mithR ကို နည်းပြချုပ် အဖြစ် ခေါ်ယူလိုက်တဲ့ Mousesports CSGO

mithR ကို နည်းပြချုပ် အဖြစ် ခေါ်ယူလိုက်တဲ့ Mousesports CSGO

နာမည်ကျော် CSGO အသင်း Mousesports ကတော့ Renegades CSGO အသင်းရဲ့ နည်းပြဟောင်းဖြစ်သူ Torbjorn “mithR” Nyborg ကို နည်းပြချုပ် အဖြစ်‌ ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ mithR အနေနဲ့ နည်းပြ အဖြစ်ကနေ ရပ်ဆိုင်းခံလိုက်ရတဲ့ Mousesports CSGO အသင်းရဲ့ နည်းပြဟောင်းဖြစ်သူ Allan “Reijn” Petersen နေရာမှာ ဝင်ရောက် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

အသက် (၃၀) နှစ် အရွယ်ရှိနေပြီဖြစ်တဲ့ mithR အနေနဲ့ ယခင်အချိန်တွေတုန်းက Tricked Esports, ALTERNATE aTTaX, North စတဲ့ CSGO အသင်းတွေနဲ့အတူ အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်ခဲ့သလို Renegades မှာ နည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ လေးလတာ ကာလအတွင်းမှာလည်း ချန်ပီယံဆု အချို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

mithR အနေနဲ့ ယခင်အချိန်တွေတုန်းက Tier A, B အသင်း အများစုမှာသာ ကျင်လည်ခဲ့တာ ဖြစ်တာကြောင့် အခုလို S-Tier အဆင့်ရှိ နာမည်ကျော် Mousesports CSGO အသင်းမှာ နည်းပြ အဖြစ် တာဝန်ယူရခြင်းကြောင့် စိန်ခေါ်မှုတွေနဲ့တော့ ရင်ဆိုင်ရမှာ အသေအချာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် Mousesports CSGO အသင်း အနေနဲ့ LAN ပြိုင်ပွဲတွေ နောက်ဆုံး ကျင်းပခဲ့တဲ့ ကာလတွေမှာ ချန်ပီယံဆုတွေကို ဆက်တိုက် ဆိုသလို သိမ်းပိုက်နိုင်ခဲ့ပေမယ့် ကိုဗစ်-၁၉ ကြောင့် အွန်လိုင်း ပြိုင်ပွဲများ အဖြစ် ပြောင်းလဲ ကျင်းပတဲ့ ကာလက စတင်ပြီး ရှုံးနိမ့်မှုတွေနဲ့သာ ဆက်တိုက် ရင်ဆိုင်ခဲ့ရတာကြောင့် Mousesports အဖွဲ့သားတွေနဲ့ mithR တစ်ယောက် အောင်မြင်မှုတွေကို ပြန်လည် ရှာဖွေသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Mousesports CSGO အသင်းရဲ့ လက်ရှိကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Chris “chrisJ” de Jong
  • Robin “ropz” Kool
  • Finn “karrigan” Andersen
  • David “frozen” Cernansky
  • Aurimas “Bymas” Pipiras
  • Torbjorn “mithR” Nyborg (Coach)

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle