Team Secret နဲ့ ခဏတာ ပြန်လည် ပူးပေါင်းသွားမယ့် MidOne

Team Secret နဲ့ ခဏတာ ပြန်လည် ပူးပေါင်းသွားမယ့် MidOne

2018-2019 DPC ရာသီ ပြီးဆုံးပြီး သိပ်မကြာခင် အချိန်အတွင်းမှာ မလေရှားနိုင်ငံသား နာမည်ကျော် Mid ကစားသမား တစ်ဦးဖြစ်တဲ့ MidOne အနေနဲ့ Team Secret Dota2 အသင်းရဲ့ ကစားသမား ဘဝကနေ အနားယူသွားခဲ့ပါတယ်။ MidOne အနေနဲ့ နေရပ်နဲ့ ဝေးရာမှာ အချိန်အကြာကြီး နေထိုင်ခဲ့ရတာကြောင့် အခုလို Team Secret Dota 2 အသင်းကနေ အနားယူခဲ့ရတာဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ကြေငြာခဲ့သလို အသင်းသစ် တစ်သင်းကို ကိုယ်တိုင်ကိုယ်ကျ တည်ထောင်သွားဖွယ်ရှိကြောင်း အရိပ်အမြွက် ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် 2019-2020 DPC ရာသီရဲ့ ဒုတိယမြောက် Major/ Minor လက်ရည်စစ်ပွဲမှာလည်း SEA ဒေသတွင်း နာမည်ကျော် Support ကစားသမား NinjaBoogie နဲ့အတူ လက်တွဲကာ အပျော်သဘော ဝင်ရောက် ကစားခဲ့ပေမယ့်လည်း Open Qualifier အဆင့်မှာတင် ကျရှုံးခဲ့ရပါတယ်။ ယခုအခါမှာတော့ နာမည်ကျော် ကစားသမား MidOne နဲ့ အသင်းဟောင်း Team Secret တို့ ပြန်လည် လက်တွဲရန် အကြောင်းဖန်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။

Team Secret အနေနဲ့ မကြာခင် အချိန်အတွင်း စင်ကာပူနိုင်ငံမှာ ကျင်းပသွားမယ့် ONE Esports Dota 2 World Pro Invitational ပြိုင်ပွဲကြီးမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အဆိုပါ ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ရန် Team Secret Dota 2 အသင်းရဲ့ နာမည်ကျော် Pos 4 ကစားသမား Yapzor တစ်ယောက် လိုက်ပါနိုင်ခြင်း မရှိတာကြောင့် MidOne အနေနဲ့ Yapzor နေရာမှာ ဝင်ရောက် ကစားသွားမှာ ဖြစ်ပါတယ်။

One Esports Dota 2 World Pro Invitational ပြိုင်ပွဲကြီးဟာဆိုရင် DPC Point ပေးအပ်သွားမှာ မဟုတ်တဲ့ ပြိုင်ပွဲတစ်ခု ဖြစ်ပေမယ့် စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ ၅ သိန်း ချီးမြှင့်သွားမှာဖြစ်တဲ့ ပြိုင်ပွဲကြီး တစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ ပြိုင်ပွဲကြီးမှာ ကမ္ဘာတစ်ဝှမ်းမှ Dota 2 အသင်းကြီးပေါင်း များစွာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

MidOne အနေနဲ့ Team Secret နဲ့အတူ One Esports Dota 2 World Pro Invitational ပြိုင်ပွဲကြီးမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်တာကြောင့် ဆရာဟောင်းဖြစ်သူ Puppey နဲ့ အတူတကွ ပြန်လည် ယှဉ်ပြိုင်ခွင့်လည်းကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

Position အသစ်မှာ ဝင်ရောက် ကစားသွားမယ့် MidOne အနေနဲ့ Team Secret Dota 2 အသင်းနဲ့အတူ One Esports Dota 2 World Pro Invitational ပြိုင်ပွဲကြီးမှာ ယခင် အချိန်တွေတုန်းကလို ကောင်းမွန်တဲ့ အစွမ်းအစတွေကိုပဲ ပြသသွားမလား ဒါမှမဟုတ် ဆရာတပည့် နှစ်ယောက်ပေါင်းပြီး ပျော်ပျော်ပါးပါးကြီး Throw ကျမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle