Mobile Legends အပါအဝင် တရုတ်ထုတ် Apps ၅၉ ခုကို ပိတ်ပစ်လိုက်တဲ့ အိန္ဒိယ

Mobile Legends အပါအဝင် တရုတ်ထုတ် Apps ၅၉ ခုကို ပိတ်ပစ်လိုက်တဲ့ အိန္ဒိယ

အိန္ဒိယနိုင်ငံကတော့ နာမည်ကျော် မိုဘိုင်းဂိမ်းတွေဖြစ်တဲ့ MLBB, Clash of Kings တို့ အပါအဝင် တရုတ် နိုင်ငံထုတ် Applications ၅၉ ခုကို နိုင်ငံတွင်း Google Play Store နဲ့ Apple App Store တို့ကနေ ဖယ်ရှား ပစ်လိုက်ပြီ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ဟာ နှစ်နိုင်ငံကြား နယ်စပ်ပြဿနာနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ ပေါ်ပေါက်ခဲ့တာ ရက်သတ္တပတ် အနည်းငယ် ကြာမြင့်သွားခဲ့ပြီ ဖြစ်သလို လက်ရှိအချိန်ထိ နှစ်ဖက်လုံးမှ ပြေလျော့ပေးသွားဖို့ စိတ်ကူးထားခြင်း မရှိသေးဘဲ အပြန်အလှန် တင်းခံလျက် ရှိကြပါတယ်။

လက်ရှိအချိန်မှာ အိန္ဒိယနိုင်ငံသူ၊ နိုင်ငံသားတွေ အနေနဲ့ တရုတ်နိုင်ငံလုပ် ပစ္စည်းတွေ၊ Applications တွေ ဝယ်ယူ အသုံးပြုမှုကို ဆန့်ကျင် ဆန္ဒပြလျက် ရှိသလို နိုင်ငံထုတ် ကုန်ပစ္စည်းများနဲ့ အစားထိုး အသုံးပြုမှုများကိုလည်း လုပ်ဆောင်လျက် ရှိကြပါတယ်။

အခုလို TikTok နဲ့ Mobile Legends တို့ အပါအဝင် တရုတ်ထုတ် Apps တွေကို ပိတ်ပင်ပစ်ဖို့ ကိစ္စကို အိန္ဒိယနိုင်ငံ သတင်းနဲ့ နည်းပညာ ဌာနက ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပြီး အိန္ဒိယ နိုင်ငံသား MLBB ချစ်သူတွေ၊ Clash of Kings ချစ်သူတွေကတော့ ယခု ဖြစ်ရပ်ကြောင့် အကြီးအကျယ် တုန်လှုပ်လျက် ရှိကြတယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံ အစိုးရ အဖွဲ့မှ ထုတ်ပြန် ကြေညာချက်များအရ Mobile Legends အပါအဝင် ပိတ်ပင်ခံလိုက်ရတဲ့ တရုတ်ထုတ် Apps ၅၉ ခုဟာ နိုင်ငံတွင်း ပြဌာန်းထားတဲ့ နည်းပညာဆိုင်ရာ စည်းမျဥ်းစည်းကမ်းတွေနဲ့ ညီညွတ်ခြင်း မရှိသလို Security နဲ့ Privacy အပိုင်းမှာ ယိုပေါက်တွေ ရှိနေခဲ့တာကြောင့် အခုလို ပိတ်ပစ်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံတွင်း အသုံးပြုခွင့် ပိတ်ပင်ခံခဲ့ရတဲ့ တရုတ်ထုတ် App ၅၉ ကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • TikTok
  • Mobile Legends
  • Shareit
  • Kwai
  • UC Browser
  • Baidu map
  • Shein
  • Clash of Kings
  • DU battery saver
  • Helo
  • Likee
  • YouCam makeup
  • Mi Community
  • CM Browers
  • Virus Cleaner
  • APUS Browser
  • ROMWE
  • Club Factory
  • Newsdog
  • Beauty Plus
  • WeChat
  • UC News
  • QQ Mail
  • Weibo
  • Xender
  • QQ Music
  • QQ Newsfeed
  • Bigo Live
  • SelfieCity
  • Mail Master
  • Parallel Space
  • Mi Video Call Xiaomi
  • WeSync
  • ES File Explorer
  • Viva Video QU Video Inc
  • Meitu
  • Vigo Video
  • New Video Status
  • DU Recorder
  • Vault-Hide
  • Cache Cleaner DU App studio
  • DU Cleaner
  • DU Browser
  • Hago Play With New Friends
  • Cam Scanner
  • Clean Master Cheetah Mobile
  • Wonder Camera
  • Photo Wonder
  • QQ Player
  • We Meet
  • Sweet Selfie
  • Baidu Translate
  • Vmate
  • QQ International
  • QQ Security Center
  • QQ Launcher
  • U Video
  • V fly Status Video
  • DU Privacy

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle