ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်အနေနဲ့ ကြည့်သင့်တဲ့ရုပ်ရှင်ဇာတ်ကားလေးတွေက

ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်အနေနဲ့ ကြည့်သင့်တဲ့ရုပ်ရှင်ဇာတ်ကားလေးတွေက

အခုလိုအခြေနေမျိုးမှာ အပြင်တွေလည်းမထွက်ရဘူး၊စိတ်ဓာတ်တွေကလည်းကျနေတယ်၊ ဘာမှလည်းမလုပ်ချင်ဘူးဆိုရင် ဘဝရဲ့အချိန်တွေက ကိုယ့်အတွက်စိတ်ခွန်အားဖြစ်စေတဲ့ ရုပ်ရှင်လေးတွေကြည့်ပြီး ခွန်အားတွေရေစချင်ပါတယ်။ အခုမျှေဝပေးထားတဲ့ ဇာတ်ကားလေးတွေက လူတစ်ယောက်ရဲ့ လုပ်နိုင်စွမ်းအားကို ဖော်ကြူးပြသထားပြီး၊ ဘဝကိုလွယ်လွယ်နဲ့အရှုံးမပေးသင့်ဘူးဆိုတဲ့ အကြောင်းအရာလေးတွေပါဝင်တယ်။ ပေါ့ပေါ့ပါးပါးနဲ့ လေ့လာစရာကောင်းတဲ့ဇာတ်လမ်းလေးတေွဖြစ်တဲ့အတွက် ဆယ်ကျော်သက်တစ်ယောက်ဆိုရင်တော့ ကြည့်ကိုကြည့်သင့်ပါတယ်။
Skater Girl
ဒီဇာတ်ကားလေးက မိန်းကလေးနှစ်ယောက်ရဲ့ကြိုးပမ်းအားထုပ်မှုကိုအဓိက ရိုက်ကူးထားပြီး၊အိန္ဒိယ
ယဉ်အလေ့အထတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ Jessica ဆိုတာအမျိုးသမီးတစ်ဦးက လန်ဒန်မြို့ကနေ သူ့အဖေရဲ့ဇာတိမြို့လေးကိုလာရောက်လည်ပတ်ခဲ့ပါတယ်။ အဲ့အချိန်မှာ Prerna လို့ခေါ်တဲ့ကောင်မလေးနဲ့မထင်မှတ်ပဲတွေ့ဆုံခဲ့ပါတယ်။ အရွယ်နဲ့မလိုက်အောင် အိမ်မှုကိစ္စတွေကိုတာဝန်ယူနေရပြီး အဖေကလည်းစည်းကမ်းကြီးတဲ့အဖေမျိုးဖြစ်ပါတယ်။ Prena နဲ့ သူ့မောင်လေးပြုလုပ်ထားတဲ့ စကိတ်ဘုတ်လိုမျိုးအရာကို Jessica ကတွေ့သွားပြီး ဒီရွာကကလေးတွေအတွက် တစ်ခုခုလုပ်ပေးဖို့အတွက် ဖြစ်လာခဲ့ပါတယ်။
ကလေးများစကိတ်ဘုတ်များနှင့်စကိတ်ကိရိယာများကိုဝယ်ယူရန်စီမံတယ်။ Prena ကစကတ်စီးနေရင်သူမဘဝရဲ့လွတ်လပ်မှုကိုခံစားရပြီး သူဘဝရဲ့အရသာကိုလည်း သူမကိုယ်တိုင်ပုံဖော်လိုက်သလိုလည်းဖြစ်ပါတယ်။  နောက်ပိုင်းမှာ တစ်စစကြီးမားလာတဲ့ သူမရဲ့၀ါသနာနဲ့  စည်းကမ်းတင်းကြပ်တဲ့မိသားစုမှာကြီးပြင်းလာတဲ့ အိန္ဒိယလူမျိုးနွယ်စုအတွက် အရှုံးမပေးပဲ ဘယ်လိုရင်ဆိုင်ခဲ့လည်းဆိုတာမြင်တေွ့ရမှာဖြစ်ပါတယ်။


Lady Bird
ဆယ်ကျော်သက်တစ်ဦးရဲ့ စိတ်ခံစားချက်တေွကို အခြေခံရိုက်ကူးထားပြီး၊ မိဘနဲ့သားသမီးကြားမှာဖြစ်တတ်တဲ့ အရာတေွကိုလည်းပြသထားပါတယ်။Lady Bird က သူမရဲ့ ဘ၀မှာ သူမဖြစ်ချင်တာတေွနဲ့ပတ်သက်ပြီး ဘယ်လောက်ထိစိတ်အားထက်သန်လဲဆိုတာကို အတုယူစရာတစ်ခုအနေနဲ့ သင်ကဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ဆိုရင်ကြည့်ကိုကြည့်သင့်ပါတယ်။


Moxie
Moxie ဇာတ်ကားလေးက ဆယ်ကျော်သက်ကောင်မလေးတွေနဲ့ မိဘတေွကြားမှာရှိတဲ့ Handle လုပ်ရခက်တဲ့အရာလေးတေွကိုပြသထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ဆယ်ကျော်သက်အရွယ်တေွမှာ မိဘကိုအကုန်တိုင်ပင်ရမယ် မိဘကဒီလိုဆိုရင် ဒါကိုလုပ်ကိုလုပ်ရမယ် အဲလိုမျိုးအခြေအနေတေွပေါ့နော်။ Gender Equality ကဘယ်လောက်တောင်အရေးပါလဲဆိုတာကိုလည်းပြသထားပါတယ်။

cali - Akhayar Lifestyle

Photo Credit - Pinterest

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle