ATK CSGO အသင်းသားများနဲ့ ပြန်လည်ဖွဲ့စည်းသွားဖွယ်ရှိတဲ့ Cloud 9 CSGO

ATK CSGO အသင်းသားများနဲ့ ပြန်လည်ဖွဲ့စည်းသွားဖွယ်ရှိတဲ့ Cloud 9 CSGO

Cloud 9 CSGO အနေနဲ့ ၂၀၁၉ CSGO ရာသီမှာ ရှုံးနိမ့်မှုပေါင်း များစွာနဲ့ ရင်ဆိုင်ခဲ့ရသလို အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ Daps, Autimatic, Koosta တို့အနေနဲ့ CSGO လောကထဲကို စတင် ဝင်ရောက်လာမယ့် Esports အဖွဲ့အစည်း Gen.G ကို ပြောင်းရွေ့သွားပြီး အသင်းရဲ့ နာမည်ကျော် ကစားသမား တစ်ဦးဖြစ်သူ Mixwell အနေနဲ့လည်း အသင်းသစ်ကို ပြောင်းရွေ့သွားမှာဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့တာကြောင့် ယခင်လို အောင်မြင်တဲ့ CSGO အသင်း တစ်သင်းအဖြစ် ပြန်လည် ရပ်တည်နိုင်အောင် Cloud 9 CSGO အသင်းသစ်ကို မည်သို့မည်ပုံ ပြန်လည် ဖွဲ့စည်းသွားမယ် ဆိုတာကို CSGO ချစ်ပရိသတ် အများစုအနေနဲ့ စိတ်ဝင်တစား စောင့်ဆိုင်းလျက်ရှိကြပါတယ်။

ယခုအခါမှာတော့ Cloud 9 CSGO အသင်းရဲ့ ကစားသမားဟောင်းဖြစ်သူ Mixwell ရဲ့ ပြောကြားချက်များအရ Cloud 9 CSGO အသင်းသစ်ကို ATK CSGO ကစားသမားများနဲ့ ဖွဲ့စည်းသွားဖွယ် ရှိတယ်လို့ သိရပါတယ်။ Cloud 9 CSGO အနေနဲ့ အသင်းရဲ့ အဓိက ကစားသမား သုံးဦး ထွက်ခွာသွားစဉ် အချိန်မှာ Mixwell ကို ဗဟိုပြုပြီး အသင်းကို ပြန်လည် ဖွဲ့စည်းဖို့ ကြံစည်ထားပေမယ့် လက်ရှိအချိန်မှာ အသင်းလက်မဲ့အဖြစ် တည်ရှိလျက်ရှိတဲ့ ပရိုဖက်ရှင်နယ် CSGO ကစားသမားဆိုလို့ မရှိသလောက် ဖြစ်နေတာကြောင့် အခုလို ATK CSGO အသင်းရဲ့ ကစားသမားများကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

Mixwell

ATK CSGO အသင်းအနေနဲ့ ESL Pro League Season 10 Finals မှာ North, G2 စတဲ့ နာမည်ကျော် CSGO အသင်းတွေကို အနိုင်ယူနိုင်ခဲ့သလို လက်ရှိအချိန်မှာ ကမ္ဘာ့အဆင့် ၁၈ နေရာမှာ ရပ်တည်နေတာကြောင့် Cloud 9 အနေနဲ့ အခုလို ခေါ်ယူဖို့ အတွက် မျက်စိကျခဲ့ရတာ ဖြစ်နိုင်ပါတယ်။ မကြာခင် အချိန်အတွင်းမှာ ပရိုဖက်ရှင်နယ် CSGO ပြိုင်ပွဲတွေ ပြန်လည် စတင်တော့မှာ ဖြစ်တာကြောင့် Cloud 9 CSGO အသင်း အနေနဲ့ ATK CSGO အသင်းသားတွေကို ခေါ်ယူသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ATK CSGO

ATK CSGO အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Johnny “JT” Theodosiou
  • Ian “motm” Hardy
  • Ricky “floppy” Kemery
  • Josh “oSee” Ohm
  • Aran “Sonic” Groesbeek

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle