ကလေးမွေးပြီးရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုဘယ်လိုပြန်ဂရုစိုက်ကြမလဲ

ကလေးမွေးပြီးရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုဘယ်လိုပြန်ဂရုစိုက်ကြမလဲ

ဒီတစ်ခါတော့ကလေးမေမေတွေအတွက် ကလေးမွေးပြီးအချိန်မှာ မိမိကိုယ်ကို ဘယ်လိုဂရုပြန်စိုက်သင့်လဲဆိုတဲ့နည်းလမ်းလေးဝေမျှပေးချင်ပါတယ်။သားသားမီးမီးလေးတွေမွေးပြီးရင်မေမေတွေက သူတို့လေးတွေကိုအစဉ်မပြတ်ဂရုစိုက်နေရပါတယ်။ဒ်ီလိုအချိန်မျိုးမှာဆိုရင်ကိုယ့်ကိုကိုယ်ဂရုစိုက်ဖို့လည်းမေ့နေတတ်ကြပါတယ်နော်။အပန်းလည်းအရမ်းမကြီးပဲနဲ့ဘယ်လိုလေးတွေဂရုပြန်စိုက်သင့်လဲဆိုတာတော့

Photo Credit-Youtube

ကိုယ့်ရဲ့ကလေးလေးအိပ်နေတဲ့အချိန်မှာဆိုရင် မေမေအနေနဲ့လည်းအိပ်ဖို့အကြံပေးချင်ပါတယ်။နာရီအနည်းငယ်သာအိပ်ရတယ်ဆိုပေမဲ့လည်း အကြိမ်ရေများစွာပြန်ပြန်အိပ်ရင်အိပ်ရေးလည်းဝသလိုကိုယ်ကိုတိုင်လည်းကျန်းမာမှာဖြစ်ပါတယ်။ညဘက်ဆိုရင်ကိုယ့်ရဲ့ခင်ပွန်းနဲ့အလှည့်ကျကလေးကိုစောင့်ကြည့်ပါနော်။တစ်ယောက်တည်းကြီးပဲကြည့်နေတာမျိုးဆိုရင် ရေရှည်မှာအဆင်မပြေပါဘူးနော်။

Photo Credit-Family

အိမ်မှာနေရင်းနဲ့ကိုယ်သုံးနေကျ Skin Care လေးတွေပြန်သုံးပေးပြီး တစ်သားမွေးတစ်သွေးလှဆိုတဲ့ကအတိုင်း အသားအရေလေးကိုပြန်ထိန်းသိမ်းပေးပါ။သားသားမီးမီးလေးတွေမွေးပြီးတဲ့အခါမှာလည်း ဗိုက်အကျောများပြတ်နေတတ်ကြပါတယ်။နေ့တိုင်းပြတ်နေတဲ့နေရာလေးမှာသံလွင်ဆီလေးလိမ်းပေးဖို့လိုအပ်ပါတယ်။

Photo Credit-SpeciaL Skin

ကလေးတွေအိပ်နေတဲ့အချိန်တွေဆိုရင်လည်း လေ့ကျင့်ခန်းလေးပုံမှန်ပြန်လုပ်ပေးပါ။ကလေးအမေဖြစ်သွားလို့ လှစရာမလိုတော့ဘူးလို့မထင်လိုက်နဲ့နော်။ကလေးအမေတွေပိုလှတာက အားကျစရာပိုကောင်းပါတယ်။ဒါကြောင့်ပုံမှန်လေးလေ့ကျင့်ခန်းလုပ်ပေးပြီးကျန်းမာအောင်နေပါ။မိန်းမသားတွေက ဘယ်အချိန်ပဲ့ကြည့်ကြည့်လှနေဖို့လိုအပ်ပါတယ်နော်။

Photo Credit-Well

Kelly (Akhayar Lifestyle)