လူတိုင်းကိုင်ပြီးပိုးမွှားမျိုးစုံကပ်တွယ်နေနိုင်တဲ့ ငွေစက္ကူအစား ကဒ်တွေ ငွေအလွဲအပြောင်းအလွယ်တကူလုပ်နိုင်တဲ့ မိုဘိုင်းအက်ပလီကေးရှင်းတွေကို ဘာလို့သုံးသင့်တာလဲ

လူတိုင်းကိုင်ပြီးပိုးမွှားမျိုးစုံကပ်တွယ်နေနိုင်တဲ့ ငွေစက္ကူအစား ကဒ်တွေ ငွေအလွဲအပြောင်းအလွယ်တကူလုပ်နိုင်တဲ့ မိုဘိုင်းအက်ပလီကေးရှင်းတွေကို ဘာလို့သုံးသင့်တာလဲ

၁။ မမြင်နိုင်တဲ့ ပိုးမွှားကြောင့် ရောဂါတွေကူးစပ်ခြင်းကနေ ကာကွယ်နိုင်။

အခုလို လူတစ်ယောက်နဲ့ တစ်ယောက်ထိလိုက်တာနဲ့  အသက်သေစေနိုင်တဲ့အထိ ပြင်းထန်တဲ့ Covid-19 ဆိုတဲ့ ရောဂါပိုးတွေ ကူးစပ်ဖို့အခွင့်အလမ်းများနေချိန်မှာ ပိုက်ဆံငွေစက္ကူတွေအစား ကဒ်နဲ့ရှင်းတာမျိုး၊ Mobile Wallet လို့ပြောလို့ရတဲ့ Apps တွေ ဥပမာ- Wavepay, MPT Money, MyTel Pay, KBZ Pay စတာတွေကနေ လူတစ်ယောက်နဲ့ တစ်ယောက်ထိတွေ့စရာမလိုဘဲ ငွေပေးချေလို့ရပါတယ်။

၂။ ငွေဘယ်လောက်သုံးလဲဆိုတာ စာရင်းမှတ်နိုင်တဲ့ တိကျသေချာတဲ့ Record ရှိ။

ကဒ်တွေ Apps တွေသုံးပြီး ငွေပေးချေတဲ့ အားသာချက်ကတော့ ကိုယ်က ဘယ်နေရာမှာ ငွေကို ဘယ်လောက်သုံးတယ်ဆိုတာ ကိုယ်တိုင်ထပ်မှတ်တမ်းတင်စရာမလိုဘဲ Record ရှိနေတာပါ။

၃။ ပရိုမိုးရှင်းများရနိုင်ခြင်း

ဘဏ်ကဒ်တွေ Mobile Wallet လို Apps တွေကနေ ငွေရှင်းရတဲ့ ကောင်းကွက်တစ်ခုက သုံးစွဲသူတွေအတွက် အထူးပရိုမိုးရှင်းတွေ Discount တွေ ရှိနေနိင်တာပဲဖြစ်ပါတယ်။

၄။ အပျောက်အရှဖြစ်တဲ့အခါ အဆုံးအရှုံးအရမ်းမများခြင်း

ကိုယ့်လက်ထဲက ငွေစက္ကူပျောက်ဆုံးသွားတဲ့အခါ ရေအဆုံးကုန်းတစ်ဝက်ပါ။ ပြန်ရဖို့ဆိုတာ လုံးဝမလွယ်ကူပါဘူး။ ကိုယ့်အိတ်ထဲမှာ ငွေတွေအများကြီး ထည့်သွားတာဟာ ပျောက်ရှဖို့ အရမ်းလွယ်သလို ငွေတွေလည်း ပိုသုံးဖြစ်ပါတယ်။ ကဒ်တွေ သုံးတဲ့အခါ တခုခု ငွေအများကြီးရှင်းရတဲ့အခါ အလေးခံပြီးသယ်သွားစရာမလိုသလို ငွေပျောက်တဲ့မတော်တဆဖြစ်တာမျိုးကလည်း ကင်းဝေးမှာပါ။ ကဒ်တစ်ကဒ်နဲ့ ကမ္ဘာပတ်လို့ရပါတယ်။ ကဒ်ပျောက်သွားတဲ့အခါမျိုးမှာဆိုရင်လည်း ဘဏ်တွေအနေနဲ့ စိတ်ချရတဲ့လုံခြုံရေးစနစ်တွေ စီစဉ်ပေးထားပါတယ်။ ကဒ်ပျောက်တာကို ပြောလိုက်တာနဲ့ တခါတည်း ငွေသုံးစွဲမှုပိတ်ပင်လိုက်တာမျိုးဖြစ်ပါတယ်။

၅။ ပိုခေတ်မှီပြီး စရိတ်စကမများခြင်း

ကဒ်လေးတစ်ကဒ်နဲ့ ငွေရှင်းရတာဟာ ကိုယ့်ကိုကိုယ်ပိုခေတ်မှီတယ်လို့ခံစားရစေပါတယ်။တိုးတက်ပြီးသားနိုင်ငံမှာတော့ Cashless System လို့ခေါ်တဲ့ငွေစက္ကူကင်းမဲ့တဲ့ စနစ်ကို ကျင့်သုံးနေကြပြီးနေသားတကျဖြစ်နေကြပါတယ်။ ဘဏ်တွေမှာဆိုလည်း ငွေတွေထားလေ့မရှိကြဘူး။ ပိုပြီး တိုးတက်ခေတ်မှီဖို့ သုံးသင့်နေပါပြီ။ မြန်မာနိုင်ငံလို ငွေစက္ကူက အရမ်းတန်ဖိုးမများတဲ့အခါ ကိုယ်က ငွေအများကြီးသုံးလေလေလေ အများကြီးသယ်ရလေလေပါ။ ကဒ်ဖြစ်ဖြစ် Mobile Wallet လေးရှိတာလေးဟာ ငွေကြေးနဲ့ပတ်သတ်ပြီး စိတ်ချလက်ချရှိနိုင်ပြီး အလုပ်ရှုပ်လည်း ပိုသက်သာစေပါတယ်။

ဒါဆို စပြီးတော့ ငွေစက္ကူကင်းမဲ့တဲ့စနစ်ကို ရောက်အောင် အတူတကွ ကြိုးစားပြီး ကဒ်တွေ Mobile Wallet တွေကို စမ်းသုံးကြည့်လိုက်ရအောင်နော်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ