Karrigan အပြင် CrhisJ နေရာမှာပါ အစားထိုးဖို့ ကစားသမားတွေကို ရှာဖွေလျက်ရှိတဲ့ Mousesports CS:GO

နာမည်ကျော် CS:GO အသင်း Mousesports ကတော့ အသင်းကနေ ထွက်ခွာဖို့ အတွက် ရေပန်းစားလျက်ရှိတဲ့ Finn “karrigan” Andersen အပြင် အသင်းရဲ့ AWP ကစားသမားဖြစ်သူ Crhis “chrisJ” de Jong နေရာမှာပါ အစားထိုးဖို့ အတွက် ကစားသမား အသစ်တွေကို ရှာဖွေလျက် ရှိတယ်လို့ သိရပါတယ်။
Re: Karrigan to FaZe rumor
— DeKay (@dekay) November 18, 2020
It has been swirling since NiKo to G2 discussions were ongoing.
I was told recently that if he were to join them, it would be when his contract expires with Mouz in March.
It's possible FaZe buy him, but not likely at this point just yet.
Karrigan အနေနဲ့ Mousesports ဘက်က သက်တမ်းတိုး စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းမှုကို လက်ရှိအချိန်ထိ လက်ခံခြင်း မရှိသေးသလို In-Game Leader လိုအပ်တဲ့ FaZe CSGO အသင်းကို ပြောင်းရွေ့သွားဖွယ် ရှိတယ်လို့ ကောလာဟလတွေ ထွက်ပေါ်လျက်ရှိတာ အချိန်တစ်ခု ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် chrisJ ဟာ ဆိုရင်လည်း ၂၀၂၀ ခုနှစ် အတွင်း ယှဉ်ပြိုင်ခဲ့သမျှ ပြိုင်ပွဲ အများစုမှာ လက်စွမ်းပိုင်း ကျဆင်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး Overall Rating 0.91, Impact Rating 0.85 သာ ရှိခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ထွက်ပေါ်လျက်ရှိတဲ့ သတင်းများ အရ Mousesports အနေနဲ့ Karrigan နေရာမှာ အစားထိုးဖို့ အတွက် Renegades CSGO အသင်းရဲ့ IGL ဖြစ်သူ Christopher “dexter” Nong ကို ခေါ်ယူဖို့ အတွက် စောင့်ကြည့်လျက်ရှိသလို chrisJ နေရာမှာ အစားထိုးဖို့ အတွက်ကိုတော့ Mad Lions CSGO အသင်းရဲ့ AWPER ဖြစ်သူ Frederik “acoR” Gyldstrand နဲ့ ညှိုနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။

acoR အနေနဲ့ MAD Lions CSGO အသင်းကို အောင်မြင်မှုတွေ ရရှိအောင် အဓိက ဦးဆောင်ပေးနိုင်ခဲ့သလို Dexter ဟာ ဆိုရင်လည်း Mousesports CSGO အသင်းရဲ့ နည်းပြဖြစ်သူ Torbjorn “mithR” Nyborg နဲ့ Renegades CSGO အသင်းမှာ အတူ လက်တွဲခဲ့ဖူးတဲ့ ကစားသမား တစ်ဦး ဖြစ်တာကြောင့် ယခုသတင်းဟာ အတော်လေးကို ဖြစ်နိုင်ခြေ ရှိပါတယ်။

လက်ရှိအချိန်မှာ CSGO အပြောင်းအရွေ့ ရာသီ ကုန်ဆုံးဖို့ ရက်သတ္တပတ်ခန့် အနည်းငယ်ခန့် လိုအပ်သေးတာကြောင့် 2021 CSGO ရာသီ ပြန်လည် စတင်ချိန်မှာ Mousesports CSGO အသင်းနဲ့အတူ ဘယ်ကစားသမားတွေကို မြင်တွေ့သွားရမယ် ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
Mousesports CSGO အသင်းရဲ့ ဖြစ်နိုင်ဖွယ် ကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- Robin “ropz” Kool
- David “frozen” Cernansky
- Aurimas “Bymas” Pipiras
- Frederik “acoR” Gyldstrand
- Christopher “dexter” Nong
- Torbjorn “mithR” Nyborg (Coach)
REF: AfkGaming