MMR 10K ကစားသမားတွေကို နောက်ပြောင်သွားခဲ့တဲ့ MidOne

လက်ရှိအချိန်မှာ 10K MMR ကို ရောက်ရှိသွားခဲ့တဲ့ ကစားသမား (၁၅) ဦးအထိ မြင့်တက်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် OG Dota2 အသင်းရဲ့ Offlane ကစားသမားလည်းဖြစ်၊ 10K MMR စံချိန်ကို ဒုတိယမြောက် ရယူနိုင်ခဲ့တဲ့ ကစားသမားလည်းဖြစ်တဲ့ Yeik “MidOne” Nai Zheng ကတော့ MRR 10K ကစားသမားတွေကို နောက်ပြောင်သွားခဲ့ပါတယ်။
10k mmr players lolz none of them ever wonn Ti so.. 10k MMR FOR???
— MidOne (@midonedota2) April 6, 2020
“10K MMR ကစားသမားတွေ အထဲမှာ TI ရဖူးတဲ့လူရော ရှိလို့လား။ 10K MMR ရတာ ဘာလုပ်ရမှာလဲ” ဆိုတဲ့ သဘောမျိုးဆောင်တဲ့ Tweet တစ်ခုကို MidOne အနေနဲ့ ကိုယ်ပိုင် Twitter စာမျက်နှာကနေ တစ်ဆင့် ပို့စ်တင်ခဲ့တာ ဖြစ်ပါတယ်။
MidOne ပြောခဲ့တဲ့ စကားက 10K MMR ကစားသမား အများစု အတွက် အထိနာစေမယ့် စကားတစ်ခွန်း ဖြစ်ပေမယ့်လည်း ကစားသမား တစ်ယောက်ကတော့ MidOne ရဲ့ စကားနဲ့ ပတ်သတ်ပြီး မိန့်မိန့်ကြီး ကျေနပ်နေမှာ အသေအချာပါပဲ။

OG Dota2 အသင်းမှာ MidOne ရဲ့ အသင်းဖော် တစ်ဦးအဖြစ် ကစားလျက်ရှိတဲ့ Syed Sumail “Sumail” Hassan အနေနဲ့ The International 2015 ပြိုင်ပွဲမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့သလို လက်ရှိအချိန်မှာ 10K MMR ပြည့် ကစားသမား အဖြစ်လည်း မှတ်တမ်းတင်ထားနိုင်တာကြောင့် MidOne ရဲ့ လှောင်ပြောင်မှုက Sumail အပေါ် သက်ရောက်မှု မရှိမှာ အသေအချာပါပဲ။

ဒါ့အပြင် 10K MMR ပြည့်မြောက်တဲ့ အထိ တစ်ကိုယ်ရည် စွမ်းဆောင်ရည်ကောင်းတွေကို ပိုင်ဆိုင်ထားပေမယ့်လည်း The International ပြိုင်ပွဲအပါအဝင် ပြိုင်ပွဲအများစုမှာ အဆိုပါ ကစားသမားတွေ အနေနဲ့ လက်စွမ်းကောင်းတွေကို ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတာကြောင့် MidOne အနေနဲ့ Dota2 ဆိုတာ Teamwork၊ အသင်းလိုက် ကစားဟန် အပေါ် မူတည်တဲ့ ဂိမ်းတစ်ခုဖြစ်ကြောင်း၊ တစ်ဦးတည်း တော်နေရုံနဲ့ အနိုင်ရရှိနိုင်ဖို့ မဖြစ်နိုင်ကြောင်း တစ်ဖက်လှည့်ဖြင့် 10K MMR ပြည့် ကစားသမားတွေကို နောက်ပြောင်ရင်း၊ သတိပေး သွားခဲ့တာလည်း ဖြစ်နိုင်ပါတယ်။
REF: AfkGaming