MLBB M2 World Championship ပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပသွားမည်

MLBB M2 World Championship ပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပသွားမည်

MLBB လောကရဲ့ အကြီးမားဆုံး ပြိုင်ပွဲကြီးဖြစ်တဲ့ M2 World Championship ပြိုင်ပွဲကို လာမယ့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်း စင်ကာပူနိုင်ငံမှာ Offline Event အဖြစ် ကျင်းပသွားမှာဖြစ်ကြောင်း Moonton ဘက်မှ အတည်ပြု ပေးလိုက်ပြီ ဖြစ်ပါတယ်။ M2 World Championship ပြိုင်ပွဲမှာ ကမ္ဘာ့နေရာအသီးသီးမှ နာမည်ကျော် MLBB အသင်းတွေ ဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်ပြီး စုစုပေါင်း ဆုကြေးငွေ အဖြစ် ဒေါ်လာ ၃ သိန်း ပေးအပ် ချီးမြှင့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“MLBB ကို အရှေ့တောင်အာရှမှ စတင် အခြေချခဲ့ရာကနေ အခုဆိုရင် ကမ္ဘာ့နေရာ အနှံ့အပြားမှာ အောင်မြင်တဲ့ Mobile Game တစ်ခု အဖြစ် ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အခုလို M2 World Championship ပြိုင်ပွဲကြီးကို ကျင်းပနိုင်မှာဖြစ်တဲ့ အကြောင်း ကြေညာခွင့် ရရှိတဲ့ အတွက် တကယ်ကို ဂုဏ်ယူမိသလို ပြိုင်ပွဲ ကျင်းပခွင့် ရရှိအောင် ကူညီဆောင်ရွက်ပေးတဲ့ စင်ကာပူနိုင်ငံ အစိုးရကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။

M2 World Championship ပြိုင်ပွဲကိုလည်း MLBB အဖွဲ့သားတွေ၊ ပရိသတ်တွေ၊ ကစားသမားတွေ အတွက် တကယ်ကို စိတ်လှုပ်ရှားစရာတွေ ယူဆောင်ပေးနိုင်တဲ့ ပြိုင်ပွဲကြီး အဖြစ် ရပ်တည်နိုင်အောင် အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်ပါတယ်။” လို့ Moonton ရဲ့ Co-Founder ဖြစ်သူ Justin Yuan က ပြောကြားသွားခဲ့ပါတယ်။

ယခုသတင်းဟာ MLBB ပရိသတ်တွေ အတွက် သတင်းကောင်း တစ်ခုဖြစ်သလို စင်ကာပူနိုင်ငံသားတွေ အတွက်လည်း တကယ်ကို သတင်းကောင်း တစ်ခုပဲ ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံ အနေနဲ့ ယခုနှစ် အတွင်းမှာ Dota2 Major ပြိုင်ပွဲတစ်ခု ကျင်းပသွားဖို့ လျာထားခြင်း ခံခဲ့ရပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အဆိုပါ အစီအစဉ်ဟာ ပျက်သုန်းသွားခဲ့ပါတယ်။

“Moonton အနေနဲ့ ကျွန်တော်တို့ စင်ကာပူနိုင်ငံကို ယုံကြည်စွာနဲ့ M2 World Championship ပြိုင်ပွဲ ကျင်းပခွင့် ပေးခဲ့တာကြောင့် တကယ်ကို ကျေးဇူးတင်ရှိပါတယ်။ ပြိုင်ပွဲ ကာလအတွင်း လာရောက်မယ့် ဧည့်သည်တော်တွေ၊ ကစားသမားတွေ၊ ဝန်ထမ်းတွေ ကျန်းမာရေးဆိုင်ရာ လုံခြုံစိတ်ချမှု ရှိစေရေး အတွက်လည်း ကြိုတင် ကာကွယ်မှုတွေကို အစွမ်းကုန် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။” လို့ စင်ကာပူနိုင်ငံ ခရီးသွားဝန်ကြီးဌာနရဲ့ Executive Director ဖြစ်သူ Jean Ng က ပြောကြားသွားခဲ့ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle