ကစားသမား အပြောင်းအလဲတွေ ပြုလုပ်ခဲ့တဲ့ ပရိုဖက်ရှင်နယ် Dota 2 အသင်း T1

ကစားသမား အပြောင်းအလဲတွေ ပြုလုပ်ခဲ့တဲ့ ပရိုဖက်ရှင်နယ် Dota 2 အသင်း T1

ကိုရီးယားနိုင်ငံ အခြေစိုက် နာမည်ကျော် Esports အဖွဲ့အစည်း T1 အနေနဲ့ Dota 2 လောကထဲကို ယခုနှစ် အစောပိုင်း ကာလမှာ စတင် ဝင်ရောက်ခဲ့ပြီး Dota 2 လောကထဲကို စတင် ဝင်ရောက်စဥ် အချိန်က စတင်ကာ ကစားသမား အပြောင်းအလဲတွေ ဆက်တိုက် ဆိုသလို ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ခန့်ကလည်း T1 Dota 2 အသင်း အတွက် နည်းပြ သုံးဦးကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာပေးခဲ့ပါတယ်။ အခုလို ကစားသမား အင်အား၊ နည်းပြ အင်အား တောင့်တင်းအောင် T1 Dota 2 အသင်း အနေနဲ့ ဆောင်ရွက်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပ ပြီးစီးသွားခဲ့တဲ့ Non-DPC Event ONE Esports Dota 2 Invitational Jakarta လက်ရည်စစ်ပွဲမှာ ကျရှုံးမှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။

ဒါကြောင့် T1 Dota 2 အသင်း အနေနဲ့ အသင်းရဲ့ Carry ကစားသမားဖြစ်တဲ့ နာမည်ကျော် Dota 2 ကစားသမား Dominik "Black" Reitmeier နဲ့ ကနေဒါနိုင်ငံသား Support ကစားသမား Yixaun "Xuan" Guo တို့ကို အသင်းကနေ ပြန်လည် ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။

Xuan

T1 Dota 2 အသင်း အနေနဲ့ အသင်းရဲ့ ကစားသမား နှစ်ဦးကို ထုတ်ပယ်လိုက်ပေမယ့်လည်း Black နဲ့ Xuan တို့ နေရာမှာ အစားထိုးသွားမယ့် ကစားသမားနဲ့ ပတ်သတ်ပြီးတော့ တရားဝင် ကြေညာခြင်း မရှိသေးပါဘူး။

Black

လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် Dota 2 ပြိုင်ပွဲ အများစုကို ဖျက်သိမ်းလိုက်ပြီ ဖြစ်သလို နိုင်ငံ အများစု အနေနဲ့ နိုင်ငံခြားသား ဝင်ရောက်ခွင့်ကို ပိတ်ပင်လိုက်ပြီ ဖြစ်တာကြောင့် T1 Dota 2 အသင်း အနေနဲ့ ကစားသမား အသစ်တွေ ရှာဖွေရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်သွားရနိုင်ပါတယ်။ T1 Dota 2 အသင်းရဲ့ ကျန်ရှိနေတဲ့ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Muhammad "inYourdreaM" Rizky - Pos 2
  • Lee "Forev" Sang Don - Pos 3
  • Tri "Jhocam" Kuncoro" - Pos 4

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle