acoR ကို ခေါ်ယူအားဖြည့်လိုက်တဲ့ Mousesports CSGO

Mousesports CSGO အသင်းကတော့ AWP ကစားသမားဖြစ်သူ ChrisJ ရဲ့ နေရာမှာ အစားထိုး အတွက် MAD Lions CSGO အသင်းရဲ့ လူငယ်ကစားသမားဖြစ်သူ Frederik “acoR” Gyldstrand ကို ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ အသက် ၂၃ နှစ် အရွယ်ရှိ acoR အနေနဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ စတင် ကျင်းပသွားမယ့် CS_Summit 7 ပြိုင်ပွဲမှာ Mousesports ကိုယ်စားပြု ကစားသမား အဖြစ် ပထမဆုံး ပွဲထွက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Please welcome @acoRCS to mouz CS:GO
— mousesports (@mousesports) January 23, 2021
Frederik will strengthen our roster with immediate effect and takes over the position of Chris "ChrisJ" de Jong. The 23-year-old Dane is joining us from Mad Lions and will make his debut at Summit on Monday. #ReadyWillingAble #TeamRazer pic.twitter.com/mak6tlvDbc
“acoR ကို ကျွန်တော်တို့ Mousesports CSGO အသင်း အတွက် ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ acoR အနေနဲ့ ကျွန်တော်တို့ အသင်းရဲ့ AWP ကစားသမားဟောင်းဖြစ်သူ Chris “ChrisJ” De Jong နေရာမှာ ဝင်ရောက် ကစားသွားမှာဖြစ်ပြီး Summit 7 ပြိုင်ပွဲမှာ ပွဲဦးထွက် အဖြစ် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။” လို့ Mousesports ဘက်က ကြေညာသွားခဲ့ပါတယ်။

အသင်းကနေ ထွက်ခွာသွားခဲ့ပြီဖြစ်တဲ့ chrisJ ဟာဆိုရင် Mousesports မှာ ၂၀၁၃ ခုနှစ်ကတည်းက ရှိနေခဲ့တာဖြစ်ပြီး အသင်းကနေ ထွက်ခွာပြီးနောက်ပိုင်း ရှေ့ဆက်သွားမယ့် အစီအစဉ်နဲ့ ပက်သက်ပြီး မကြာခင် အချိန်အတွင်းမှာ ကြေညာပေးသွားမှာ ဖြစ်တယ်လို့ အတည်ပြု ပေးခဲ့ပါတယ်။ လက်ရှိအချိန်မှာ ထွက်ပေါ်လျက်ရှိတဲ့ ကောလာဟလများ အရတော့ chrisJ အနေနဲ့ အသစ်ဖွဲ့စည်းသွားမယ့် FunPlus Phoenix CSGO အသင်းကို ပြောင်းရွေ့သွားဖွယ် ရှိတယ်လို့ သိရပါတယ်။

acoR အနေနဲ့ MAD Lions CSGO အသင်းကို ၂၀၁၉ ခုနှစ် ၁၂ လပိုင်းမှာ ရောက်ရှိခဲ့တာဖြစ်ပြီး အသင်းမှာ ရှိနေခဲ့စဉ် အချိန်အတွင်း တည်ငြိမ်တဲ့ လက်စွမ်းကောင်းတွေကို ပြသနိုင်ခဲ့သလို ပြိုင်ပွဲအချို့မှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်အောင် ကူညီစွမ်းဆောင် ပေးနိုင်ခဲ့တာကြောင့် အခုလို နာမည်ကျော် CSGO အသင်း Mousesports ရဲ့ ခေါ်ယူခြင်းကို ခံယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
“Mousesports ရဲ့ AWP ကစားသမား အဖြစ် ခေါ်ယူခြင်းခံခဲ့ရတဲ့ အတွက် တကယ်ကို စိတ်လှုပ်ရှားမိသလို ဂုဏ်ယူမိပါတယ်။ ကျွန်တော် တတ်စွမ်းသမျှ အစွမ်းကုန် ထုတ်သုံးပြီး အသင်းကို အောင်မြင်မှုတွေ ရရှိအောင်လည်း ကူညီပေးသွားမှာ ဖြစ်ပါတယ်။ Tricekd Esports, MAD Lions တို့မှ အသင်းဖော်ဟောင်းတွေ အားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။” လို့ acoR ကတော့ ပြောကြားသွားခဲ့ပါတယ်။

CS_Summit 7 မှာ ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် Mousesports ရဲ့ ကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- Finn “karrigan” Andersen
- Robbin “ropz” Kool
- David “frozen” Cernansky
- Aurimas “Bymas” Pipiras
- Frederik “acoR” Gyldstrand
- Torbjorn “mithR” Nyborg (Coach)
REF: DotEsports