အိုးမကွာအိမ်မကွာ လက်မှုပညာလေ့လာသင်ယူခြင်းအစီအစဉ်

အိုးမကွာအိမ်မကွာ လက်မှုပညာလေ့လာသင်ယူခြင်းအစီအစဉ်

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်ရော၊ အင်တာနက်ဆက်သွယ်ရေး ဖွံ့ဖြိုးလာတဲ့အတွက်ကြောင့်ပါ ဒီဘက်နှစ်ပိုင်းမှာ သက်မွေးဝမ်းကျောင်းရွေးချယ်မှုနဲ့ အလုပ်လုပ်ကိုင်မှုပုံစံက သိသိသာသာ ပြောင်းလဲသွားပါတယ်။ နည်းပညာထောက်ပံ့မှုကြောင့် လေ့လာသင်ယူမှုပုံစံကလည်း တမဟုတ်ချင်းပြောင်းလဲသွားသလို အရင်လို မနက် ၉ - ည ၅ ရုံးတက်အလုပ်လုပ်နေရာကနေ အချိန်နေရာမရွေးလုပ်နိုင်တဲ့ ပြောင်းလွယ်ပြင်လွယ်တဲ့ အလုပ်လုပ်ကိုင်မှုပုံစံတွေ အစားထိုးဝင်ရောက်လာပါတယ်။ ဒါအပြင် အိုးမကွာ အိမ်မကွာနဲ့ ပညာရပ်တွေကို လေ့လာသင်ယူနိုင်သလို ဝင်ငွေရှာဖွေနိုင်တဲ့ အခွင့်အရေးတွေလည်း ပိုများလာပါတယ်။ အခုလိုပြောင်းလဲလာတဲ့ အားသာချက်ကို တစ်ကိုယ်ရည်တိုးတက်မှုအတွက်ရော ဝင်ငွေတိုးတက်မှုအတွက်ပါ အသုံးချလို့ရပါတယ်။
ဒါပေမဲ့ ဒီလိုလေ့လာတဲ့နေရာမှာ နိုင်ငံရပ်ခြားက ဗီဒီယိုသင်ခန်းစာတွေကို လေ့လာပြီးလိုက်လုပ်ဖို့ ဘာသာစကားကန့်သတ်မှု၊ ဈေးကွက်အတွင်း ရနိုင်တဲ့ကုန်ကြမ်းပစ္စည်း မတူညီတာတွေကြောင့် တချို့တွေအတွက် အခက်အခဲရှိနိုင်ပါတယ်။ ဒါကြောင့်အခု မြန်မာဘာသာစကားပြောတဲ့ လက်မှုပညာရှင်တွေက ပြည်တွင်းမှာတင်ရနိုင်တဲ့ သဘာဝကုန်ကြမ်းတွေကိုအသုံးပြုပြီး သင်ပြပေးမယ့် အွန်လိုင်းအစီအစဉ်တစ်ခု အကြောင်း မိတ်ဆက်ပေးချင်ပါတယ်။
ဒါကတော့ Misss ခေါင်းလျှော်ရည်ကတင်ဆက်တဲ့ "ပေါ်လွင်လှပ ပင်ကိုယ်သဘာဝ" လို့ခေါ်တဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို မြန်မာအမျိုးသမီးငယ်တွေ မိမိတို့ရဲ့ပင်ကိုယ်မူဟန်နဲ့ သဘာဝရဲ့စစ်မှန်မှုကို တန်ဖိုးထားတတ်ပြီး ကိုယ်ပိုင်စွမ်းရည်မြှင့်တင်နိုင်စေဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအစီအစဉ်ဟာ အလွယ်တကူရနိုင်တဲ့ သဘာဝကုန်ကြမ်းပစ္စည်းတွေအသုံးပြုပြီး အရင်းအနှီးနည်းနည်းနဲ့ အိမ်တွင်းလက်မှုပစ္စည်းထုတ်လုပ်ပုံတွေကို ဗီဒီယိုသင်ခန်းစာလေးတွေကတစ်ဆင့် မြန်မာအမျိုးသမီးငယ်တွေ အိုးမကွာအိမ်မကွာ အလွယ်တကူလေ့လာလို့ရအောင် မြန်မာ့လက်မှုပညာရှင်တွေနဲ့လက်တွဲလုပ်ကိုင်နေပြီး အကျိုးအမြတ်မယူတဲ့ လူမှုစီးပွားရေးလုပ်ငန်းဖြစ်တဲ့ Hla Day (လှတယ်) က သင်ကြားပေးသွားမယ့် အစီအစဉ်ပဲဖြစ်ပါတယ်။ အစီအစဉ်ရဲ့ဆောင်ပုဒ်ဖြစ်တဲ့ “လေ့လာသင်ယူ ဝင်ငွေထူ Misss နဲ့အတူ” လို့ ဆိုသလိုပဲ ဒီဗီဒီယိုသင်ခန်းစာလေးတွေကတစ်ဆင့်လေ့လာပြီး သဘာဝလက်မှုပစ္စည်းလေး‌တွေကို အရင်းအနှီးနည်းနည်းနဲ့ အိမ်မှာကိုယ်တိုင်ဖန်တီး ရောင်းချနိုင်မယ်ဆိုရင် မြန်မာအမျိုးသမီးငယ်တွေအနေနဲ့ ဝင်ငွေပိုလေးတွေ ရှာဖွေနိုင်မှာဖြစ်ပါတယ်။
ဗီဒီယိုသင်ခန်းစာတွေကို Misss ရဲ့ Viber Bot မှာ အပတ်စဉ်ထုတ်လွှင့်ပေးနေပြီး Viber Bot ကို subscribe ထားရုံနဲ့ ဘယ်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရှုနိင်တယ်လို့ သိရပါတယ်။ လက်တွေ့မှာအသုံးဝင်တဲ့အပြင် အမျိုးသမီးတွေအကြား ရေပန်းစားနေတဲ့ သဘာဝလက်မှုပစ္စည်းလေးတွေကို သင်ခန်းစာခေါင်းစဉ် (၅) မျိုးနဲ့ သင်ကြားပေးသွားမှာဖြစ်ပြီး သင်ခန်းစာတစ်မျိုးကို အပိုင်းနှစ်ပိုင်းပါဝင်မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါအပြင် ဒီ Viber Bot မှာ ဝင်ရောက်လေ့လာမယ်ဆိုရင် ဝင်ငွေရှာဖွေနိုင်တဲ့ ပညာရပ်ကိုသင်ယူနိုင်ရုံသာမက သင်ခန်းစာနဲ့ပတ်သက်တဲ့ ဉာဏ်စမ်းမေးခွန်းတိုလေးတွေကိုဖြေဆိုပြီး အသိအမှတ်ပြုလက်မှတ် နဲ့ ဖုန်းဘေလ်ဆု လက်ဆောင်တွေရနိုင်တဲ့ အခွင့်အရေးလည်း ပါဝင်ပါသေးတယ်။ဒါကြောင့် အိမ်မှာနေရင်းနဲ့ ဝင်ငွေရှာနိုင်တဲ့လက်မှုပညာရပ်ကို လေ့လာသင်ယူဖို့စိတ်ဝင်စားကြတဲ့ မမတို့ ညီမတို့အနေနဲ့ Misss ရဲ့ Viber Bot လေးကို အောက်ပါလင့်ခ်ကတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။ https://vb.me/misss_myanmar_bot
သင်ခန်းစာဗီဒီယိုတွေကို Misss ရဲ့ Viber Bot မှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကတည်းက စတင်ထုတ်လွှင့်နေပြီဖြစ်တာကြောင့် မမတို့ ညီမတို့ ဒီအစီအစဉ်မှာ အချိန်မီပါဝင်နိုင်ဖို့ လက်တို့လိုက်ရပါတယ်။

Akhayar Lifestyle

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle