Invoker ကစားရာမှာ အထောက်အကူ ဖြစ်စေဖို့ Streamer တစ်ဦးရဲ့ ကစားဟန်ကို လေ့လာခဲ့ကြောင်း Miracle ပြောကြား

Invoker ကစားရာမှာ အထောက်အကူ ဖြစ်စေဖို့ Streamer တစ်ဦးရဲ့ ကစားဟန်ကို လေ့လာခဲ့ကြောင်း Miracle ပြောကြား

Nigma Dota2 အသင်းရဲ့ နာမည်ကျော် ကစားသမား Amer “Miracle” Al Barkawi ဟာ ပရိသတ် အချစ်တော် ကစားသမား တစ်ဦး ဖြစ်ပေမယ့်လည်း တစ်ဦးတည်း နေရတာကို နှစ်သက်တဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။ Miracle အနေနဲ့ အင်တာဗျူးတွေ ဖြေဆိုဖို့ကို တတ်နိုင်သမျှ ရှောင်ရှားသလို Streaming ပြုလုပ်ရတာကိုလည်း နှစ်သက်မှု မရှိတဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ရက်ပိုင်းက OMEGA League Immortal Division ရဲ့ အုပ်စု ပွဲစဉ်အဖြစ် Virtus Pro Dota2 အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပွဲစဉ် အပြီးမှာတော့ Miracle အနေနဲ့ Analyst တစ်ဦးဖြစ်သူ Kyle နဲ့ အင်တာဗျူး ကဏ္ဍတစ်ခု ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ အင်တာဗျူးမှာ Miracle အနေနဲ့ ပြိုင်ပွဲတွေမှာ Invoker ကစားနိုင်ဖို့ အတွက် Streamer တစ်ဦးရဲ့ ကစားဟန်ကို လေ့လာခဲ့ကြောင်း၊ Tier 1 Carry ကစားသမား တစ်ဦး အဖြစ် ရပ်တည်နိုင်ဖို့ ဘယ်လိုတွေ ပြင်ဆင်လေ့ရှိကြောင်း၊ Streaming ပြုလုပ်ရတာကို ဘာကြောင့် မနှစ်သက်ရတယ်ဆိုတဲ့ အကြောင်း၊ Nigma Dota2 အသင်းမှ အနှစ်သက်ဆုံး ကစားသမား အကြောင်းတို့ကို ဖြေကြားပေးခဲ့ပါတယ်။

“ဒီတစ်ခေါက် Patch အပြောင်းအလဲ အပြီးမှာ ကျွန်တော် အချို့သော ပွဲစဉ်တွေမှာ Invoker ပြန်လည် ကစားဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမယ့်လည်း ကျွန်တော် Mid Laner ဘဝကို စွန့်ခွာခဲ့တာ အချိန်တစ်ခု ကြာမြင့်ခဲ့ပြီ ဖြစ်တာကြောင့် Invoker လို စွမ်းဆောင်ရည်မြင့် Mid Lane Hero အကြောင်းကို ပြန်လည် လေ့လာဖို့ အတွက် လိုအပ်လို့ လာခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော် အနှစ်သက်ဆုံး Invoker ကစားသမား တစ်ဦးဖြစ်တဲ့ Sumiya ရဲ့ ကစားဟန်တွေကို ကြည့်ရှု လေ့လာခဲ့ပါတယ်။”

(Sumiya ဆိုတာကတော့ MMR 9000 နီးပါး ပိုင်ဆိုင်ထားတဲ့ တရုတ်နိုင်ငံသား နာမည်ကျော် Streamer တစ်ဦးပဲ ဖြစ်ပါတယ်။ Sumiya ရဲ့ အကျွမ်းကျင်ဆုံး Hero ကတော့ Invoker ဖြစ်ပြီး သူ့အနေနဲ့ Invoker ကိုင်တွယ်ပြီး ပွဲပေါင်း ၈ ထောင်ကျော် ကစားခဲ့ပါတယ်။)

“Carry Role အတွက်တော့ ကျွန်တော် တခြား Carry ကစားသမားတွေရဲ့ ကစားဟန်ကို‌ လေ့လာခဲ့ခြင်း မရှိပါဘူး။ များသောအားဖြင့် ကျွန်တော့် Replay တွေကိုပဲ ပြန်လည် ကြည့်ရှုပြီး ဘယ်လို အမှားတွေ ကျူးလွန်မိလေ့ရှိကြောင်း၊ ဘယ်လိုပုံစံနဲ့ ကစားရင် ကျွန်တော့်အတွက်၊ အသင်းအတွက် အကျိုးရှိနိုင်ကြောင်းတွေကိုသာ လေ့လာ သုံးသပ်လေ့ ရှိပါတယ်။”

“Streaming လုပ်ရတာကိုတော့ ကျွန်တော် လုံးဝ မနှစ်သက်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ Streaming လုပ်နေတဲ့ အချိန်မှာ ဂိမ်းအပေါ်ကို ၁၀၀ ရာခိုင်နှုန်း အာရုံစိုက်ထားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ ဒါကြောင့် Streaming ပြုလုပ်မယ့်အစား ဂိမ်းအပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်နိုင်ဖို့ ကြိုးစားသွားမှာပါ။”

GH and Miracle-

“Nigma Dota2 အသင်းရဲ့ အကောင်းဆုံး ကစားသမားကို ရွေးချယ်ရမယ်ဆိုရင် ကျွန်တော်ကတော့ GH ကိုပဲ ရွေးချယ်မိမှာပါ။ သူကတကယ်ကို အရည်အချင်းရှိတဲ့ ကစားသမား တစ်ဦးဖြစ်သလို တကယ်ကို ကြင်နာတတ်တဲ့ နှလုံးသားကို ပိုင်ဆိုင်ထားတဲ့ လူသားတစ်ဦးလည်း ဖြစ်ပါတယ်။”

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle