Miley ရဲ့ Instagram Story တွေကို တုံ့ပြန်လိုက်တဲ့ Ariana ၊ Hailey နဲ့ နာမည်ကျော်များ

Miley ရဲ့ Instagram Story တွေကို တုံ့ပြန်လိုက်တဲ့ Ariana ၊ Hailey နဲ့ နာမည်ကျော်များ

Miley Cyrus ကတော့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုပြီး သူ့ရဲ့ Instagram Feed နဲ့ Story မှာ ပုံတွေ Video တွေ မွစာကြဲအောင် တင်ခဲ့ပါတယ်။ သူ့ရဲ့ IG က Post တစ်ခုမှာဆိုရင် “ အမျိုးသမီးများနေ့ ပြီးသွားတာ နှစ်ရက်ရှိပြီဆိုတာ သိပါတယ်။ ဒါပေမယ့် နေ့တိုင်းကို အမျိုးသမီးများနေ့လို့ ကြေညာမှာပါပဲ” လို့ ရေးထိုးခဲ့တာလည်း ဖြစ်ပါတယ်။

Miley Cyrus ဓာတ်ပုံတွေ တင်ပြီး Tribute လုပ်ခဲ့တဲ့အထဲမှာ Ariana Grande ၊ Hailey Baldwin ၊ Nicki Minaj နဲ့ Demi Lovato စပြီး အများကြီး အများကြီး ပါဝင်ပါတယ်။

Nicki Minaj
Nicki Minaj နဲ့ Video မှာတော့ “We all love to see women on top” လို့ စာထိုးထားပြီး Nicki Minaj ကလည်း Post အောက်မှာ အသည်းလေးတွေ ပြန်ပေးခဲ့ပါတယ်။

Demi Lovato
Disney Star တူတူ ဖြစ်ခဲ့ကြတဲ့ Demi Lovato နဲ့ ငယ်ငယ်တုန်းက ပုံလေး ပြန်တင်ထားပြီး Sorry No Sorry လို့ ရေးထားခဲ့ပါတယ်။ Demi Lovato ကလည်း Miss you ဆိုပြီး Story ကို Repost ပြန်လုပ်ခဲ့ပါတယ်။ ဒါတင်မဟုတ်ဘဲ Selena Gomez နဲ့ Demi Lovato တို့နဲ့ ရိုက်တဲ့ ဓာတ်ပုံကို “Very Rare” ဆိုတဲ့ စာသားနဲ့ Share ခဲ့ပါသေးတယ်။

Ariana Grande
Ariana Grande ရဲ့ 7 Rings နဲ့ သူ့ရဲ့ Edit လုပ်ထားတဲ့ Video Footage လေးကို IG မှာရော ၊ Twitter မှာပါ တင်ခဲ့ပြီး Ariana Grande ကလည်း “hi liam can we pls share your wife I’m so sorry” လို့ အရွှန်းဖောက်ပြီး ပြန်တင်ခဲ့ပါတယ်။

Taylor Swift
Miley ဟာ Taylor Swift နဲ့ပုံကိုတော့ Demi Lovato ၊ Emily Osment နဲ့ Vanessa Hudgens တို့နဲ့ ကခုန်နေတဲ့ပုံနဲ့ တင်ထားသလို သူ Twerking လုပ်နေတဲ့ နောက်မှာ Taylor ကို ထည့်ပြီးလည်း IG မှာ တင်ခဲ့ပါတယ်။

https://twitter.com/MileyCyrus/status/1104611382660681728?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1104611382660681728&ref_url=http%3A%2F%2Fwww.akhayar.media%2Fariana-grande-and-celebrities-responded-to-miley-cyruss-instagram-and-twitter-tributes%2F


Ashley Tisdale
High School Musical Star Ashley Tisdale နဲ့ ကျတော့ သူတို့ရဲ့ ဆံပင်ဆက်တာတွေ ခေတ်စားတဲ့အချိန်တုန်းက ပုံလေးနဲ့ တင်ခဲ့တာ ဖြစ်ပါတယ်။

Hailey Baldwin
ဒီလိုတွေ တင်ခဲ့တဲ့အထဲမှာ Justin Bieber ရဲ့ ဇနီးချောလေး Hailey Baldwin လည်း ပါဝင်ပြီး သူတို့ နှစ်ယောက်မျက်နှာပြောင်ထားတဲ့ ပုံလေးနဲ့ “I feel 100 and 100 at the same time” လို့ တင်ခဲ့ပြီး Hailey ကလည်း Repost ပြန်လုပ်ခဲ့ပါတယ်။

Katy Perry
Katy Perry နဲ့ ကျတော့ သူတို့နှစ်ယောက်နမ်းနေတဲ့ပုံနဲ့ “ I kissed a WOMAN and I LOVED it” ဆိုပြီး Katy Perry ရဲ့ သီချင်း “I Kissed A Girl” ကို ရည်ညွှန်းပြီး တင်ခဲ့ပါတယ်။

Adele
Adele နဲ့ ပုံမှာတော့ တခြားနာမည်ကျော်တွေပါ ပါဝင်ပြီး “She really should’ve warned America. They were not ready.” ဆိုပြီး တင်ထားခဲ့တာ ဖြစ်ပါတယ်။

Kylie Jenner နဲ့ Kim Kardashian
Miley Cyrus က ဒီတစ်ခါတော့ အသက်အငယ်ဆုံး ဘီလျံနာမလေး Kylie Jenner နဲ့ မမကြီး Kim Kardashian ကို Dinner Date ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

Vanessa Hudgens
Miley Cyrus တစ်ယောက် Hannah Montana အတွက် ရိုက်ကူးနေတဲ့အချိန်က Vanessa Hudgens နဲ့ တွေ့တဲ့ ပုံလေးကို တင်ထားခဲ့ပါတယ်။

Emma Roberts

Emma Roberts နဲ့ တွဲရိုက်ထားတဲ့ပုံလေးမှာတော့ သူတို့နှစ်ယောက်ဟာ ဆံပင်အရောင်တူ၊ ပုံစံတူနဲ့ ဖြစ်နေပါတယ်။

Rihanna
RiRi ကတော့ မပါမဖြစ်ပါပဲနော်။ RiRi ရယ်၊ တခြားအမျိုးသမီးအဆိုတော်တွေနဲ့ သီချင်းဆိုနေတဲ့ Footage လေးကိုတော့ IG မှာရော Twitter မှာရော  တင်ထားခဲ့တာ ဖြစ်ပါတယ်။

https://twitter.com/MileyCyrus/status/1104886578214776833?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1104886578214776833&ref_url=http%3A%2F%2Fwww.akhayar.media%2Fariana-grande-and-celebrities-responded-to-miley-cyruss-instagram-and-twitter-tributes%2F


Miley Cyrus ရဲ့ IG နဲ့ Instagram မှာ တင်ထားတဲ့ ပုံတွေ ၊ Video အပိုင်းအစတွေဟာ ရှားပါးပုံရိပ်ဟောင်းလေးတွေမို့ ဖတ်ရှုသူတွေလည်း ကျေနပ်ကြမယ်လို့ မျှော်လင့်ပါတယ်။

Yoe Lu (Akhayar)

Source : Elle.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle