မနက်ခင်းမှာလုပ်လေ့လုပ်ထရှိတဲ့အမှားတွေကဘာတွေလဲ

မနက်ခင်းမှာလုပ်လေ့လုပ်ထရှိတဲ့အမှားတွေကဘာတွေလဲ

တစ်နေ့တာရဲ့အစပြုခြင်း မနက်ခင်းဟာနေ့တစ်နေ့တာကိုဖြတ်သန်းဖို့အတွက်အရေးကြီးတဲ့အချိန်လည်းဖြစ်သလို တစ်နေ့တာကိုကောင်းမွန်စွာနဲ့ ပြီးဆုံးဖို့အတွက်လည်း Energy လည်းဖြစ်ပါတယ်။ သုတေသနပညာရှင်တွေကလည်း မနက်ခင်းဟာ စဉ်းစားတွေးတောမှုနဲ့ ကိုယ့်ရဲ့ဖန်တီးနိုင်စွမ်းအား၊ လေ့လာမှုစွမ်းအားတွေအတွက် အကောင်းဆုံးအချိန်လည်းဖြစ်ပါတယ်။ ပြဿနာတွေကိုဖြေရှင်းဖို့အတွက်လည်း အကောင်းဆုံးအကြံဉာဏ်တွေကိုပေးစွမ်းနိုင်တဲ့အချိန်လည်းဖြစ်ပါတယ်။မနက်ခင်းမှာတစ်ချို့အမှားလေးတွေကလည်း ဒီလိုမျိုးကောင်းကျိုးတွေကိုပျက်စီးသွားစေနိုင်ပါတယ်။ ကဲ့ဘယ်လိုအချက်တွေကိုနိုးနိုးခြင်းရှောင်သင့်လဲဆိုတာပြောပြပေးချင်ပါတယ်။
ဖုန်းသုံးခြင်း
တစ်ချို့လူတွေက မျက်လုံးနှစ်လုံးပွင့်တာနဲ့ ကိုယ့်အိပ်ရာဘေးမှာရှိတဲ့ဖုန်းကိုချက်ချင်းကောက်သုံးလေ့ရှိAပါတယ်။ အထူးသဖြင့်အခုခေတ်လူနေမှုပုံစံတွေလည်းပြောင်းလဲလာတာနဲ့အမျှ နိုးနိုးချင်း အီးမေးလ်တွေစစ်တယ်၊ Facebook ကသတင်းတွေကမျက်လုံးပွင့်တာနဲ့ဖတ်တယ် အဲ့လိုအလေ့အထတွေကတကယ်တော့  တစ်နေ့တာစွမ်းဆောင်ရည်ကိုအားပြုဖို့အဆင်သင့်မဖြစ်သင့်ဘူးဆိုပြီးလည်း #RiseandGrind  Podcast တစ်ခုကိုတည်ထောင်သူ Glenn Lundy ကအဲ့လိုအချက်တွေကမှားတယ်လို့လည်းပြောထားပါတယ်။နိုးထလာတဲ့အခါ နံနက်ခင်းလှုပ်ရှားမှုတစ်ခုက ကိုယ့်ရဲ့ပန်းတိုင်တစ်ခုကိုအကျိုးပြုနိုင်တယ်လို့ အကြံပေးထားပါသေးတယ်နော်။

Photo Credit -The Haw.com


အိပ်ရာဝင်နောက်ကျခြင်း
ဘယ်အချိန်အိပ်သင့်တယ်၊ ဘယ်အချိန်ထသင့်တယ်ကိုပြောတာမျိုးမဟုတ်ပါဘူး၊နောက်ကျမှအိပ်ရာဝင်ခြင်းက နိုးထလာရင်တော့ကိုယ်ဆီမှာတစ်ခုခုလိုနေတယ်လို့ခံစားရပါလိမ့်မယ်။Amerisleep ရဲ့လေ့လာမှုတစ်ခုအရအစောကြီးအိပ်ရာထသူထက် နောက်ကျမှအိပ်ရာနိုးထတဲ့သူတွေကယေဘုရအားဖြင့် ပိုပြီးကြောက်တတ်ကြတယ်လို့လေ့လာတွေ့ရှိထားပါတယ်။

Photo Credit - The Health Site


နိုးစက်ခဏခဏပေးထားခြင်း
ဒီအချက်က လူငယ်တော်တော်များများလုပ်တတ်ကြပါတယ်။တကယ်တော့ ဒီအချက်ကလုံးဝကိုမှားယွင်းတဲ့လုပ်ရပ်ပါ။နိုးစက်အသံကြားတဲ့အခါ နေ့တစ်နေ့ကိုစဖို့အတွက်အတင်းအကျပ်တိုက်တွန်းသလိုလည်းဖြစ်သလို ငါးမိနစ်တစ်ခါ Alarm ပေးပြီးအိပ်စက်ခြင်းကအင်းအားတွေကိုကုန်ဆုံးစေနိုင်တဲ့အပြင် တစ်နေ့တာအတွက် လန်းဆန်းတက်ကြွမှုတွေရနိုင်မှာမဟုတ်တော့ပါဘူးနော်။

Photo Credit -Pinterest

Kelly - Akhayar Lifestyle