စိတ်တွေရှုပ်ထွေးနေရင်ဘယ်လိုနည်းလမ်းလေးတွေနဲ့စိတ်တည်ငြိမ် မှုကိုပြန်လည်လုပ်ယူမလဲ

စိတ်တွေရှုပ်ထွေးနေရင်ဘယ်လိုနည်းလမ်းလေးတွေနဲ့စိတ်တည်ငြိမ် မှုကိုပြန်လည်လုပ်ယူမလဲ

လူတွေရဲ့စိတ်ကခန့်မှန်းရအရမ်းခက်တာပါ။စိတ်ကျန်းမာရေးဆိုတာနဲ့ရူးနေတာမဟုတ်ပါဘူး။စိတ်ဆိုတာလူတိုင်းနဲ့ဆိုင်တဲ့အရာပါ။မနက်မိုးလင်းလာလို့ကိုယ့်ရဲ့စိတ်ကလေးဟာမတည်ငြိမ်နေရင်တစ်နေ့တာအလုပ်တွ့အဆင်မပြေတော့ဘူးလို့လက်ခံတတ်ကြပါတယ်။ကိုယ့်ရဲ့စိတ်ကလေးက ထွက်ပေါက်လိုအပ်နေတယ်လို့ထင်ရင်အခုပြောပြတဲ့နည်းလမ်းလေးတွေလုပ်ရင်ကိုယ့်ရဲ့စိတ်ကလေးကအမြဲကြည်လင်နေပါလိမ့်မယ်။

Mindfulness Meditation
Mindfulness Meditation လုပ်ခြင်းကအမြဲတစေပြောင်းလဲနေတဲ့အာရုံကိုသတိထားပြီးတော့ထွက်သက်ဝင်သက်လေးကိုမှတ်ပေးရုံပါ။၅ မိနစ်လေးထိုင်ခုံမှာထိုင်ရင်းမျက်လုံးလေးကိုမှိတ်လိုက်ပြီးမှတ်နေလိုက်ရုံနဲကိုယ့်စိတ်ကလေးကခဏတာအေးချမ်းမှုလေးရရှိသွားနိုင်ပါတယ်။

Yoga Exercise
Yoga ဆော့တာကအရိုးအဆစ်လည်းကောင်းမွန်စေတယ်။စိတ်ကိုတည်ငြိမ်စေတဲ့လေ့ကျင့်ခန်းလည်းဖြစ်တဲ့အတွက်လူကြီးရောလူငယ်ရောလေ့ကျင့်သင့်ပါတယ်။

စာအုပ်ဖတ်ပါ
အနာဂတ်လှဖို့စာဖတ်ပါဆိုတဲ့အတိုင်း စာအုပ်ဖတ်ခြင်းကလည်းကိုယ်ရဲ့ဦးနှောက်ကိုကိတ်စေတဲ့အပြင်အသိပညာတိုးစေပြီး စိတ်ကိုလည်းအနားပေးခြင်းတစ်မျိုးပဲ့နော်။

နေရောင်ခြည်ကိုခံစားပါ
မနက်ခင်းရဲ့နေရောင်ခြည်ကိုခံစားပြီးကိုယ့်ရဲ့အသက်ရှုအသံလေးကိုနားထောင်လိုက်ခြင်းကလည်းအရမ်းကိုအေးချမ်းပြီးတစ်နေ့တာလှုပ်ရှားမှုအတွက်အဆင့်အသင့်ဖြစ်နေပြီဆိုတဲ့ခံစားမှုရမျိုးပါ။

သီချင်းနားထောင်ပါ
ကိုယ့်ရဲ့စိတ်ကအရမ်းကိုရှုပ်ထွေးနေရင်ဘယ်သူနဲ့မှစကားမပြောပဲ့နဲ့တစ်ယောက်တည်းနေလို့ရတဲ့အခန်းလေးထဲမှာ နားကျပ်တပ်ပြီးကိုယ့်ဖုန်းထဲကအကောင်းဆုံးနဲ့၊အကြိုက်ဆုံးသီချင်းလေး ကိုဖွင့်ပြီးနားထောင်လိုက်ပါနော်။ပြီးရင်ရှုပ်နေတဲ့အရာအားလုံးကိုမေ့လိုက်ပါနော်။

Kelly (Akhayar Lifestyle)

Photos Credit