Beastcoast Dota2 အသင်းမှာ နည်းပြအဖြစ် တာဝန်ယူသွားမယ့် Pos4 ကစားသမား MoOz

Beastcoast Dota2 အသင်းမှာ နည်းပြအဖြစ် တာဝန်ယူသွားမယ့် Pos4 ကစားသမား MoOz

Business Associates Dota2 အသင်းကနေ မတ်လကုန်မှာ ထွက်ခွာသွားခဲ့တဲ့ Joel Mori “MoOz” Ozambela အနေနဲ့ ယခုအခါမှာတော့ SA အခြေစိုက် Dota2 အသင်း Beastcoast မှာ နည်းပြ အဖြစ် ဝင်ရောက် လုပ်ကိုင် သွားတော့မှာ ဖြစ်ပါတယ်။

MoOz အနေနဲ့ ၂၀၁၇ နှစ်ကုန်ပိုင်းမှာ Dota2 လောက အထဲကို စတင် ဝင်ရောက်ခဲ့တာဖြစ်ပြီး Gorillaz-Pride၊ Infamous စတဲ့ တောင်အမေရိက အခြေစိုက် Dota2 အသင်းတွေမှာ ကျင်လည်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇွန်လမှာ Beastcoast Dota2 အသင်းမှာ ကစားသမား အဖြစ် ဝင်ရောက် ကစားခဲ့ပေမယ့် လပိုင်းခန့် အကြာမှာ အသင်းကနေ ပြန်လည် ထွက်ခွာခဲ့ပြီး Fear, Moo စတဲ့ ကစားသမားတွေ ပါဝင်တဲ့ Business Associates Dota2 အသင်းကို MoOz အနေနဲ့ ပြောင်းရွေ့သွားခဲ့ပါတယ်။

ဒါပေမယ့်လည်း Business Associates Dota2 အသင်း အနေနဲ့ ကျရှုံးမှုတွေနဲ့သာ ဆက်တိုက် ဆိုသလို ရင်ဆိုင်ခဲ့ရတာကြောင့် MoOz တစ်ယောက် အသင်းကနေ ပြန်လည် ထွက်ခွာလို့ သွားခဲ့ပါတယ်။ အသင်းလက်မဲ့ အဖြစ် ၂ လခန့် ကျင်လည်ပြီးတဲ့ အခါမှာတော့ MoOz အနေနဲ့ အသင်းဟောင်းဖြစ်တဲ့ Beastcoast မှာ နည်းပြ အဖြစ် ပြန်လည် တာဝန်ယူသွားတော့မှာ ဖြစ်ပါတယ်။

Beastcoast

MoOz အနေနဲ့ Beastcoast Dota2 အသင်းမှာ နည်းပြအဖြစ် အပြင် လိုအပ်လာတဲ့ အခါမှာ အစားထိုး ကစားသမား အဖြစ်ပါ ဝင်ရောက် ကစားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Beastcoast Dota2 အသင်း အနေနဲ့ လက်ရှိအချိန်မှာ ESL One Birmingham 2020 NA and SA အွန်လိုင်း ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိတာကြောင့် ဖျက်မြင်း အသင်း အဖြစ်သာ ရပ်တည်နိုင်ခဲ့တဲ့ Beastcoast ကို အသင်းကြီး အဖြစ် ရပ်တည်လာနိုင်အောင် စွမ်းဆောင်ပေးနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle