မနက်ခင်းတစ်ခုက ဘဝလမ်းကြောင်းမှာဘယ်လောက်အရေးပါလဲ

မနက်ခင်းတစ်ခုက ဘဝလမ်းကြောင်းမှာဘယ်လောက်အရေးပါလဲ

မနက်ခင်းတိုင်းက ဘဝကို အကောင်းဆုံးပြောင်းလဲပေးမဲ့ တစ်ခုတည်းသော အရာလို့ ပြောရင် မလွန်။ ကောင်းမွန်တဲ့ မနက်ခင်းအလေ့အထ အကျင့်တွေက ကိုယ့်ကို တနေ့တာလုံး တက်တက်ကြွကြွဖြစ်စေဖို့ တနေကုန် အလုပ်တွေကို အကျိုးရှိရှိနဲ့ မြန်မြန်ဆန်ဆန် ပြီးစီးဖို့ ကူညီပေးမှာဖြစ်တယ်။ လုပ်စရာရှိတဲ့အလုပ်တွေကို အစီအစဉ်တကျ အချိန်ဇယားသေချာဆွဲလုပ်နိုင်ဖို့ မနက်ခင်းမှာ အချိန်နည်းနည်းပို ဝိရီယရှိလိုက်ရင် ပိုတိုးတက်တဲ့ ဘဝကို ရရှိပိုင်ဆိုင်နိုင်မှာပါ။ကမ္ဘာမှာအောင်မြင်ကျော်ကြားတဲ့ သူတွေ တော်တော်များများဟာ မနက်ခင်းကို အတော်အလေးထားကြတယ်။ ဥပမာ - Apple ရဲ့ CEO Tim Cook ဟာ မနက်ဆို ၄နာရီထိုးအမြဲထလေ့ရှိပြီး US ကိုတည်ထောင်ခဲ့တဲ့ Benjamin Franklin ဆိုရင်လည်း Morning Routine လုပ်ဖို့အတွက် မနက် ၅နာရီထလေ့ရှိပါတယ်.မနက်ခင်းတိုင်းကို တက်တက်ကြွကြွနဲ့ ဖြတ်သန်းနိုင်ဖို့ ပုံမှန်လုပ်ရမဲ့ Morning Routine ရှိသင့်ပါတယ်။ ဒါမှလည်း လုပ်နေကျတွေကို ကျင့်သားရပြီး ကိုယ့်ရဲ့ ကောင်းမွန်တဲ့ Lifestyle တစ်ခုကို ဖန်တီးနိုင်ပြီး အလုပ်အရမ်းများတဲ့သူတစ်ယောက်အနေနဲ့ ကိုယ့်အလုပ်တွေနဲ့ ကိုယ်ပိုင်အချိန်တွေကို သေချာ Manage လုပ်နိုင်မှာဖြစ်ပါတယ်။
မနက်ခင်းတိုင်း လုပ်သင့်တဲ့ အကောင်းဆုံး လူတိုင်းတဲ့ သင့်တော်တဲ့အလေ့အထလေးတွေကို ပြောပြချင်ပါတယ်။


မနက်စောစော ထပါ။
တတ်နိုင်သလောက် စောစောထနိုင်ရင်ကောင်းပါတယ်။ တစ်ချို့ကျတော့လည်း မနက် ၅နာရီ၊ တစ်ချို့၆နာရီ၊ တစ်ချို့၇နာရီ စသဖြင့် ကိုယ်ထနိုင်ပြီး ကိုယ်မနက်ပိုင်းလုပ်ချင်တဲ့အလုပ်ပေါ်မူတည်ပါတယ်။ တစ်ခုအရေးကြီးတာက ထတဲ့အချိန်က ပုံမှန်လေး Right Time ဖြစ်ဖို့ လိုပါတယ်။ ဒါက ကိုယ့်ခန္တာကိုယ်ကို ပုံမှန် ထနိုင်အောင် အလေ့အကျင့်ပေးတာပဲဖြစ်ပါတယ်။ ကြုံဖူးမှာပေ့ါ။ ကိုယ်က မနက် ၆ ထနေကျဆိုရင် ၆ နာရီရောက်တာနဲ့ ပုံမှန်နိုးလာတာတွေ။ ခန္တာကိုယ်မှာလည်း နာရီဆိုတာရှိပါတယ်။ မနက်စောစောထတဲ့အခါ ကိုယ်လုပ်စရာရှိတာတွေ၊ တစ်နေ့တာအတွက် ပြင်ဆင်ရမဲ့ဟာတွေကို သေချာ စီစဉ်နိုင်တယ်။ ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့အချိန်ပိုရတယ်။

မနက်ခင်းလေ့ကျင့်ခန်းလုပ်ပါ။
ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ အကောင်းဆုံးအချိန်က မနက်ခင်းပါ။ နိုးတာနဲ့  အိပ်ချင်နေတဲ့စိတ်တွေကို ဖြေဖျောက်ပြီး ခန္တာကိုယ်ကို သွေးပူအောင် လုပ်ပေးတဲ့အတွက် တစ်နေ့တာလုံး တက်ကြွနေမှာဖြစ်ပါတယ်။ မနက်ခင်းလေ့ကျင့်ခန်းလုပ်တာဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ကိုယ့်စိတ်ကို ပိုပျော်အောင် လုပ်ပေးနိုင်။ ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ်တဲ့အခါ အာရုံစူးစိုက်မှုတွေ ပိုကောင်းလာတယ်။ Immune System ပိုကောင်းလာတယ်။ မနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်တာ ကောင်းကျိုးတွေ အများကြီးပါ။ လုပ်မှာ Productive ပိုတိုးတက်လာစေတယ်။ လန်းဆန်းတက်ကြွတဲ့ လျို့ဝှက်ချက်ပါ။ မနက်ကတည်းက ကိုယ့်ခန္တာကိုယ်ကို အလုပ်လုပ်ခိုင်းလိုက်တာဖြစ်တဲ့အတွက် တနေ့တာလုံးဘာပဲလုပ်လုပ် ပင်ပန်းတဲ့ ဒဏ်ကို ခံနိုင်မှာဖြစ်ပါတယ်။ အကောင်းမြင်စိတ်တွေပို ရှိလာတယ်။


စာဖတ်ခြင်း
မနက်ခင်းမှာ အချိန်ရရင်စာဖတ်တာလည်းအရမ်းကိုကောင်း။ အာရုံစူးစိုက်မှု ပိုကောင်းတာဖြစ်လို့ ကိုယ်ဖတ်နေတဲ့ စာအုပ်ထဲက အကြောင်းအရာတွေကို ပိုမှတ်မိ။ ကော်ဖီလေးတစ်ခွက်ရယ်၊ မနက်ခင်း ကျေးငှက်သံလေးတွေရယ်၊ တိတ်တိတ်ဆိတ်ဆိတ်မနက်ခင်းမှာ စာဖတ်ရတာအတော်လေးကို အရသာတွေ့စရာကောင်းပါတယ်။


မနက်ခင်းမှာစောစောထပြီး လုပ်စရာရှိတာလုပ်ဖို့ ဆိုရင် အရေးကြီးတာက ညဘက်ကတည်းက ပြင်ဆင်သင့်တာပဲဖြစ်ပါတယ်။ ညစောစောအိပ်မယ်။ ပုံမှန်အိပ်ချိန်သတ်မှတ်ထားမယ်။ အိပ်ရေး၀၀အိပ်မယ်။ မနက်မှာလုပ်ဖို့ အရာတွေအတွက် ညကတည်းက ပြင်ဆင်ထားနိုင်ရင်တော့ပိုပြီးကောင်းတာပေ့ါ။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle