ESL Pro League Season 10 – Finals မှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ CSGO အသင်း Mousesports

ESL Pro League Season 10 – Finals မှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ CSGO အသင်း Mousesports

ESL Pro League Season 10 – Finals ဆိုတာကတော့ S-Tier အဆင့်ရှိ CSGO ပြိုင်ပွဲကြီး တစ်ခုပဲ ဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲကြီးကို ဒိန်းမတ်နိုင်ငံ၊ Odense မြို့တော်၊ Odense Congress Center နဲ့ Jyske Bank Arena တို့မှာ ဒီဇင်ဘာလ (၃) ရက်နေ့ကနေ ဒီဇင်ဘာလ (၈) ရက်နေ့အထိ ကျင်းပခဲ့ပြီး စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ ၆ သိန်း ပေးအပ် ချီးမြှင့်ခဲ့ပါတယ်။

ESL Pro League Season 10 – Finals မှာ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ပရိုဖက်ရှင်နယ် CSGO အသင်း (၁၆) သင်း ဝင်ရောက် ယှဥ်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲဝင်အသင်း (၁၆) သင်းကို အုပ်စု နှစ်စု ခွဲခြားသတ်မှတ်ကာ ယှဥ်ပြိုင်ခိုင်းခဲ့တာဖြစ်ပြီး အုပ်စုအေမှ Navi, EG, Fnatic စတဲ့ အသင်းတွေ အနေနဲ့ Play Off အဆင့်ကို တက်ရောက်နိုင်ခဲ့ကာ အုပ်စုဘီမှာတော့ Astralis, Liquid, Mousesports စတဲ့ အသင်းတွေ အနေနဲ့ Play Off အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Playoff အဆင့် ပထမ ပွဲစဥ်မှာ Mousesports အနေနဲ့ လက်ရှိ ကမ္ဘာ့ အဆင့် (၃) မှာ ရပ်တည်နေတဲ့ Evil Geniuses CSGO အသင်းနဲ့ ယှဥ်ပြိုင်ခဲ့ရပြီး (၂-၁) ဆိုတဲ့ ရလဒ်ဖြင့် နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ Evil Geniuses နဲ့ နောက်ဆုံး ယှဥ်ပြိုင်ခဲ့ရတဲ့ Nuke Map မှာ Mouseports အနေနဲ့ EG CSGO အသင်းကို ရမှတ် (၁) မှတ်တောင် ရယူခွင့် ပေးခဲ့ခြင်း မရှိပဲ (16-0) ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ယူကာ အံ့အားသင့်ဖွယ် ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။

Woxic

အကြိုဗိုလ်လုပွဲစဥ်မှာ ESL Pro League Season – 10 Finals မှာ အနိုင်ရ ဗိုလ်စွဲမယ့် အသင်းအဖြစ် ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ အသင်းလည်းဖြစ်၊ ကမ္ဘာ့ အဆင့် (၁) CSGO အသင်းလည်းဖြစ်တဲ့ Astralis နဲ့ ထပ်မံ ယှဥ်ပြိုင်ခဲ့ရပါတယ်။ အဆိုပါ ပွဲစဥ်မှာလည်း Astralis ကို (၂-၁) ဆိုတဲ့ ရလဒ်ဖြင့် ထပ်မံ အနိုင်ယူနိုင်ခဲ့တာကြောင့် ဗိုလ်လုပွဲစဥ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ဗိုလ်လုပွဲစဥ်မှာတော့ ဆွီဒင်နိုင်ငံသားများဖြင့် ဖွဲ့စည်းထားတဲ့ နာမည်ကျော် CSGO အသင်း Fnatic နဲ့ ယှဥ်ပြိုင်ခဲ့ရပါတယ်။ ESL Pro League Season – 10 Finals ဗိုလ်လုပွဲစဥ်ကို Best of 5 Format ဖြင့် ယှဥ်ပြိုင်ခဲ့ရပါတယ်။

Ropz

Best of 5 ပွဲစဥ်ဖြစ်ပေမယ့်လည်း Mousesports အနေနဲ့ Fnatic CSGO အသင်းကို ပထမပွဲစဥ် သုံးပွဲမှာတင် အနိုင်ယူနိုင်ခဲ့တာကြောင့် ESL Pro League Season – 10 Finals ပြိုင်ပွဲကြီးရဲ့ ပထမဆုကို စွတ်ခူးနိုင်ခဲ့သလို ဆုကြေးငွေ ဒေါ်လာ ၂ သိန်းခွဲကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Karrigan

ESL Pro League Season – 10 Finals ပြိုင်ပွဲကြီးရဲ့ ဗိုလ်လုပွဲစဥ်မှာ Mousesports CSGO အသင်းရဲ့ လူငယ်ကစားသမားတွေဖြစ်တဲ့ Woxic နဲ့ Ropz တို့ အနေနဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့သလို Mousesports CSGO အသင်းရဲ့ ကပ္ပတိန်လည်းဖြစ်၊ ပရိတ်သတ် အချစ်တော် ကစားသမား တစ်ဦးလည်းဖြစ်တဲ့ Karrigan အနေနဲ့လည်း Best of 5 ပွဲစဥ်ရဲ့ ဒုတိယမြောက် ပွဲစဥ်မှာ ကောင်းမွန်တဲ့ လက်စွမ်းလက်နတွေကို ပြသနိုင်ခဲ့ပါတယ်။

အခုလို ESL Pro League Season 10 Finals မှာ အနိုင်ရရှိခဲ့တာကြောင့် Mousesports အနေနဲ့ 2020 ခုနှစ်အတွင်းမှာ ကျင်းပသွားမယ့် IEM Katowice 2020 တိုက်ရိုက် ဝင်ရောက် ယှဥ်ပြိုင်ခွင့်ကို ရရှိခဲ့ပြီ ဖြစ်သလို HLTV ရဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာလည်း အဆင့် (၅) အထိ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle