Monkeys-Forever ကို ထုတ်ပယ်ပြီး ကစားသမားသစ် တစ်ဦးကို ခေါ်ယူခဲ့တဲ့ 4 Zoomers Dota2

Monkeys-Forever ကို ထုတ်ပယ်ပြီး ကစားသမားသစ် တစ်ဦးကို ခေါ်ယူခဲ့တဲ့ 4 Zoomers Dota2

catJAMMERS Dota2 အသင်း ဖျက်သိမ်းခြင်းနဲ့ အတူ အပြောင်းအလဲပေါင်း များစွာ ဖြစ်ပျက်လျက်ရှိတဲ့ NA Dota2 လောကအတွင်းမှာ နောက်ထပ် အပြောင်းအလဲ တစ်ခု ထပ်မံ ပေါ်ပေါက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိ Realms Collide: The Burning Darkness Dota2 ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိတဲ့ 4 Zoomers Dota2 အသင်း အနေနဲ့ Offlane ကစားသမားဖြစ်သူ Monkeys-Forever ကို ထုတ်ပယ်ပြီး ဖြစ်တယ်လို့ သိရပါတယ်။

Monkeys-Forever အနေနဲ့ အသင်းကနေ ထုတ်ပယ်ခံလိုက်ပြီ ဖြစ်ကြောင်းကို Streaming Session တစ်ခုမှာ ကြေညာသွားခဲ့တာဖြစ်ပြီး ကိုယ်ပိုင် တွစ်တာအကောင့်ကနေ တစ်ဆင့် အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

“Stream မှာ ပြောခဲ့သလိုပဲ 4 Zoomers ကနေ ထုတ်ပယ်ခံလိုက်ရပြီ ဖြစ်ပါတယ်။ အခုလို ထုတ်ပယ်ခံလိုက် ရတာကြောင့် အသင်းဖော်ဟောင်းတွေနဲ့ ကျွန်တော့် အကြားမှာ ပြဿနာ တစ်စုံတရာ ရှိနေမှာ မဟုတ်သလို လာမယ့်ပြိုင်ပွဲတွေမှာ သူတို့တွေ အောင်မြင်ဖို့ အတွက် အားပေးသွားမှာ ဖြစ်ပါတယ်။ 4 Zoomers အဖွဲ့သားတွေ အားလုံးဟာ တကယ်ကို အရည်အချင်းရှိတဲ့သူတွေ ဖြစ်တာကြောင့် ရှေ့ဆက်ပြီး အောင်မြင်မယ်လို့လည်း ယုံကြည်မိပါတယ်။”

4 Zoomers Dota2 အသင်းကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အွန်လိုင်းပြိုင်ပွဲများ အဖြစ် စတင် ပြောင်းလဲ ကျင်းပခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ မတ်လမှာ စတင် ဖွဲ့စည်းခဲ့တာဖြစ်ပြီး NA အခြေစိုက် နာမည်ကျော် ကစားသမားတွေနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ 4 Zoomers Dota2 အသင်း အနေနဲ့ စတင် ဖွဲ့စည်းချိန်ကနေ လက်ရှိအချိန်ထိ ကြီးကြီးမားမား အောင်မြင်မှုဆိုလို့ ရယူနိုင်ခြင်း မရှိခဲ့ဘဲ အမြင့်မားဆုံး အောင်မြင်မှု အဖြစ် OMEGA Leauge: Americas Divine Division မှာ ဒုတိယ၊ ESL One Thailand 2020: Americas မှာ တတိယတို့သာ ရယူနိုင်ခဲ့ပါတယ်။

4 Zoomers Dota2 အသင်းရဲ့ Carry ကစားသမားဖြစ်သူ Sammyboy ရဲ့ အဆိုအရ Monkeys-Forever နေရာမှာ အစားထိုးဖို့ အတွက် Pub Star တစ်ဦးဖြစ်တဲ့ Dyun (@zerodota2) ကို ခေါ်ယူသွားမှာ ဖြစ်တယ်လို့ သိရတာကြောင့် ကစားသမား အသစ်နဲ့အတူ 4 Zommers အဖွဲ့သားတွေ Realms Collide: The Burning Darkness ပြိုင်ပွဲမှာ ဘယ်အဆင့်ထိ တက်လှမ်းသွားနိုင်မယ် ဆိုတာကို ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

4 Zoomers Dota2 အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Sammyboy- Pos 1
  • Gunnar – Pos 2
  • Dyun – Pos 3
  • Oceania – Pos 4
  • Husky – Pos 5

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle