ရုပ်ရှင်အတူတွဲရိုက်ပေမယ့် ကိုယ့်တွဲဖက်နဲ့ Kiss Scene မရိုက်ချင်တဲ့ သရုပ်ဆောင်များ

ရုပ်ရှင်အတူတွဲရိုက်ပေမယ့် ကိုယ့်တွဲဖက်နဲ့ Kiss Scene မရိုက်ချင်တဲ့ သရုပ်ဆောင်များ

ဟောလိဝုဒ်က သရုပ်ဆောင်တွေဆိုတာ ကမ္ဘာပေါ်မှာချောပေ့လှပေ့လို့ ထင်ရတဲ့သူတွေကြီးပါပဲ။ ချောလို့လှလို့မိုက်လို့ပဲ နာမည်ကြီးတွေဖြစ်လာတာလေ။ သူတို့အလုပ်ကိုက ဆွဲဆောင်မှုရှိတဲ့လူတစ်ယောက်ဖြစ်နေဖို့ လိုအပ်တာကိုး။ ရုပ်ရှင်ကြည့်ပရိသတ်တွေကလည်း ရုပ်ချောချောမင်းသား ၊ မင်းသမီးတွေပါတဲ့ ဇာတ်ကားတွေကို ပိုပြီးတော့ကြည့်ချင်တာ သဘာဝပဲလေ။

တကယ်လို့သာကိုယ့်ကို ဟောလိဝုဒ်က မင်းသားချောချော ၊ မင်းသမီးချောချောက လာကြိုက်မယ်ဆိုလို့ရှိရင် ပျော်လွန်းလို့ သေတောင်သေသွားလောက်တယ်လေ။ ဒါပေမယ့်သူတို့ဆီမှာ ချောတဲ့သူအချင်းချင်းတောင် အကြင်နာမပေးချင်ကြတာရှိတယ်တဲ့တော်။ ဒီလိုဖြစ်တာမျိုးကတော့ရှားပါတယ်။ များသောအားဖြင့်သရုပ်ဆောင်တွေက အလုပ်လုပ်တဲ့အခါ သူတို့ရဲ့ကိုယ်ပိုင်လိုအပ်ချက်တွေ ၊ ခံစားချက်တွေကို ဘေးခေါက်ထားတတ်တယ်လေ။ ကိုယ့်တွဲဖက်သရုပ်ဆောင်တွေနဲ့ Kissing မဆွဲချင်တဲ့ သရုပ်ဆောင်တွေက

Kristen Stewart နဲ့ Taylor Lautner
Twilight ဇာတ်ကားမှာ Bella တစ်ယောက် Batman ဘဝပြောင်းသွားပြီဖြစ်တဲ့ Robert Pattinson နဲ့ နှစ်ပါးသွားတဲ့ ဇာတ်လေးဖြစ်သွားတာပဲ ကျေးဇူးတင်ရမယ်။ အစတုန်းကသူ့မှာ Werewolf ပဲ ကြိုက်ရမလိုလို Vampire ပဲ ကြိုက်ရမလိုလိုဖြစ်နေခဲ့တာကိုး။ Kristen Stewart အတွက်တော့ Werewolf Jacob အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Taylor Lautner ကို Kiss ပေးရတဲ့အခန်းတွေသရုပ်ဆောင်ရတာ အရမ်းခက်ခဲခဲ့ပါတယ်။ သူ့အတွက် Taylor ကို အကြင်နာပေးဖို့ခက်ခဲနေရတာက Bella ရဲ့ ဇာတ်ကောင်အနေနဲ့ Taylor ကို အကြင်နာပေးတာက Bella ရဲ့ဖြစ်တည်မှုကြီးနဲ့ လုံးဝဆန့်ကျင်ဖက်ဖြစ်နေလို့ပါတဲ့။ Bella ရဲ့ဖြစ်တည်မှုနဲ့ဘယ်လိုဆန့်ကျင်သွားတယ်တော့ မသိဘူး။ ဒါပေမယ့်သူ Taylor ကို အကြင်နာမပေးချင်ခဲ့တာတော့ သေချာတယ်။ ဒါကြောင့်ပဲ Robert နဲ့ အပြင်မှာ ကြိုက်သွားတာနေမယ်။

Thandie Newton နဲ့ Tom Cruise
Tom Cruise ကို ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးလို့ လက်ခံထားတဲ့သူတွေ တောင်လိုပုံနေမှာသေချာပါတယ်။ Tom Cruise က သရုပ်ဆောင်လည်းကောင်းသလို ရုပ်လည်းချောတဲ့ မင်းသားကြီးတစ်လက်ပေါ့။ သူ့လိုနာမည်ကြီးမင်းသားနဲ့အတူတွဲပြီး သရုပ်ဆောင်ချင်တဲ့သူတွေလည်း ဝိုင်းဝိုင်းလည်နေလောက်မယ်ထင်ပါတယ်။ ဒါပေမယ့် Mission Impossible II ရိုက်တုန်းက တွဲဖက်သရုပ်ဆောင်မင်းသမီး Thandie Newton က Tom Cruise နဲ့ Kissing ဆွဲတဲ့အခန်းတွေရိုက်ရတာကို မကြိုက်ခဲ့ပါဘူးတဲ့။ သူ့အတွက်တော့ Tom Cruise ရဲ့ Kissing Style က မမိုက်ဘူးလို့ခံစားရတယ်တဲ့။ အဲဒါအပြင် Tom Cruise က Sloppy Kisser ဖြစ်တာကြောင့် လုံးဝကိုအဆင်မပြေပါဘူးလို့ ပြောခဲ့ပါတယ်။

Dakota Johnson နဲ့ Jamie Dornan
Kissing ဆွဲရတာမကြိုက်တဲ့ ရုပ်ရှင်ထဲက စုံတွဲတွေအကြောင်းပြောနေတဲ့အချိန်မှာ ဒီနှစ်ယောက်ရဲ့နာမည်ကို ထည့်ပြောရတာက ဟာသကြီးလိုလိုတောင်ဖြစ်နေမယ်ထင်တယ်။ ဒီနှစ်ယောက်က Kissing ဆွဲရတာမကြိုက်ဘူးလားလို့တောင် ပြန်တွဲယူရတဲ့အထိပါပဲ။ သူတို့နှစ်ယောက်က Fifty Shades of Grey ဇာတ်ကားနဲ့ လူတွေကိုအသည်းတွေယားအောင်လို့ သရုပ်ဆောင်ပြခဲ့တာလေ။ သူတို့ရဲ့ Passionate ဖြစ်လွန်းတဲ့ ချစ်ခန်းကြိုက်ခန်းတွေမှာ သရုပ်ဆောင်ပီပြင်လွန်းပေမယ့် ကြားရတဲ့အတိုင်းဆို နှစ်ယောက်လုံးက အကြင်နာပေးရတဲ့ စက္ကန့်တိုင်းကို မုန်းပါတယ်တဲ့။ သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်လည်း အရမ်းမုန်းကြပြီးတော့ Pree Tour မှာဆိုလည်း ကြောင်တောင်တော်ငတွေဖြစ်နေကြတာတဲ့။ ဒါကြောင့်ဝေဖန်သူတွေပြောတာက သူတို့သရုပ်ဆောင်ခဲ့တဲ့ဇာတ်ကားမှာ Kiss နေတာတွေကလွဲရင် သမီးရည်းစားတွေကြားမှာရှိရမယ့် နွေးထွေးမှုတွေဘာတွေ မရှိဘူးတဲ့။

Emma Watson နဲ့ Rupert Grint
Emma Watson နဲ့ Rupert Grint တို့နှစ်ယောက်ရဲ့ Harry Potter ဇာတ်လမ်းတွဲက အချစ်ဇာတ်လမ်းလေးမှာ ချစ်ဖို့ကောင်းသလောက်  Kiss Scene ရိုက်ခဲ့ရတာကို မကြိုက်ပါဘူးတဲ့။ Rupert က Emma အသက် ၉ နှစ်လောက်တည်းက သိခဲ့တာဆိုတော့ သူနဲ့ Emma ကြားက ဆက်ဆံရေးက မောင်နှမဆက်ဆံရေးလိုပဲတဲ့။ ဒါကြောင့် Emma နဲ့ Kiss ရတာ အိမ်မက်ဆန်ဆန်ဖြစ်နေသလို ၊ သဘာဝမကျဘူးလို့လည်းခံစားရတယ်တဲ့။ Rupert ပြောပြတာက Emma ရဲ့ မျက်နှာ သူ့နားကိုတိုးတိုးလာတဲ့အချိန်မှာ ဘုရားရေ ဘုရားရေလို့ စိတ်ထဲမှာတပြီးနောက်ပိုင်း ဘာဖြစ်သွားလဲဆိုတာတောင် မမှတ်မိတော့ဘူးတဲ့။ နောက်ပိုင်း အဲဒီနမ်းတဲ့အခန်းကို သူဘယ်တော့မှမကြည့်တော့ပါဘူးတဲ့။ Emma က လည်း Rupert ကို နမ်းရတဲ့အခန်းကို တခမ်းတနားတွေမပြောဘဲ ကြောင်တောင်တောင်နိုင်လွန်းတယ်လို့ပဲ ပြောခဲ့ပါတယ်။ ( Ouch) ကိုယ့်သူငယ်ချင်းကိုယ်ပြန်နမ်းရင် စိတ်ထဲတစ်မျိုးကြီးတော့ဖြစ်မှာပဲ။

Ryan Gosling နဲ့ Rachel McAdams
ဒီနှစ်ယောက်က အချစ်ကားကြိုက်တဲ့သူတိုင်းရဲ့ နှလုံးသားတွေကို အရမ်းကြွေကွဲဝမ်းနည်းပြီး ကြည်နူးဖို့ကောင်းတဲ့ဇာတ်လေးနဲ့ သိမ်းသွင်းခဲ့တဲ့နှစ်ယောက်ပေါ့။ The Notebook ဇာတ်ကားထဲက ခေါင်းဆောင်မင်းသား Ryan နဲ့ ခေါင်းဆောင်မင်းသမီး Rachel တို့က ဇာတ်လမ်းထဲမှာတော့ သိပ်သိပ်ချစ်ကြတဲ့ စုံတွဲလေးဖြစ်ရင်ဖြစ်မယ်။ ဒါပေမယ့် တကယ်တမ်း အပြင်လောကမှာ နှစ်ယောက်သားက အရမ်းကိုမုန်းကြပါတယ်တဲ့။ သူတို့ကြားကမုန်းတီးရေးက ဘယ်လောက်တောင်ဆိုးလဲဆိုတော့ Ryan က Rachel နေရာမှာ တခြားမင်းသမီးပြောင်းပြီး ရိုက်ပေးဖို့တောင် တောင်းဆိုခဲ့တဲ့အဆင့်အထိပါတဲ့။ ဒါကြောင့် နမ်းတဲ့အခန်းကိုကြိုက်ဖို့ဆိုတာတော့ ဝေလာဝေးပေါ့နော်။ နှစ်ယောက်သားမုန်းလွန်းပေလို့ပဲ နမ်းလိုက်တာ ရိုလိုက်တာဆိုတာ ကြည့်ရတဲ့သူတွေရင်တွေခုန်လို့ ပြုတ်ထွက်မတတ်ပါဘဲနော်။ (ဟောဟော)

နောက်ဆုံးအနေနဲ့သိလိုက်ရတာက သူတို့တွေတစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်မုန်းမုန်း ၊ ဘယ်လိုမတည့်မတည့် ၊ အလုပ်ကိုအလုပ် သူ့အခန်းကဏ္ဍနဲ့သူထားပြီးနေတာကြောင့် နမ်းရတာမကြိုက်ဘူးဆိုတာတောင် မသိသာအောင် သရုပ်ဆောင်နိုင်ခဲ့ကြတယ်လို့ ထင်ပါတယ်။

Photo Credit: Independent

Source: Screen Rant

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle