စတုတ္ထမြောက် လူကြည့်အများဆုံး Esports ပြိုင်ပွဲ အဖြစ် မှတ်တမ်း တင်နိုင်ခဲ့တဲ့ M2 World Championship

စတုတ္ထမြောက် လူကြည့်အများဆုံး Esports ပြိုင်ပွဲ အဖြစ် မှတ်တမ်း တင်နိုင်ခဲ့တဲ့ M2 World Championship

Mobile Legend လောကရဲ့ အကြီးမားဆုံး ပြိုင်ပွဲဖြစ်တဲ့ M2 World Championship ပြိုင်ပွဲကတော့ ကြည့်ရှုသူဦးရေ ၃ သန်းကျော်ဖြင့် လူကြည့်အများဆုံး Esports ပြိုင်ပွဲတွေ အထဲမှာ တစ်ခု အပါအဝင် အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

M2 World Championship ပြိုင်ပွဲရဲ့ Grand Final ပွဲစဉ် အဖြစ် ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားပြု BREN Esports နဲ့ မြန်မာနိုင်ငံ ကိုယ်စားပြု Burmese Ghouls တို့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်ကို ကမ္ဘာတစ်ဝှမ်းမှ လူဦးရေ သုံးသန်းကျော် ဝင်ရောက် ကြည့်ရှုခဲ့ကြတာကြောင့် Esports သမိုင်းတစ်လျှောက် စတုတ္ထမြောက် လူကြည့်အများဆုံး ပြိုင်ပွဲ အဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Esports Charts မှ ထုတ်ပြန် ကြေညာချက်များအရ Grand Final ပွဲစဉ်ကို ကြည့်ရှုသူ ၃.၀၈ သန်း အထိ ရှိခဲ့တယ်လို့ သိရပြီး MLBB သမိုင်းကြောင်း တစ်လျှောက် ကြည့်ရှုသူ အများဆုံး ပြိုင်ပွဲ အဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ယခင် MLBB သမိုင်းမှာ ကြည့်ရှုသူ အများဆုံး ပြိုင်ပွဲ အဖြစ် MPL Indonesia Season 6 က ကြည့်ရှုသူ ၁.၃၉ သန်းဖြင့် မှတ်တမ်းတင်နိုင်ခဲ့ပြီး M1 World Championship ပြိုင်ပွဲဟာဆိုရင် ကြည့်ရှုသူ ၆ သိန်း ၄ သောင်းခန့်သာ ရှိခဲ့တာ ဖြစ်ပါတယ်။

Esports ပြိုင်ပွဲတွေ အထဲမှာ လူကြည့်အများဆုံး ပြိုင်ပွဲအဖြစ်ကိုတော့ Riot Games ရဲ့ နာမည်ကျော် LOL ပြိုင်ပွဲဖြစ်တဲ့ Worlds 2019 က ကြည့်ရှုသူဦးရေ ၃.၉၈ သန်းဖြင့် ဆက်လက် သိမ်းပိုက်ထားလျက်ရှိပြီး ဒုတိယနေရာမှာ Worlds 2020 ပြိုင်ပွဲက ကြည့်ရှုသူဦးရေ ၃.၈၈ သန်း၊ တတိယနေရာမှာတော့ လက်ရှိ ကျင်းပလျက်ရှိတဲ့ PUBG Mobile Global Championship ပြိုင်ပွဲက ကြည့်ရှုသူဦးရေ ၃.၈၉ သန်းဖြင့် ရပ်တည်လျက် ရှိပါတယ်။

REF: DotEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle