ပြိုင်ပွဲကြီး တစ်ခုမှာ ပထမဆုံး အကြိမ် အနိုင်ရ ဗိုလ်စွဲနိုင်ခဲ့တဲ့ Motivate.Trust Gaming

ပြိုင်ပွဲကြီး တစ်ခုမှာ ပထမဆုံး အကြိမ် အနိုင်ရ ဗိုလ်စွဲနိုင်ခဲ့တဲ့ Motivate.Trust Gaming

ထိုင်းနိုင်ငံအခြေစိုက် Dota2 အသင်း Motivate.Trust Gaming ကတော့ ဘယ်သူမှ ထင်မှတ် မထားလောက်အောင် လက်စွမ်းကောင်းတွေကို ပြသပြီး BTS Pro Series Season 3: SEA ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ထိုက်တန်စွာ သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Motivate.Trust Gaming Dota2 အသင်းကို ၂၀၁၉ ခုနှစ်မှ ပြန်လည် ဖွဲ့စည်းခဲ့တာဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီလမှတော့ တည်ငြိမ်တဲ့ ကစားသမား အစုအဖွဲ့ တစ်ခုကို ဖန်တီးနိုင်ခဲ့ပြီး အဆိုပါ ကစားသမားတွေနဲ့ ပြိုင်ပွဲစုံမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲအများစုမှာ ထိပ်ဆုံး (၈) သင်း အဆင့်အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း BTS Pro Series Season 3: SEA ပြိုင်ပွဲမှာတော့ အုပ်စုအဆင့်မှာကတည်းက Motivate.Trust Gaming အဖွဲ့သားတွေ အနေနဲ့ လက်စွမ်းကောင်းတွေကို ပြသနိုင်ခဲ့ပြီး ၄ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၁ ပွဲရှုံးဆိုတဲ့ ရလဒ်ဖြင့် Playoffs အဆင့်မှာ Upper Bracket ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ကံဆိုးစွာနဲ့ပဲ Upper Bracket Round 1 မှာ နာမည်ကျော် ကစားသမားတွေ ပါဝင်တဲ့ Among Us ကို ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့တာကြောင့် Lower Bracket ကို သက်ဆင်းပေးခဲ့ရပါတယ်။ Lower Bracket က စတင်ပြီး Motivate.Trust Gaming အဖွဲ့သားတွေဟာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ချပြနိုင်ခဲ့ပြီး ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားလျက်ရှိတဲ့ Neon Esports, New Esports, Among Us တို့ကို ကျော်ဖြတ်ပြီး Grand Finals မှာ စောင့်ဆိုင်းနေတဲ့ BOOM Esports နဲ့ ယှဉ်ပြိုင်ကစားခွင့်ကို ရယူနိုင်ခဲ့ပါတယ်။

📸 ภาพบรรยากาศการแข่งขันในรอบชิงชนะเลิศ Bo5 ของพวกเรา Motivate.Trust Gaming ระหว่างที่กำลังพยามอย่างหนักและสามารถเอาชนะไปได้ด้วยสกอร์ Motivate.Trust 3-0 Boom Esports ในรายการ BTS Pro Series Season3 🎉🥳 ขออภัยหากมีคำไม่สุภาพครับ อารมณ์มันพาไปจริงๆ 😂 🙏🏻 และขอบคุณเพื่อนๆทุกคนที่ให้กำลังใจและเชียร์กันเสมอมา แล้วเจอกันครับ

Posted by Motivate Gaming on Sunday, September 27, 2020

BTS Pro Series Season 3: SEA Grand Final ပွဲစဉ်ဟာ Motivate. Trust အဖွဲ့သားတွေ အတွက် သိပ်ပြီးတော့ အခက်အခဲတော့ မရှိခဲ့ပါဘူး။ Game 1 တစ်ပွဲမှာသာ BOOM Esports နဲ့ အကျိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပြီး Game 2 နဲ့ Game 3 တို့မှာတော့ BOOM Esports Dota2 အသင်းကို အသာအယာပင် အနိုင်ယူနိုင်ခဲ့တာကြောင့် BTS Pro Series Season 3: SEA ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ထိုက်တန်စွာ စွတ်ခူးနိုင်ခဲ့ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle