COVID-19 ကာလအတွင်း Streamer အားလုံးကို ဒေါ်လာ (၁၀၀) စီ ပေးအပ်ခဲ့တဲ့ Mixer

COVID-19 ကာလအတွင်း Streamer အားလုံးကို ဒေါ်လာ (၁၀၀) စီ ပေးအပ်ခဲ့တဲ့ Mixer

Microsoft အပိုင် နာမည်ကျော် Streaming Platform တစ်ခုဖြစ်တဲ့ Mixer အနေနဲ့ Covid-19 ကပ်ဘေးသင့် ကာလအတွင်း Mixer Platform မှာ Streaming ပြုလုပ်လျက်ရှိတဲ့ လက်တွဲဖော် Streamer တွေ အခက်အခဲတွေနဲ့ ရင်ဆိုင်ရခြင်း မရှိစေဖို့ အတွက် Streamer တစ်ဦးကို ဒေါ်လာ (၁၀၀) စီ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

Mixer အနေနဲ့ နာမည်ကျော် Streamer တွေ သီးသန့်ကိုသာ ဒေါ်လာ (၁၀၀) စီ ပေးအပ်ခဲ့တာ မဟုတ်ဘဲ Mixer Platform မှာ Streaming ပြုလုပ်လျက်ရှိတဲ့ Streamer အားလုံးကို ပေးအပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Mixer အနေနဲ့ အခုလို ဒေါ်လာ (၁၀၀) စီ ပေးအပ်ခဲ့ခြင်း အကြောင်းကို တရားဝင် ထုတ်ပြန် ကြေညာခဲ့ခြင်း မရှိခဲ့ပါဘူး။

ဒါပေမယ့်လည်း Streamer တွေ အနေနဲ့ Mixer ဘက်မှ တစ်ဦးကို ဒေါ်လာ (၁၀၀) စီ ပေးအပ်ခဲ့ခြင်းနဲ့ ပတ်သတ်ပြီး ကိုယ်ပိုင် Twitter စာမျက်နှာကနေ တစ်ဆင့် ကျေးဇူးတင်စကားတွေ ပြောကြားခဲ့ရာမှာတော့ Mixer ဘက်မှ ပေးအပ်ခဲ့ခြင်း အကြောင်းကို အတည်ပြုပေးခဲ့ပါတယ်။

Shroud and Ninja

၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်း ကာလမှာ နာမည်ကျော် Streamer တွေဖြစ်တဲ့ Tyler “Ninja” Blevins နဲ့ Michael “Shroud” Grzesiek တို့တွေ Twitch ကနေ Mixer ကို ပြောင်းလဲပြီး Streaming ပြုလုပ်ခဲ့ကြတာနဲ့အညီ Mixer အနေနဲ့ Streaming လောက အတွင်းမှာ တဟုန်ထိုး နာမည်ရလာခဲ့ပါတယ်။

၂၀၂၀ ခုနှစ်၊ Q1 အတွင်းမှာ Mixer ကနေ တစ်ဆင့် Streaming ပြုလုပ်ခဲ့တဲ့ နာရီပေါင်း (၂၈.၃) သန်းအထိ မြင့်တက်လာခဲ့သလို လက်ရှိအချိန်မှာ Twitch အနောက် ဒုတိယ လူကြည့်အများဆုံး Streaming Platform အဖြစ်လည်း ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် အခုလို COVID-19 ကမ္ဘာ့ကပ်ဘေးသင့် ကာလမှာ Streamer အားလုံးကို ဒေါ်လာ (၁၀၀) စီ ပေးအပ်ခဲ့ခြင်းကလည်း Content Creator တွေ၊ Streamer တွေကို Mixer Platform ကို အသုံးပြုချင်လာအောင် ဆွဲဆောင်နိုင်ခဲ့မှာ အသေအချာပဲ ဖြစ်တာကြောင့် မကြာခင် အချိန်အတွင်းမှာ Mixer အနေနဲ့ Twitch ကို ကျော်လွန်ပြီး လူကြည့်အများဆုံး Streaming Platform အဖြစ် ရပ်တည်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: OneEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle