OG Dota2 အသင်းနဲ့ Bootcamp မှာ ပြန်လည် ပူးပေါင်းနိုင်ခဲ့ပြီဖြစ်တဲ့ MidOne

OG Dota2 အသင်းနဲ့ Bootcamp မှာ ပြန်လည် ပူးပေါင်းနိုင်ခဲ့ပြီဖြစ်တဲ့ MidOne

ပြီးခဲ့တဲ့နေ့က အသင်းရဲ့ Carry ကစားသမားဖြစ်သူ Sumail ကို ထုတ်ပယ်ပြီး TI နှစ်ထပ်ကွမ်း ချန်ပီယံ ကစားသမား Ceb ကို ပြန်လည် ခေါ်ယူခဲ့တဲ့ OG Dota2 အသင်းကတော့ ပရိသတ်တွေ အတွက် နောက်ထပ် သတင်းကောင်း တစ်ခုကို ထပ်မံ ထုတ်ဖော် ပြသသွားခဲ့ပြီ ဖြစ်ပါတယ်။

အဲဒါကတော့ OG Dota2 အသင်းရဲ့ Carry ကစားသမားသစ် ဖြစ်လာမယ့် MidOne တစ်ယောက် OG Dota2 အသင်းရဲ့ Bootcamp မှာ လာရောက် ပူးပေါင်းနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ MidOne အနေနဲ့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ စတင်စဉ် အချိန်ကတည်းက နေအိမ်ရှိရာ မလေးရှားနိုင်ငံကို ပြန်သွားခဲ့တာကြောင့် OG Dota2 အသင်း ယှဉ်ပြိုင်ခဲ့ရတဲ့ အွန်လိုင်း ပြိုင်ပွဲတွေမှာ Ping 200 အထက်ဖြင့် ကစားခဲ့ရပါတယ်။

ဒီနေ့မှာတော့ OG Esports အဖွဲ့အစည်းရဲ့ CEO အသစ်ဖြစ်သူ JMR Luna တစ်ယောက် Twitter ကနေ တစ်ဆင့် ပြသခဲ့တဲ့ ပုံရိပ်တွေ အရ MidOne ကို အခြားသော OG Dota2 အဖွဲ့သားတွေဖြစ်တဲ့ N0tail, Topson, Ceb တို့အပြင် နည်းပြဖြစ်သူ Sockshka တို့နဲ့အတူ မြင်တွေ့ခဲ့ရပါတယ်။

MidOne အနေနဲ့ အခုလို OG Dota2 အဖွဲ့သားတွေနဲ့ ပြန်လည် ပူးပေါင်းနိုင်ခဲ့ပြီ ဖြစ်တာကြောင့် နောင်ကျင်းပသွားမယ့် ပြိုင်ပွဲတွေမှာ Ping ပြဿနာတွေနဲ့ ရင်ဆိုင်တော့ရမှာ မဟုတ်သလို Carry Position အသစ်မှာ အသားကျဖို့ အတွက်လည်း အသင်းသားတွေနဲ့ အတူတကွ လေ့ကျင့်ခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မြင်တွေ့ရတဲ့ ပုံရိပ်တွေအရ OG Dota2 အသင်းရဲ့ Bootcamp မှာ Pos4 ကစားသမားဖြစ်သူ Saksa ကို မြင်တွေ့ရခြင်း မရှိသေးပေမယ့် Saksa ရဲ့ နေအိမ်ဟာ ဥရောပတိုက် အတွင်းမှာသာ တည်ရှိလျက် ရှိတာကြောင့် OG Dota2 အဖွဲ့သားတွေ အားလုံး Ping ပြဿနာ မရှိဘဲ ပြိုင်ပွဲတွေမှာ အဆင်ပြေပြေ ယှဉ်ပြိုင်ခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။

OG Dota2 အဖွဲ့သားတွေ အနေနဲ့ ဇူလိုင်လ ၂၇ ရက်နေ့မှာ စတင် ကျင်းပသွားမယ့် OGA Dota PIT Season 2: EU/ CIS ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် Vikin.gg နဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်တာကြောင့် လူစာရင်း အပြောင်းအလဲ၊ Position အပြောင်းအလဲတွေ ပြုလုပ်ထားတဲ့ OG Dota2 အသင်း အနေနဲ့ ချန်ပီယံဆုကို စိန်ခေါ်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

OG Dota 2 အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • MidOne – Pos 1
  • Topson – Pos 2
  • Ceb – Pos 3
  • Saksa – Pos 4
  • Notail – Pos 5

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle