twitch ကနေ Mixer မှာ ပြောင်းလဲ Streaming ပြုလုပ်ပေးဖို့ အတွက် ဒေါ်လာ သန်းပေါင်းများစွာ အကုန်အကျခံကာ စာချုပ်ချုပ်ဆို ခေါ်ယူခဲ့ပါတယ်။

ဒါပေမယ့်လည်း မှန်းချက်နဲ့ နှမ်းထွက် ကိုက်ညီခြင်း မရှိခဲ့ဘဲ Mixer အနေနဲ့ Twitch, YouTube, Facebook Gaming စတဲ့ အခြားသော Streaming Platform တွေကို ယှဉ်ပြိုင်နိုင်ခြင်း မရှိတာကြောင့် Mixer ကို ပြန်လည် ပိတ်သိမ်း သွားတော့မှာ ဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။
Microsoft အနေနဲ့ Mixer ကို ပိတ်သိမ်းသွားမှာ ဖြစ်ပေမယ့်လည်း အခြားသော Streaming Platform တစ်ခုဖြစ်တဲ့ Facebook Gaming နဲ့ ပူးပေါင်းသွားမှာ ဖြစ်ပါတယ်။ Mixer မှာ Streaming ပြုလုပ်လျက်ရှိတဲ့ Streamer တွေ အနေနဲ့ Facebook Gaming မှာ ပြောင်းလဲ Streaming ပြုလုပ်ချင်တယ် ဆိုရင်လည်း Microsoft ဘက်မှ အစအဆုံး ကူညီ ဆောင်ရွက် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

တကယ်လို့ Facebook Gaming မဟုတ်ဘဲ အခြားသော Streaming Platform ကို ပြောင်းလဲ အသုံးပြုဖို့ စဉ်းစားခဲ့မယ် ဆိုရင်လည်း Mixer ဘက်မှ တားမြစ်သွားမှာ မဟုတ်ကြောင်း၊ မိမိနှစ်သက်ရာ Streaming Platform ကို စိတ်ကြိုက် ပြောင်းလဲ အသုံးပြုနိုင်ကြောင်းMicrosoft ဘက်မှ တရားဝင် ကြေညာသွားခဲ့ပါတယ်။
လက်ရှိအချိန်မှာ Mixer ကို အသုံးပြုနိုင်ဦးမှာ ဖြစ်ပေမယ့် ဇူလိုင်လ ၂၂ ရက်နေ့က စတင်ပြီး Mixer App ဒါမှမဟုတ် Website ကို ဝင်ရောက် လိုက်တာနဲ့ Facebook Gaming ကို Redirect ပြုလုပ် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Mixer Pro Subscriptions ဝယ်ယူထားသူများကိုလည်း Xbox Gift Card တွေ ပြန်လည် ပေးအပ်သွားမှာ ဖြစ်ပါတယ်။
Mixer Partners, streamers, and community - today, we've got some very big news for you.
— Mixer (@WatchMixer) June 22, 2020
While we’ve decided to close the operations side of Mixer, we're officially partnering with @FacebookGaming and we're cordially inviting all of you to join.
📰 https://t.co/E1eMDvjYQb pic.twitter.com/554hHAXfaB
ကောလာဟလတွေအရ Mixer ရဲ့ နာမည်ကျော် Streamer နှစ်ဦးဖြစ်တဲ့ Shroud နဲ့ Ninja တို့ကို Facebook Gaming မှာ ပြောင်းလဲ Streaming ပြုလုပ်ဖို့ အတွက် Facebook ဘက်က ဒေါ်လာ သန်းပေါင်း များစွာ အသုံးပြု ကမ်းလှမ်းခဲ့ပေမယ့်လည်း အဆိုပါ Streamer နှစ်ဦးလုံးကတော့ Facebook ရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ Shroud နဲ့ Ninja တို့ နှစ်ဦးလုံးကတော့ Mixer ကို ကျေးဇူးတင်စကားတွေ အသီးသီး ပြောကြားသွားခဲ့ပြီး ရှေ့ဆက် အသုံးပြုသွားမယ့် Platform ကို အချိန်ယူ စဥ်းစားသွားမှာ ဖြစ်ကြောင်းကို ကိုယ်ပိုင် Twitter စာမျက်နှာတွေကနေ တစ်ဆင့် အသီးသီး အတည်ပြုပေးခဲ့ပါတယ်။