ပိုက်ဆံကိုဘယ်လိုသုံးပြီးဘယ်လိုစုမလဲ

ပိုက်ဆံကိုဘယ်လိုသုံးပြီးဘယ်လိုစုမလဲ

ပိုက်ဆံသုံးရာတွင်


ပိုက်ဆံဆိုတာမျိုးက သုံးရတာလွယ်သလောက်ရှာရတာအတော်လေးပင်ပန်းပါတယ်။ကိုယ်ပင်ပင်ပန်းပန်းနဲ့ရှာထားရတဲ့ပိုက်ဆံတွေကိုပေါပေါပဲပဲမသုံးပါနဲ့။ကိုယ့်မှာ မလိုအပ်ပဲပစ္စည်းဝယ်တာများနေရင် ကိုယ့်အမှန်တကယ်လိုအပ်နေတဲ့ပစ္စည်းတွေဆိုစွန့်လွှတ်ရတတ်ပါတယ်။ရေရှည်ကိုမကြည့်ပဲရေတိုကိုကြည့်တဲ့လူမျိုးတွေပါ။သူများလုပ်တာလိုက်လုပ်ချင်တယ်။ဒါပေမယ့်လည်း ကိုယ့်မှာကသူ့လောက်ဝင်ငွေမရှိဘူးဆိုရင်တော့ရေရှည်အတွက်ဆိုရင်တော့ရင်လေးစရာကောင်းပါတယ်။ကိုယ်ကမချမ်းသာသေးချိန်မှာ ချမ်းသာနေတဲ့သူတွေနဲ့ပြိုင်ပြီးမကစားပါနဲ့။မလိုအပ်တာတွေဝယ်မိတဲ့အတွက် ကိုယ်တကယ်အရမ်းလိုအပ်နေတဲကအချိန်တွေဆိုအခက်အခဲဖြစ်စေပါတယ်။

ပိုက်ဆံစုရာတွင်


ကိုယ်ကဝန်ထမ်းဆိုရင် လကုန်လို့လစာရပြီး သုံးပြီးမှပိုတဲ့ပိုက်ဆံကိုမစုပါနဲ့။ကိုယ်ဒီလအတွက်ဘယ်လောက်စုမယ်ဆိုသတ်မှတ်ပြီးမှပိုတဲ့ပိုက်ဆံကိုသုံးပါ။ပိုက်ဆံစုပါစုပါလို့ပြောတာကလည်း စုဘူးကြီးထဲမှာတစ်သက်လုံးထားခိုင်းတာမဟုတ်ပါဘူးနော်။ကိုယ့်ဘဝအတွက်တကယ်မဖြစ်မနေရင်ဆိုင်ရတဲ့အချိန်မျိုးတွေဆို ငွေကမပါမဖြစ်ပါ။ကိုယ်တက်ချင်တဲ့သင်တန်းတွေတက်တာမျိုး၊ကျန်းမာရေးတစ်ခုခုထဖြစ်တာမျိုးဆိုရင် သင့်မှာငွေမရှိရင်အရမ်းမျက်နှာငယ်ရပါတယ်။အဲ့ဒီအခြေအနေမျိုးဆိုကိုယ့်မှာစုဆောင်းထားတဲ့ပိုက်ဆံတွေက အထောက်အကူဖြစ်စေပါတယ်။ကိုယ်အကူအညီလိုလို့တစ်ပါးသူဆီမှာတောင်းရရင်လည်းအရမ်းကိုမျက်နှာငယ်ရပါတယ်။အဲတော့မျက်နှာမငယ်ချင်ရင်အသုံးအဖြုန်းလေးတွေလျော့ပြီးငွေစုကြပါ။

ရင်းနှီးမြှပ်နှံရာတွင်


ကိုယ့်မှာစုဆောင်းထားတဲ့ငွေလေးနဲ့ရင်းနှီးမြှပ်နှံမှုလေးတစ်ခုစလုပ်မယ်ဆိုရင် ရှိသမျှပိုက်ဆံတွေအကုန် တနေရာထဲမှာစုပြုံပြီးအရင်းအနှီးမလုပ်ပါနဲ့။လုပ်ငန်းဆိုတာက မြတ်လည်း မြတ်နိုင်သလို၊ ရှံးလည်းရှံးနိုင်ပါတယ်။ရှိသမျှပိုက်ဆံတွေကို တစ်နေရာတည်းမှာအားလုံးရင်းနှီးလိုက်ရင် ရှံးတဲ့အခါ တစ်ပါးမှ မကျန် တော့တာမျိုးဖြစ်သွားတတ်ပါတယ်။ရိုးသားမှုဆိုတာဒီခေတ်ကြီးထဲမှာအရမ်းကိုရှားပါးလာပါတယ်။ဒါ့ကြောင့် ငွေရချင်ဇောနဲ့ ရူးရူးမိုက်မိုက်တစ်ပါးသူအပေါ်မယုံစားလိုက်ပါနဲ့။ကိုယ့်ကိုယ်တိုင်လေ့လာပြီး ကိုယ့်စိတ်ကလည်း လုံးဝယုံကြည်လို့ရပြီဆိုတဲ့အခြေအနေမျိုးရောက်မှသာလက်ခံပါ။

Kelly (Akhayar Lifestyle)

Photos Credit