Stay At Home မှာဆော့ကစားသင့်တဲ့ Mobile ဂိမ်း (၃) မျိုး

Stay At Home မှာဆော့ကစားသင့်တဲ့ Mobile ဂိမ်း (၃) မျိုး

အားလုံးသိတဲ့အတိုင်း COVID-19 ရဲ့ Second Wave ကလည်း စ နေပြီဆိုတော့ ဒီရက်ပိုင်းအတွင်းမှာ အပြင်မထွက်ရဘဲ အိမ်မှာပဲနေနေရတဲ့သူတွေအတွက် ဆော့ကစားသင့်တဲ့ မိုဘိုင်းဂိမ်း (၃) မျိုးကို Admin ကိုယ်တိုင် ရွေးချယ်ပေးထားပါတယ်နော်။

Sky: Children Of The Light

ပထမဂိမ်းအနေနဲ့ Relax ဖြစ်ပြီး၊ ရှုခင်းတွေလည်းလှ၊ အရမ်းလည်းမလောင်ရတဲ့ ဂိမ်းတစ်ခုကို မိတ်ဆက်ပေးမယ်နော်။ အဲ့ဒါကတော့ Sky: Children Of The Light ဆိုတဲ့ Mobile ဂိမ်းလေးပါ။ Indie Adventure ဂိမ်းတစ်ခုဖြစ်ပြီးတော့ အတောင်ပံလေးတွေ စု ပြီး နေရာသစ်လေးတွေကို ပျံသန်းသွားရမယ့် ဂိမ်းလေးတစ်ခုပါ။ Multiplayer လည်းရပါတယ်။ အပြင်မထွက်ရလို့ စိတ်ညစ်ညူးနေတဲ့အချိန် ဒီဂိမ်းလေးကို စမ်းဆော့သင့်ပါတယ်။ Apple ရဲ့ Game Of The Year လည်း ရယူပိုင်ဆိုင်နိုင်ခဲ့တဲ့ ဒီဂိမ်းဟာ Android ကော iOS မှာပါဆော့ကစားနိုင်ပြီး၊ Nintendo Switch အတွက်ကိုတော့ ၂၀၂၁ မှာ ဖြန့်ချိပေးသွားမှာဖြစ်ပါတယ်။

Brawlhalla

ဒီဂိမ်းကတော့ တစ်ယောက်တည်းအိမ်မှာနေရလို့ စိတ်ညစ်နေတဲ့အချိန် ဝမ်းဘိုင်ဝမ်းဆွဲချင်သူတွေအတွက် အဆင်ပြေပါတယ်နော်။ ဘော်ဒါတွေနဲ့အလွယ်တကူ Room No. ပြောပြီးလည်း ကျုံးလို့ရသလို၊ တစ်ယောက်တည်းလည်း Online ကသူတွေကို ကျုံးချင်တိုင်းကျုံးလို့ရတဲ့ 2D Fighting ဂိမ်းအမျိုးအစားဖြစ်ပါတယ်။ အရင်ကတော့ ဒီဂိမ်းက PC, PS4, Xbox One, Nintendo Switch မှာပဲ ဆော့ကစားလို့ရပေမယ့် အခုအခါမှာတော့ Mobile Version လည်းထုတ်ပေးလိုက်တဲ့အပြင် Cross-Play ပါရတာမို့ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်သူနဲ့ပဲဖြစ်ဖြစ် ဂိမ်းသွင်းထားတဲ့သူတိုင်းကို ဝမ်းဘိုင်ဝမ်းချဲလင့်ခေါ်လို့ရပါပြီ။

Tom & Jerry: Chase

90’s Born တွေဆိုရင်တော့ ကြောင်နဲ့ကြွက်ကို မသိတဲ့သူက မရှိသလောက်ကိုရှားပါလိမ့်မယ်။ ကျွန်တော်တို့ငယ်ငယ်က ကြောင်နဲ့ကြွက် လိုက်တာပြေးတာကိုကြည့်ရင်း ပျော်ရွှင်ခဲ့ကြဖူးမှာပါ။ ဒီကြောင်နဲ့ကြွက်ကိုပဲ 4 vs 1 ဂိမ်းအနေနဲ့ဆော့ရမယ်ဆိုရင်တော့ အတော်ကိုပျော်စရာကောင်းမှာပေါ့။ NetEase ကနေ ထုတ်လုပ်ပေးထားပြီး Free-To-Play Multiplayer ဂိမ်းတစ်ခုအနေနဲ့ ထွက်ရှိလာတဲ့ ဒီကြောင်နဲ့ကြွက်ဂိမ်းလေးဟာ အတော်ကို Gameplay နဲ့ Graphics ကောင်းမွန်တိကျတဲ့ ဂိမ်းတစ်ဂိမ်းလို့ Admin ကညွှန်းပေးလိုက်ပါတယ်။

သူငယ်ချင်းနဲ့အတူတူ ကြွက်လုပ်ပြီး ပြေးတာပဲဖြစ်ဖြစ်၊ ကြောင်နဲ့တစ်ကောင်တည်း ပွဲပတ်ကြမ်းချင်တာပဲဖြစ်ဖြစ် အဆင်ပြေသလိုဆော့ကစားနိုင်တဲ့ ဒီဂိမ်းလေးဟာ Stay At Home မှာ အတော်ကိုအပျင်းပြေစေမယ့် Mobile ဂိမ်းလေးပါနော်။ ဒီဂိမ်းကို SEA အတွက်ပဲထုတ်လုပ်ပေးထားတာကြောင့် iOS သမားတွေနဲ့ Play Store က US ဖြစ်နေတဲ့သူတွေဟာ Myanmar Region ပြန်ပြောင်းပြီး Download ပြုလုပ်မှရမှာကိုတော့ သတိချပ်ပေးနော်။

ကဲ အခုဆိုရင်တော့ ဒီဂိမ်းသုံးမျိုးဟာ PUBG Mobile တို့၊ Mobile Legends တို့နဲ့မတူညီဘဲ ပုံစံအသစ်နဲ့ဆော့ကစားရမယ့် Mobile ဂိမ်းလေးတွေဖြစ်မယ်လို့ Admin မျှော်လင့်ပါတယ်နော်။ ဂိမ်းလေးတွေကလည်း ပျော်စရာအတော်ကောင်းပြီး Admin ကိုယ်တိုင်လည်းဆော့နေတဲ့ Mobile ဂိမ်းလေးတွေမို့ တစ်ချက်လောက် စမ်းပြီးဆော့ကစားကြည့်လိုက်နော်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle