မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် M2 World Championship မှာ ယှဉ်ပြိုင်သွားမယ့် Burmese Ghouls

မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် M2 World Championship မှာ ယှဉ်ပြိုင်သွားမယ့် Burmese Ghouls

MLBB လောကရဲ့ အကြီးမားဆုံး ပြိုင်ပွဲဖြစ်လာမယ့် M2 World Championship ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိတဲ့ အသင်းတွေကို Moonton အနေနဲ့ တရားဝင် ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။ M2 World Championship ပြိုင်ပွဲကြီးကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်း စင်ကာပူနိုင်ငံမှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပြီး စုစုပေါင်း ဆုကြေးငွေ အဖြစ် ဒေါ်လာ ၃ သိန်း ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

M1 World Championship ပြိုင်ပွဲမှာ စုစုပေါင်း ပြိုင်ပွဲဝင် အသင်း ၁၆ သင်း ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပေမယ့် မကြာခင် ကျင်းပသွားမယ့် M2 World Championship ပြိုင်ပွဲမှာတော့ US, Laos, Vietnam, Turkey တို့မှ ကိုယ်စားပြု အသင်းတွေကို မြင်တွေ့ရမှာ မဟုတ်ပါဘူး။

ဒါ့အပြင် M1 World Championship မှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ EVOS Legends အနေနဲ့လည်း MPL ID S6 ပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်နဲ့သာ ကျေနပ်ခဲ့ရတာကြောင့် ချန်ပီယံဆုကို ကာကွယ်နိုင်မယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့ရပြီ ဖြစ်ပါတယ်။

EVOS Legends (M1)

M2 World Championship ပြိုင်ပွဲကြီးမှာ နိုင်ငံပေါင်း ကိုးနိုင်ငံမှ စုစုပေါင်း MLBB အသင်း ၁၂ သင်း ဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု MLBB အသင်း Burmese Ghouls အပါအဝင် RRQ, Alter Ego, Todak, Bren Esports စတဲ့ နာမည်ကျော် MLBB အသင်းတွေလည်း ပါဝင် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Alter Ego

Alter Ego အနေနဲ့ မကြာသေးခင်က ကျင်းပ ပြီးစီးသွားခဲ့တဲ့ One Esports MPL Invitational ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့သလို အဆိုပါ ပြိုင်ပွဲအတွင်း ရှုံးပွဲမရှိ ရလဒ်ဖြင့် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် M2 World Championship ပြိုင်ပွဲမှာလည်း ဗိုလ်စွဲနိုင်ဖို့ အတွက် ထိပ်ဆုံးကနေ ရေပန်းစားလျက် ရှိပါတယ်။

Photo: Burmese Ghouls Facebook

လက်ရှိအချိန်မှာ M2 World Championship ပြိုင်ပွဲကို ကျင်းပသွားဖို့ တစ်လခန့်သာ လိုတော့တာကြောင့် အဆိုပါ ပြိုင်ပွဲမှာ ကျွန်တော်တို့ မြန်မာနိုင်ငံ ကိုယ်စားပြု Burmese Ghouls MLBB အသင်း အနေနဲ့ ဘယ်အဆင့်ထိ တက်လှမ်းသွားနိုင်မလဲ ဆိုတာကိုတော့ ရင်ခုန်စွာနဲ့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

M2 World Championship ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် အသင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Singapore: EVOS SG, RSG
  • Indonesia: RRQ Hoshi, Alter Ego
  • Philippines: Bren Esports, OMEGA Esports
  • Malaysia: Todak
  • Cambodia: Impunity KH
  • Myanmar: Burmese Ghouls
  • Japan: 10S Gaming Frost
  • Brazil: Dreammax
  • Russia: Unique Devu

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle